
ဖားကန့် (သို့မဟုတ်) မြန်မာပြည်ထဲက ကျိန်စာသင့်ရာ ရတနာမြေ …
မြန်မာပြည်မှာ ဖားကန့်လောက် သူဌေးပေါတာ ဖားကန့်ပဲ ရှိတယ်။
ဖားကန့်မြို့ဟာ လူဦးရေ ငါးသိန်းလောက် ရှိမယ်လို့ ခန့်မှန်းနိုင်တယ်။ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ငွေကြေး စီးဆင်းရာ အရင်းအမြစ်ကြီးပဲ။
၂၀၁၄ Global Witness စာရင်းအရ အဲ့နှစ်ကျောက်စိမ်းဝင်ငွေဟာ ဒေါ်လာဘီလျံ ၂၀ ကျော်လို့ ဆိုတယ်။ တစ်ဘီလျံမှာ သန်းတစ်ထောင် ၂၀ ဘီလျံဆို သန်းနှစ်သောင်း။
သန်းနှစ်သောင်းကို လက်ရှိဒေါ်လာဈေးနဲ့တွက်ရင် ဂဏန်းပေါင်းစက် ဆန့်မယ် မထင်ဘူး။ ဖားကန့်ရဲ့ ငွေကြေးလည်ပတ်အားဟာ ကြောက်ခမန်းလိလိပါ။
လက်ရှိ မြန်မာပြည်ရဲ့ ပထမတန်းစား ဇိမ်ခံကားမျိုးဖြစ်တဲ့ Land Cruiser တွေဟာ မြန်မာ တစ်နိုင်ငံလုံးထက် ဖားကန့်မှာ ပိုပေါပါတယ်။
နွားလှည်းလမ်းထက် ဆိုးတဲ့ မှော်ထဲလမ်း ဖုံတထောင်းထောင်းကြားက ထွက်ထွက်လာတတ်တဲ့ Lexus lx570 နောက်ဆုံးပေါ် မော်ဒယ်ကားတွေဟာ ဖားကန့်ရဲ့ မြင်တွေ့နေကျ ပုံစံမျိုးတွေပါပဲ။
ကားအကောင်းစားတွေ အဝတ်အစားအကောင်းစားတွေ မြန်မာပြည်ရဲ့ဇိမ်ခံ Luxury Brand မှန်သမျှ ဖားကန့်ဟာ ကြီးမားတဲ့ ဈေးကွက်ကြီးပါ။
လေးငါးသိန်းတန် Boss အင်္ကျီတွေ သိန်းနှစ်ဆယ် သုံးဆယ်တန် သားရေဂျာကင်တွေ သိန်းပေါင်းများစွာ တန်တဲ့ ရေမွှေးတွေ နောက်ဆုံးပေါ်ဖုန်းတွေ ရွှေငွေလက်ဝတ်ရတနာတွေဟာ ဖားကန့် လူတန်းစားတွေအတွက် သမရိုးကျ အသုံးအဆောင်တွေလိုပါပဲ။
ဖားကန့်ဟာ ပိုက်ဆံ ပေါပါတယ်။ သူဌေး ပေါပါတယ်။ ဒါပေမဲ့ ဖားကန့်မှာ အလွန်ရှားပါးတာဟာ ကိုယ်ကျင့်တရားပါပဲ။
ဖားကန့်မြို့နယ် တစ်ခုလုံးမှာ စာကြည့်တိုက်ဆယ်ခုပြည့်အောင် မရှိပါဘူး။ ဒါပေမဲ့ ဖာခန်းကတော့ ရာဂဏန်းလောက် ရှိမယ် ထင်ပါတယ်။
လူငယ်တွေအတွက် လူငယ်စင်တာမျိုး ကြားဖူးသလောက် ရှရော်ခမှာ ရှိတာပဲ ကြားဖူးပါတယ်။
4 ခန်း ဘိန်းခန်းတွေကတော့ မှော်ပေါင်း ရာချီရှိတဲ့ ဖားကန့်ဒေသမှာ မှော်တိုင်း 4 ခန်း ဘိန်းခန်းတွေ ဟီးထနေအောင် ရှိပါတယ်။
ကျောင်းတွေဟာ KTV လောက်တောင် မကျယ်ပါဘူး။ ပညာသင်ဖို့အတွက် ပြဿနာတွေ ကြုံတွေ့နေကြရပေမယ့် KTV တွေကိုတော့ အတားအဆီးမရှိ ပိတ်ရက်မရှိသွားရောက် ပျော်ပါးနိုင်ပါတယ်။
ဖားကန့်ဒေသမှာ ဖာခန်းဆိုတာ သူများမြို့တွေလို သိုသိုသိပ်သိပ် မဟုတ်ပါဘူး။ မီးရောင်စုံတွေနဲ့ လမ်းမကြီးဘေးမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ဖွင့်ကြတာပါ။
ဖာခန်းကို မီးပြောင်ပြောင်နဲ့ ဖွင့်လို့ရပေမယ့် ဒေသတွင်း လူငယ်တွေ စာရိတ္တ တိုးတက်ကောင်းမွန်ဖို့ အတွက်ကတော့ အိမ်ခန်းအစုတ်လေးတောင် နေရာ မရှိတာ ဖားကန့်ပါ။
လက်ရှိ ဖားကန့်မှာ အာဏာရှိနေသူများဟာ ဖားကန့် ဒေသခံများ မဟုတ်တာ များပါတယ်။ အခြားဒေသမှ သူများသာ ဖြစ်ပါတယ်။ တောဘက် မြို့ဘက် ဘယ်ဘက်ပဲ ကြည့်ကြည့်ပါ။
ဖားကန့်ဒေသမှာ မွေးဖွား ကြီးပြင်းသူ စစ်စစ်များကို တွေ့ချင်ရင် စစ်ပြေးစခန်းကို သွားပါ။ အဲ့မှာ အများစု တွေ့နိုင်ပါတယ်။ ပြီးရင် ဖားကန့်ဒေသမှာ ကြီးပွါး ချမ်းသာနေကြသူတွေဟာလည်း ဒေသခံ စစ်စစ်များ အင်မတန်နည်းပါတယ်။
တစ်ချိန်က ဖားကန့်ဒေသကို ပိုင်ဆိုင်ခဲ့တဲ့ ကံဆီး မျိုးဆက်များမှာတောင် သာမန်အဆင့်လောက်သာ ကျန်တော့တာ ကြည့်ရင် ဖားကန့်ဟာ အင်မတန် ရင်နာစရာ ကောင်းပါတယ်။
ကားကောင်းကြီးတွေ အင်မတန် ပေါသလောက် ကားလမ်းကောင်းကောင်း လုံးဝမရှိတာ ဖားကန့်ပါပဲ။ ဖားကန့် – ကားမိုင်း လမ်းဟာ (၁၅)ရာစုလောက်က ရောမ လမ်းတွေလောက်တောင် အဆင့်မရှိတဲ့ ကမ္ဘာ့အဆိုးရွားဆုံး လမ်းပါပဲ။
လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသလို ပညာရေး၊ ကျန်းမာရေး အင်မတန် နိမ့်ကျပါတယ်။ အခုဆို Internet လိုင်းပါ ဖြတ်ထားတဲ့အတွက် ခေတ်ဟာ ပိုနောက်ကျနေဦးမှာ ဖားကန့်ပါပဲ။
ဖားကန့်မှာ ဘုန်းကြီးကျောင်းတွေ ပေါပါတယ်။ အားလုံးနီးနီး ကျောင်းတစ်ဝက် ရောင်းစားထားကြပါတယ်။ ဘုရားကျောင်းတွေ ပေါပါတယ်။ ဘုရားကျောင်းတိုင်း စီးပွါးရေး လုပ်ပါတယ်။
လူတွေဟာ ပိုက်ဆံ ချမ်းသာလာကြတဲ့အခါ အများစုက ဘာတွေ လုပ်တတ်ကြလဲ ဖားကန့်ကို ကြည့်ရင် သိနိုင်ပါတယ်။ ဖာခန်းသွားမယ်၊ အနှိပ်ခန်း သွားမယ်၊ 4 ခန်း သွားမယ်၊ KTV သွားမယ်။
ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေ သွားတဲ့လူထက် ဖာခန်း၊ အနှိပ်ခန်းသွားတဲ့လူ ပိုများပါတယ်။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ကောင်းဖို့ နေရာတွေမှာ သုံးကြတာထက် လီးသရမ်းဖို့ ကုန်တဲ့ ပိုက်ဆံတွေက အဆပေါင်းများစွာ ပိုပါတယ်။
ဖားကန့်မှာ ပါကင်ဈေးကွက်ဆိုတာ ရှိပါတယ်။ ကောင်မလေး ငယ်ငယ်လေးတွေ ပါကင်ဖောက်ရင် ဘယ်လောက် ဆိုတာမျိုးပါ။ သိန်းလေးငါးဆယ်ပေးပြီး ချကြတဲ့ကောင်တွေ အများကြီးပါ။
ဘယ်မော်ဒယ်က တစ်ည ဘယ်လောက်ဆိုတာမျိုးကလည်း ဖားကန့်က အားပေးမှုအင်မတန် ကောင်းပါတယ်။ တစ်ည သိန်းနှစ်ဆယ် သုံးဆယ်တန် ဆိုတာတွေ ဖားကန့်မှာ အလုပ် ဖြစ်ပါတယ်။
ဖားကန့်ဟာ ကောင်းမွန်တဲ့ ရပ်ဝန်းတစ်ခုမဟုတ်တာ အမှန်ပါပဲ။ ဖားကန့်ဟာ သိပ်သနားစရာ ကောင်းပါတယ်။
ဖားကန့်ဟာ အမြဲ ရမ္မက်ခိုးတွေ ဝေနေတဲ့မြို့ပါ။ သူကတော့ ပေးလိုက်ရတာ သူ့ရင်ခွင်ထဲက ရတနာတွေ သူ ပြန်ရလိုက်တာက လောဘတွေ တဏှာတွေ ဒဏ်ရာတွေပါပဲ။
အဆင်ပြေတဲ့ တစ်နေ့တော့ အလှဆင်ပေးပါမယ် ပြောတဲ့ Z ဒီးလာလည်း သူ့ကတိ တည်နိုင်တော့မှာ မဟုတ်တော့ပါဘူး။
Credit … Hkun Naung
Zawgyi
ဖားကန႔္ (သို႔မဟုတ္) ျမန္မာျပည္ထဲက က်ိန္စာသင့္ရာ ရတနာေျမ …
ျမန္မာျပည္မွာ ဖားကန္႔ေလာက္ သူေဌးေပါတာ ဖားကန္႔ပဲ ရွိတယ္။
ဖားကန္႔ၿမိဳ႕ဟာ လူဦးေရ ငါးသိန္းေလာက္ ရွိမယ္လို႔ ခန္႔မွန္းႏိုင္တယ္။ ျမန္မာႏိုင္ငံရဲ႕အႀကီးမားဆုံး ေငြေၾကး စီးဆင္းရာ အရင္းအျမစ္ႀကီးပဲ။
၂၀၁၄ Global Witness စာရင္းအရ အဲ့ႏွစ္ေက်ာက္စိမ္းဝင္ေငြဟာ ေဒၚလာဘီလ်ံ ၂၀ ေက်ာ္လို႔ ဆိုတယ္။ တစ္ဘီလ်ံမွာ သန္းတစ္ေထာင္ ၂၀ ဘီလ်ံဆို သန္းႏွစ္ေသာင္း။
သန္းႏွစ္ေသာင္းကို လက္ရွိေဒၚလာေစ်းနဲ႔တြက္ရင္ ဂဏန္းေပါင္းစက္ ဆန္႔မယ္ မထင္ဘူး။ ဖားကန္႔ရဲ႕ ေငြေၾကးလည္ပတ္အားဟာ ေၾကာက္ခမန္းလိလိပါ။
လက္ရွိ ျမန္မာျပည္ရဲ႕ ပထမတန္းစား ဇိမ္ခံကားမ်ိဳးျဖစ္တဲ့ Land Cruiser ေတြဟာ ျမန္မာ တစ္ႏိုင္ငံလုံးထက္ ဖားကန္႔မွာ ပိုေပါပါတယ္။
ႏြားလွည္းလမ္းထက္ ဆိုးတဲ့ ေမွာ္ထဲလမ္း ဖုံတေထာင္းေထာင္းၾကားက ထြက္ထြက္လာတတ္တဲ့ Lexus lx570 ေနာက္ဆုံးေပၚ ေမာ္ဒယ္ကားေတြဟာ ဖားကန္႔ရဲ႕ ျမင္ေတြ႕ေနက် ပုံစံမ်ိဳးေတြပါပဲ။
ကားအေကာင္းစားေတြ အဝတ္အစားအေကာင္းစားေတြ ျမန္မာျပည္ရဲ႕ဇိမ္ခံ Luxury Brand မွန္သမွ် ဖားကန္႔ဟာ ႀကီးမားတဲ့ ေစ်းကြက္ႀကီးပါ။
ေလးငါးသိန္းတန္ Boss အက်ႌေတြ သိန္းႏွစ္ဆယ္ သုံးဆယ္တန္ သားေရဂ်ာကင္ေတြ သိန္းေပါင္းမ်ားစြာ တန္တဲ့ ေရေမႊးေတြ ေနာက္ဆုံးေပၚဖုန္းေတြ ေ႐ႊေငြလက္ဝတ္ရတနာေတြဟာ ဖားကန္႔ လူတန္းစားေတြအတြက္ သမ႐ိုးက် အသုံးအေဆာင္ေတြလိုပါပဲ။
ဖားကန္႔ဟာ ပိုက္ဆံ ေပါပါတယ္။ သူေဌး ေပါပါတယ္။ ဒါေပမဲ့ ဖားကန္႔မွာ အလြန္ရွားပါးတာဟာ ကိုယ္က်င့္တရားပါပဲ။
ဖားကန္႔ၿမိဳ႕နယ္ တစ္ခုလုံးမွာ စာၾကည့္တိုက္ဆယ္ခုျပည့္ေအာင္ မရွိပါဘူး။ ဒါေပမဲ့ ဖာခန္းကေတာ့ ရာဂဏန္းေလာက္ ရွိမယ္ ထင္ပါတယ္။
လူငယ္ေတြအတြက္ လူငယ္စင္တာမ်ိဳး ၾကားဖူးသေလာက္ ရွေရာ္ခမွာ ရွိတာပဲ ၾကားဖူးပါတယ္။
4 ခန္း ဘိန္းခန္းေတြကေတာ့ ေမွာ္ေပါင္း ရာခ်ီရွိတဲ့ ဖားကန္႔ေဒသမွာ ေမွာ္တိုင္း 4 ခန္း ဘိန္းခန္းေတြ ဟီးထေနေအာင္ ရွိပါတယ္။
ေက်ာင္းေတြဟာ KTV ေလာက္ေတာင္ မက်ယ္ပါဘူး။ ပညာသင္ဖို႔အတြက္ ျပႆနာေတြ ႀကဳံေတြ႕ေနၾကရေပမယ့္ KTV ေတြကိုေတာ့ အတားအဆီးမရွိ ပိတ္ရက္မရွိသြားေရာက္ ေပ်ာ္ပါးႏိုင္ပါတယ္။
ဖားကန္႔ေဒသမွာ ဖာခန္းဆိုတာ သူမ်ားၿမိဳ႕ေတြလို သိုသိုသိပ္သိပ္ မဟုတ္ပါဘူး။ မီးေရာင္စုံေတြနဲ႔ လမ္းမႀကီးေဘးမွာ အိမ္တစ္ေဆာင္ မီးတစ္ေျပာင္နဲ႔ ဖြင့္ၾကတာပါ။
ဖာခန္းကို မီးေျပာင္ေျပာင္နဲ႔ ဖြင့္လို႔ရေပမယ့္ ေဒသတြင္း လူငယ္ေတြ စာရိတၱ တိုးတက္ေကာင္းမြန္ဖို႔ အတြက္ကေတာ့ အိမ္ခန္းအစုတ္ေလးေတာင္ ေနရာ မရွိတာ ဖားကန္႔ပါ။
လက္ရွိ ဖားကန္႔မွာ အာဏာရွိေနသူမ်ားဟာ ဖားကန္႔ ေဒသခံမ်ား မဟုတ္တာ မ်ားပါတယ္။ အျခားေဒသမွ သူမ်ားသာ ျဖစ္ပါတယ္။ ေတာဘက္ ၿမိဳ႕ဘက္ ဘယ္ဘက္ပဲ ၾကည့္ၾကည့္ပါ။
ဖားကန္႔ေဒသမွာ ေမြးဖြား ႀကီးျပင္းသူ စစ္စစ္မ်ားကို ေတြ႕ခ်င္ရင္ စစ္ေျပးစခန္းကို သြားပါ။ အဲ့မွာ အမ်ားစု ေတြ႕ႏိုင္ပါတယ္။ ၿပီးရင္ ဖားကန္႔ေဒသမွာ ႀကီးပြါး ခ်မ္းသာေနၾကသူေတြဟာလည္း ေဒသခံ စစ္စစ္မ်ား အင္မတန္နည္းပါတယ္။
တစ္ခ်ိန္က ဖားကန္႔ေဒသကို ပိုင္ဆိုင္ခဲ့တဲ့ ကံဆီး မ်ိဳးဆက္မ်ားမွာေတာင္ သာမန္အဆင့္ေလာက္သာ က်န္ေတာ့တာ ၾကည့္ရင္ ဖားကန္႔ဟာ အင္မတန္ ရင္နာစရာ ေကာင္းပါတယ္။
ကားေကာင္းႀကီးေတြ အင္မတန္ ေပါသေလာက္ ကားလမ္းေကာင္းေကာင္း လုံးဝမရွိတာ ဖားကန္႔ပါပဲ။ ဖားကန္႔ – ကားမိုင္း လမ္းဟာ (၁၅)ရာစုေလာက္က ေရာမ လမ္းေတြေလာက္ေတာင္ အဆင့္မရွိတဲ့ ကမာၻ႔အဆိုး႐ြားဆုံး လမ္းပါပဲ။
လမ္းပန္း ဆက္သြယ္ေရး ခက္ခဲသလို ပညာေရး၊ က်န္းမာေရး အင္မတန္ နိမ့္က်ပါတယ္။ အခုဆို Internet လိုင္းပါ ျဖတ္ထားတဲ့အတြက္ ေခတ္ဟာ ပိုေနာက္က်ေနဦးမွာ ဖားကန္႔ပါပဲ။
ဖားကန္႔မွာ ဘုန္းႀကီးေက်ာင္းေတြ ေပါပါတယ္။ အားလုံးနီးနီး ေက်ာင္းတစ္ဝက္ ေရာင္းစားထားၾကပါတယ္။ ဘုရားေက်ာင္းေတြ ေပါပါတယ္။ ဘုရားေက်ာင္းတိုင္း စီးပြါးေရး လုပ္ပါတယ္။
လူေတြဟာ ပိုက္ဆံ ခ်မ္းသာလာၾကတဲ့အခါ အမ်ားစုက ဘာေတြ လုပ္တတ္ၾကလဲ ဖားကန္႔ကို ၾကည့္ရင္ သိႏိုင္ပါတယ္။ ဖာခန္းသြားမယ္၊ အႏွိပ္ခန္း သြားမယ္၊ 4 ခန္း သြားမယ္၊ KTV သြားမယ္။
ဘုရားေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေတြ သြားတဲ့လူထက္ ဖာခန္း၊ အႏွိပ္ခန္းသြားတဲ့လူ ပိုမ်ားပါတယ္။ လူေတြရဲ႕ ကိုယ္က်င့္တရားေတြ ေကာင္းဖို႔ ေနရာေတြမွာ သုံးၾကတာထက္ လီးသရမ္းဖို႔ ကုန္တဲ့ ပိုက္ဆံေတြက အဆေပါင္းမ်ားစြာ ပိုပါတယ္။
ဖားကန္႔မွာ ပါကင္ေစ်းကြက္ဆိုတာ ရွိပါတယ္။ ေကာင္မေလး ငယ္ငယ္ေလးေတြ ပါကင္ေဖာက္ရင္ ဘယ္ေလာက္ ဆိုတာမ်ိဳးပါ။ သိန္းေလးငါးဆယ္ေပးၿပီး ခ်ၾကတဲ့ေကာင္ေတြ အမ်ားႀကီးပါ။
ဘယ္ေမာ္ဒယ္က တစ္ည ဘယ္ေလာက္ဆိုတာမ်ိဳးကလည္း ဖားကန္႔က အားေပးမႈအင္မတန္ ေကာင္းပါတယ္။ တစ္ည သိန္းႏွစ္ဆယ္ သုံးဆယ္တန္ ဆိုတာေတြ ဖားကန္႔မွာ အလုပ္ ျဖစ္ပါတယ္။
ဖားကန္႔ဟာ ေကာင္းမြန္တဲ့ ရပ္ဝန္းတစ္ခုမဟုတ္တာ အမွန္ပါပဲ။ ဖားကန္႔ဟာ သိပ္သနားစရာ ေကာင္းပါတယ္။
ဖားကန္႔ဟာ အၿမဲ ရမၼက္ခိုးေတြ ေဝေနတဲ့ၿမိဳ႕ပါ။ သူကေတာ့ ေပးလိုက္ရတာ သူ႔ရင္ခြင္ထဲက ရတနာေတြ သူ ျပန္ရလိုက္တာက ေလာဘေတြ တဏွာေတြ ဒဏ္ရာေတြပါပဲ။
အဆင္ေျပတဲ့ တစ္ေန႔ေတာ့ အလွဆင္ေပးပါမယ္ ေျပာတဲ့ Z ဒီးလာလည္း သူ႔ကတိ တည္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ပါဘူး။
Credit … Hkun Naung