လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ပြီး ထူးကဲအအေးပိုလာမယ့် ဒေသများ

လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ပြီး ထူးကဲအအေးပိုလာမယ့် ဒေသများ

လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်ပြီး ထူးကဲ အအေးပိုလာမယ့် ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ ထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်အရ ” ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး ဗီယက်နမ် လာအို ကမ္ဘောဒီးယား ထိုင်း အစရှိတဲ့ ဒေသတွေမှာ ထူးကဲအအေးပိုနိုင်ပါတယ်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသတွေမှာလည်း ညအပူချိန်များကျဆင်းလာဖွယ်ရှိပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ၁၉ ရက်နေ့တွေမှာ ချင်းပြည်နယ်နှင့် ထီးလင်း ဂန့်ဂေါ ကလေး မော်လိုက် ခမ်းပတ် တမူး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မိုးရွာနိုင်ပြီး အအေးပိုလာပါလိမ့်မယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာ ဘုတလင် ကနီ မင်းကင်း ကလေးဝ ကလေး တန့်ဆည် ကျွန်းလှ ကန့်ဘလူ ထန်းတပင် ဇီးကုန်း ဒီပဲယင်း ရေဦး ခင်ဦး ကျောက်မြောင်း ရွှေဘို ဟံလင်း ဝက်လက် ဆားတောင် အရာတော် ချောင်းဦး မြင်းမူ ရွာသစ်ကြီး နှင့် စစ်ကိုင်းမြို့တို့တွင် နေရာကွက်ကျား ထစ်ခြူန်းမိုးတွေအနည်းငယ်ရွာနိုင်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်ခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင်

မွန်ပြည်နယ် ရေးခရိုင် သထုံခရိုင် ပဲခူးတိုင်း ပဲခူးခရိုင် ညောင်လေပင်ခရိုင်နှင့် ရန်ကုန်တိုင်းဒေသတွေမှာ နေရာကွက်ကျားထစ်ခြုံးမိုးရွာနိုင်ပါတယ်။

၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီး သိရိလင်္ကာနိုင်ငံနှင့် အိန္ဒယနိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်နိုင်ပါတယ” ဆိုပြီး ထုတ်ပြန်ပေးထားပါတယ်။

Crd

Zawgyi

လာမယ့္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွ စတင္ၿပီး ထူးကဲအေအးပိုလာမယ့္ ေဒသမ်ား

လာမယ့္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွစတင္ၿပီး ထူးကဲ အေအးပိုလာမယ့္ ေဒသမ်ားအတြက္ မိုးေလဝသဆရာမေလး စုစုစံမွ ထုတ္ျပန္ေပးထားပါတယ္။

ထုတ္ျပန္ခ်က္အရ ” ဒီဇင္ဘာလ ၁၇ ရက္ေန႔မွ ၂၀ ရက္ေန႔အတြင္း တနသၤာရီတိုင္းေဒသႀကီး ဗီယက္နမ္ လာအို ကေမာၻဒီးယား ထိုင္း အစရွိတဲ့ ေဒသေတြမွာ ထူးကဲအေအးပိုႏိုင္ပါတယ္။ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ေဒသေတြမွာလည္း ညအပူခ်ိန္မ်ားက်ဆင္းလာဖြယ္ရွိပါတယ္။

ဒီဇင္ဘာ ၁၈ ရက္ ၁၉ ရက္ေန႔ေတြမွာ ခ်င္းျပည္နယ္ႏွင့္ ထီးလင္း ဂန႔္ေဂါ ကေလး ေမာ္လိုက္ ခမ္းပတ္ တမူး ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအထက္ပိုင္း ေဒသမ်ားတြင္ မိုး႐ြာႏိုင္ၿပီး အေအးပိုလာပါလိမ့္မယ္။

ဒီဇင္ဘာလ ၁၈ ရက္ေန႔တြင္ မုံ႐ြာ ဘုတလင္ ကနီ မင္းကင္း ကေလးဝ ကေလး တန႔္ဆည္ ကြၽန္းလွ ကန႔္ဘလူ ထန္းတပင္ ဇီးကုန္း ဒီပဲယင္း ေရဦး ခင္ဦး ေက်ာက္ေျမာင္း ေ႐ႊဘို ဟံလင္း ဝက္လက္ ဆားေတာင္ အရာေတာ္ ေခ်ာင္းဦး ျမင္းမူ ႐ြာသစ္ႀကီး ႏွင့္ စစ္ကိုင္းၿမိဳ႕တို႔တြင္ ေနရာကြက္က်ား ထစ္ျခဴန္းမိုးေတြအနည္းငယ္႐ြာႏိုင္ပါတယ္။

ဒီဇင္ဘာလ ၁၃ ရက္ေန႔တြင္ ဧရာဝတီတိုင္း ပုသိမ္ခ႐ိုင္ လပြတၱာခ႐ိုင္ ဖ်ာပုံခ႐ိုင္ မအူပင္ခ႐ိုင္

မြန္ျပည္နယ္ ေရးခ႐ိုင္ သထုံခ႐ိုင္ ပဲခူးတိုင္း ပဲခူးခ႐ိုင္ ေညာင္ေလပင္ခ႐ိုင္ႏွင့္ ရန္ကုန္တိုင္းေဒသေတြမွာ ေနရာကြက္က်ားထစ္ၿခဳံးမိုး႐ြာႏိုင္ပါတယ္။

၂၀၂၂ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွ ၂၀ ရက္ေန႔အတြင္း ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ မုန္တိုင္းငယ္တစ္လုံးျဖစ္ေပၚလာႏိုင္ၿပီး သိရိလကၤာႏိုင္ငံႏွင့္ အိႏၵယႏိုင္ငံေတာင္ပိုင္းကိုဝင္ေရာက္တိုက္ခိုက္ႏိုင္ပါတယ” ဆိုၿပီး ထုတ္ျပန္ေပးထားပါတယ္။

Crd