
မြို့သူမြို့သားတွေကို အားကစား လုပ်စေချင်သည့်အတွက် ဘတ်စ်ကား စီးရာတွင် ပိုက်ဆံပေးစရာ မလိုဘဲ ထိုင်ထအခါ(၂၀)လုပ်ပြီး ဘတ်စ်ကား စီးရသည့် ထူးထူးဆန်းဆန်း မြို့ငယ်လေး
လူသားတို့သည် အသက်ရှင် နေထိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးစား လုပ်ကိုင်နေကြရပါတယ်။
လူအများစုတို့ဟာ ဘဝ၏ အခက်အခဲတွေကို ရင်ဆိုင်နိုင်ရန်အတွက် ကြိုးစား ရုန်းကန်ရင်း မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် မေ့လျော့နေတတ်ကြပါတယ်။
ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အားကစား အနည်းငယ် လုပ်ဆောင်ရန် အချိန် မပေးနိုင်သူများလည်း ရှိနေပါတယ်။
ယခုတွင်တော့ ရိုမေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Cluj Napoca ဆိုသည့် မြို့လေးတွင် တာဝန်ရှိသူတွေဟာ မြို့သူမြို့သားတွေကို အားကစား လုပ်စေချင်ခဲ့ပါတယ်။
ထို့ကြောင့်လည်း ဘတ်စ်ကားစီးသည့် အချိန်တွင် ပိုက်ဆံ ယူမည့်အစား ထိုင်ထ အခါ(၂၀)ကို လုပ်ဆောင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဘတ်စ်ကား စီးဖို့အတွက် လမ်းဘေးမှာ ထိုင်ထအခါ(၂၀) အရင် လုပ်ရမယ်ဆိုတော့ ရှက်နေရင်တော့ ကားမစီးဘဲ လမ်းလျှောက်သွားရမှာ သေချာပါတယ်။
Credit to Cele Daily
Photo by Google
Zawgyi
ၿမိဳ႕သူၿမိဳ႕သားေတြကို အားကစား လုပ္ေစခ်င္သည့္အတြက္ ဘတ္စ္ကား စီးရာတြင္ ပိုက္ဆံေပးစရာ မလိုဘဲ ထိုင္ထအခါ(၂၀)လုပ္ၿပီး ဘတ္စ္ကား စီးရသည့္ ထူးထူးဆန္းဆန္း ၿမိဳ႕ငယ္ေလး
လူသားတို႔သည္ အသက္ရွင္ ေနထိုင္ေရးအတြက္ ေန႔စဥ္ႏွင့္အမွ် ႀကိဳးစား လုပ္ကိုင္ေနၾကရပါတယ္။
လူအမ်ားစုတို႔ဟာ ဘဝ၏ အခက္အခဲေတြကို ရင္ဆိုင္ႏိုင္ရန္အတြက္ ႀကိဳးစား ႐ုန္းကန္ရင္း မိမိ၏ က်န္းမာေရးကို ဂ႐ုစိုက္ဖို႔အတြက္ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။
က်န္းမာေရး ေကာင္းမြန္ဖို႔အတြက္ အားကစား အနည္းငယ္ လုပ္ေဆာင္ရန္ အခ်ိန္ မေပးႏိုင္သူမ်ားလည္း ရွိေနပါတယ္။
ယခုတြင္ေတာ့ ႐ိုေမးနီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ Cluj Napoca ဆိုသည့္ ၿမိဳ႕ေလးတြင္ တာဝန္ရွိသူေတြဟာ ၿမိဳ႕သူၿမိဳ႕သားေတြကို အားကစား လုပ္ေစခ်င္ခဲ့ပါတယ္။
ထို႔ေၾကာင့္လည္း ဘတ္စ္ကားစီးသည့္ အခ်ိန္တြင္ ပိုက္ဆံ ယူမည့္အစား ထိုင္ထ အခါ(၂၀)ကို လုပ္ေဆာင္ခိုင္းခဲ့တာ ျဖစ္ပါတယ္။
ဘတ္စ္ကား စီးဖို႔အတြက္ လမ္းေဘးမွာ ထိုင္ထအခါ(၂၀) အရင္ လုပ္ရမယ္ဆိုေတာ့ ရွက္ေနရင္ေတာ့ ကားမစီးဘဲ လမ္းေလွ်ာက္သြားရမွာ ေသခ်ာပါတယ္။
Credit to Cele Daily
Photo by Google