နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားရမယ့် အချက် (၂) ချက် (မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါ

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် အချက် (၂) ချက်

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။

ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။

လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့အချက်တွေက

(၁) ရွာမြေနဲ့ ဥယျာဉ်ခြံမြေအတူတူပဲလား?

(၂) ရွာမြေဟာ ဥပဒေအရတရားဝင်သတ်မှတ်ချက်ရှိလား ဆိုတာပါပဲ။

နံပါတ် (၁) အချက်

ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင်လူနေရပ်ကွက်အတွင်းက မြေကွက်ကိုခေါ်ဆိုခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင်ချမှတ်ထားတဲ့အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ဂရန်မြေ ဖြစ်လာနိုင်ချေရှိပါတယ်။လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်ကပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက်စိုးရိမ်စရာမရှိပါဘူး။

နံပါတ် (၂) အချက်

ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ (က)အရလယ်ယာမြေဆိုတာဟာ လယ်၊ တောင်ယာ၊ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးရန်အတွက်သာအကျုံးဝင်ပါတယ်။ ဒါပေမယ့် မြို့နီး၊ရွာနီး၊လူနေရပ်ကွပ်ဝန်းအနီးအနားမှာရှိနေတဲ့ဥယာဉ်မြေတွေကတော့ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။

ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား

အရင်ဥပဒေတွေအရတော့ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်နေအိမ်အတည်တကျဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။

ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား

လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန်လျှောက်လို့ ရနိုင်ပေမယ့်လူနေရပ်ကွက်နဲ့ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့မရနိုင်ပါဘူး။

ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက်ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီးရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊

ဥယျာဉ်ခြံမြေဆိုရင်လည်းလူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာတည်ရှိရဲ့လား သေချာစွာစမ်းစစ်ပြီးမှ ငွေပေးချေဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။
crd

Zawgyi

နယ္ဘက္မွာ ၿခံတစ္ၿခံ ဝယ္ေတာ့မယ္ဆိုရင္ မျဖစ္မေနသိထားရမယ့္ အခ်က္ (၂) ခ်က္

နယ္ဘက္မွာ ၿခံတစ္ၿခံ ဝယ္ေတာ့မယ္ဆိုရင္ ႐ြာေျမလား၊ ဥယ်ာဥ္ၿခံေျမလား၊ ဘိုးဘြားပိုင္ေျမလား၊ ဂရန္ေျမလား၊ ပါမစ္ေျမလား ေသခ်ာစမ္းစစ္ၾကည့္သင့္ပါတယ္။

ၿခံဆိုတာကလည္း အလြယ္တကူ ေ႐ႊ႕ေျပာင္းလို႔ ရႏိုင္တဲ့ အရာမ်ိဳး မဟုတ္တာေၾကာင့္ မဝယ္ခင္ကတည္းက ႀကိဳတင္ေလ့လာထားတာ အေကာင္းဆုံးပါပဲ။

လူေတာ္ေတာ္မ်ားမ်ား ဇေဝဇဝါ ျဖစ္ေနတဲ့အခ်က္ေတြက

(၁) ႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမအတူတူပဲလား?

(၂) ႐ြာေျမဟာ ဥပေဒအရတရားဝင္သတ္မွတ္ခ်က္ရွိလား ဆိုတာပါပဲ။

နံပါတ္ (၁) အခ်က္

႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမ မတူပါဘူး။႐ြာေျမဆိုတာ လြယ္လြယ္နဲ႔ ရွင္းရွင္းေျပာရရင္လူေနရပ္ကြက္အတြင္းက ေျမကြက္ကိုေခၚဆိုျခင္းပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္က တရားဝင္ခ်မွတ္ထားတဲ့အဆင့္ထိ မေရာက္ေပမယ့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ဂရန္ေျမ ျဖစ္လာႏိုင္ေခ်ရွိပါတယ္။လူေနရပ္ကြပ္ထဲမွာ ရွိေနတာမလို႔ ႏိုင္ငံေတာ္ကျပန္သိမ္းမလား၊ ႏွင္ထုတ္မလား ဆိုတာေတြအတြက္စိုးရိမ္စရာမရွိပါဘူး။

နံပါတ္ (၂) အခ်က္

ဥယ်ာဥ္ၿခံေျမကေတာ့ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမ ဥပေဒ ပုဒ္မ ၃ (က)အရလယ္ယာေျမဆိုတာဟာ လယ္၊ ေတာင္ယာ၊ဥယ်ာဥ္၊ ဟင္းသီးဟင္း႐ြက္၊ ပန္းမန္စိုက္ပ်ိဳးရန္အတြက္သာအက်ဳံးဝင္ပါတယ္။ ဒါေပမယ့္ ၿမိဳ႕နီး၊႐ြာနီး၊လူေနရပ္ကြပ္ဝန္းအနီးအနားမွာရွိေနတဲ့ဥယာဥ္ေျမေတြကေတာ့ဒီအခ်က္မွာ မပါဝင္ဘူးလို႔ သိရပါတယ္။

ဥယ်ာဥ္ၿခံေျမကို ေရာင္းခ်လို႔ ရႏိုင္သလား

အရင္ဥပေဒေတြအရေတာ့ေရာင္းခ်လို႔မရပါဘူး။ ဒါေပမယ့္ ၂၀၁၂ ခုႏွစ္က ျပန္ျပင္ဆင္လိုက္တဲ့ ဥပေဒသစ္မွာေတာ့ ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ ေပးကမ္းျခင္းအတြက္ ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ေနအိမ္အတည္တက်ေဆာက္လုပ္ေနထိုင္ခြင့္ေတာ့ မရေသးပါဘူး။

ဥယ်ာဥ္ၿခံေျမကို ေျမဂရမ္ ေလွ်ာက္လို႔ရႏိုင္လား

လူေနရပ္ကြက္နဲ႔ နီးကပ္ရင္ေတာ့ ေျမဂရန္ေလွ်ာက္လို႔ ရႏိုင္ေပမယ့္လူေနရပ္ကြက္နဲ႔ခပ္ေဝးေဝးမွာ တည္ရွိေနရင္ေတာ့ ေလွ်ာက္လို႔မရႏိုင္ပါဘူး။

ဒါ့ေၾကာင့္ အိမ္ေဆာက္ေနထိုင္ဖို႔အတြက္႐ြာေျမနဲ႔ ဥယ်ာဥ္ၿခံေျမ ေ႐ြးစရာ ၂ ခု ရွိလာရင္ ေျမစာရင္း ဦးစီးဌာနနဲ႔ ေသခ်ာစြာ စုံစမ္းစစ္ေဆးၿပီး႐ြာေျမဆိုရင္လည္း ႐ြာေျမမွန္ကန္ရဲ႕လား၊

ဥယ်ာဥ္ၿခံေျမဆိုရင္လည္းလူေနရပ္ကြက္အသိုင္းအဝိုင္းၾကားမွာတည္ရွိရဲ႕လား ေသခ်ာစြာစမ္းစစ္ၿပီးမွ ေငြေပးေခ်ဝယ္ယူဖို႔ အႀကံျပဳလိုက္ပါတယ္။
crd