နတ်တော်လ ၊ ကြာသာပတေးမှာ လှုပ်တဲ့ ငလျင်နဲ့ ပြည်သူတို့ အတွက် သတိပေးလိုက်တဲ့ ဗေဒင်အဟော ( ကြိုတင်ပြင်ဆင်ထားဖို့တော့ သင့်နေပါပြီ )

ယနေ့ နံနက် ၃ နာရီကျော်က အင်အား ၅.၂ အဆင့်ရှိတဲ့ မြေငလျင် မန္တလေးတိုင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာလို့

မိုး/ဇလက ပြောကြား ထားပြီး ယင်း ငလျင်လှုတ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ပုလိပ် မြို့တွင် နေထိုင်သူများ သိသိသာသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ငလျင်လှုတ်ခတ်မှု ကို မြင်းခြံ၊ ဝမ်းတွင်း၊ သဲတော၊ မုံရွာ၊ မိုးကုတ် ၊ ရွှေဘို ၊စစ်ကိုင်း ၊ ပြင်ဦးလွင်၊နောင်ချို နှင့် တောင်ကြီးမြို့ဒေသခံတွေလည်း သိရှိခဲ့ကြတယ်လို့ ပြောပါတယ်။

မြန်မာ့ရိုးရာဗေဒင် အလိုအရတော့ အခုလို နတ်တော်လ ၊ ကြာသာပတေးနေ့ ငလျင်လှုပ်ခြင်းသည် သတ္တန္တရကပ် အကြီးအကျယ်ကျရောက်နိုင်ပြီး စစ်မက်အကြီးအကျယ်ဖြစ်ပွားကာ ပြည်တွင်းရေး မအေးဖြစ် မည်ဟု ဟောထားသဖြင့် ပြည်သူများအနေဖြင့် သိရှိပြင်ဆင်ထားနိုင်ရန် အသိပေးလိုက်ပါသည်။

Zawgyi



