နယူးရောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့ တက်ရောက်လာတဲ့ ပန်ဆယ်လို (ရုပ်သံ)

နယူးရောက်မြို့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့တက်ရောက်လာတဲ့ ပန်ဆယ်လို (ရုပ်သံ)

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

အောက်ဆုံးတွင် ဗီဒီယိုဖိုင်တင်ပေးထားပါသည်။

စစ်ကောင်စီမှ ၅၀၅ က ဖြင့် ဖမ်းဝရမ်းထုတ်ထားသော စာရေးဆရာမ ပန်ဆယ်လိုသည် အမေရိကန်နိုင်ငံ နယူးရောက်မြို့တွင် ဇွန်လ ၁၉ ရက်နေ့က ကျဥ်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့ တက်ရောက်ကာ စကားပြောကြားခဲ့သည်ကို သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ Live လွှင့်ခဲ့ပါသည်။

၎င်းသည် NLD ပါတီ၏ အမာခံ ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်များကို အွန်လိုင်းပေါ်မှ တောက်လျှောက်ဝေဖန်ပြောဆိုမှုများကြောင့် စစ်တပ်အသိုင်းအဝိုင်း၏ မျက်မုန်းကျိုးမှုကို ခံရသူတစ်ဦးဖြစ်သည်။

၎င်းသည် စစ်ကောင်စီတပ်များ စောင့်ကြည့်ခံနေရသည့် ကြားမှ ပျောက်ခြင်းမလှ ပျောက်သွားပြီးမှ အမေရိကန် နိုင်ငံသို့ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ မကြာသေးမီအချိန်က ၎င်း သေဆုံးသွားပြီဟု စစ်တပ်အသိုင်းအဝိုင်းကြား ပြောဆိုမှုများရှိနေပြီးနောက် ယခုကဲ့သို့ ပြန်ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ အသည်းအသန်လိုက်ရှာနေသည့်ကြားမှ ပန်ဆယ်လို ဘယ်လို လွတ်မြောက်သွားသည်ကို မသိရပေမဲ့ စစ်ကောင်စီ ထောက်ခံသူများကြားမှာတော့ ၎င်း လွတ်မြောက်သွားသည်ကို မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

———

နယူးေရာက္ၿမိဳ႕မွ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ပြဲသို႔တက္ေရာက္လာတဲ့ ပန္ဆယ္လို (႐ုပ္သံ)

၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၀ ရက္။

စစ္ေကာင္စီမွ ၅၀၅ က ျဖင့္ ဖမ္းဝရမ္းထုတ္ထားေသာ စာေရးဆရာမ ပန္ဆယ္လိုသည္ အေမရိကန္ႏိုင္ငံ နယူးေရာက္ၿမိဳ႕တြင္ ဇြန္လ ၁၉ ရက္ေန႔က က်ဥ္းပေသာ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ပြဲသို႔ တက္ေရာက္ကာ စကားေျပာၾကားခဲ့သည္ကို သူမ၏ လူမႈကြန္ရက္ စာမ်က္ႏွာမွ Live လႊင့္ခဲ့ပါသည္။

၎သည္ NLD ပါတီ၏ အမာခံ ေထာက္ခံအားေပးသူတစ္ေယာက္ျဖစ္ၿပီး စစ္ေကာင္စီတပ္မ်ားကို အြန္လိုင္းေပၚမွ ေတာက္ေလွ်ာက္ေဝဖန္ေျပာဆိုမႈမ်ားေၾကာင့္ စစ္တပ္အသိုင္းအဝိုင္း၏ မ်က္မုန္းက်ိဳးမႈကို ခံရသူတစ္ဦးျဖစ္သည္။

၎သည္ စစ္ေကာင္စီတပ္မ်ား ေစာင့္ၾကည့္ခံေနရသည့္ ၾကားမွ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားၿပီးမွ အေမရိကန္ ႏိုင္ငံသို႔ေရာက္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့သည္။ မၾကာေသးမီအခ်ိန္က ၎ ေသဆုံးသြားၿပီဟု စစ္တပ္အသိုင္းအဝိုင္းၾကား ေျပာဆိုမႈမ်ားရွိေနၿပီးေနာက္ ယခုကဲ့သို႔ ျပန္ေပၚလာျခင္းျဖစ္သည္။

စစ္ေကာင္စီတပ္မ်ား အသည္းအသန္လိုက္ရွာေနသည့္ၾကားမွ ပန္ဆယ္လို ဘယ္လို လြတ္ေျမာက္သြားသည္ကို မသိရေပမဲ့ စစ္ေကာင္စီ ေထာက္ခံသူမ်ားၾကားမွာေတာ့ ၎ လြတ္ေျမာက္သြားသည္ကို မေက်မနပ္ျဖစ္ေနၾကေၾကာင္း သတင္းရရွိပါသည္။