ငွေစက္ကူအတုအစစ်ကိုဘယ်လိုခွဲမလဲ ငွေစက္ကူအတု ကိုင်ဆောင်ထားမိရင် ဘာဆက်လုပ်သင့်လဲ ဘာဖြစ်လာနိုင်သလဲ ဆိုတာ….

ငွေစက္ကူအတု ကိုင်ဆောင်ထားမိရင် ဘာဆက်လုပ်သင့်လဲ ဘာဖြစ်လာနိုင်သလဲ ဆိုတာ

ငွေစက္ကူအတု လက်ဝယ်ကိုင်ထားမိရင်ဘာဖြစ်လာနိုင်သလဲ၊ ငွေအတုအစစ်ဘယ်လိုခွဲရမလဲ၊အတုမှန်းသံသယရှိရင်ဘယ်လိုလုပ်မလဲဆိုတာနှင့်ပတ်သက်ပြီးဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ငွေစက္ကူအတုတွေကိုလက်ဝယ်ကိုင်ဆောင်သုံးစွဲမိပါကမည်သူမဆိုဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့်သာမန်ပြည်သူတွေအနေနဲ့အတုအစစ်ခွဲခြားနိုင်တဲ့အခြေခံအချက်တချို့ကိုသိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အချို့နဲ့အကြီးတန်းဘဏ်အရာရှိတချို့ကအကြံပြုပြောဆိုကြပါတယ်။

၂၀၁၂ ခုနှစ်မှာစတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံးဖြစ်ပါတယ်။

တစ်သောင်းကျပ်တန် ငွေစက္ကူအတုတွေဟာအခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိကဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကိုအဓိကထားပြီး ခွဲခြားလာရတယ်လို့လည်းသိရပါတယ်။

ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်ကထုတ်တဲ့ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကိုအတုမှန်းသိလျက်နဲ့သုံးစွဲခြင်းမပြုဖို့နဲ့ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်းအတုကိုပြည်ပကနေသွင်းယူခြင်းပြည်ပကိုတင်ပို့ခြင်းမပြုလုပ်ရလို့ တားမြစ်ထားပါတယ်။

အဲဒီမှာပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ်၊ ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။ ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေအများဆုံးထောင်ဒဏ်အနှစ် ၂၀ အထိချမှတ်နိုင်တယ်လို့ဗဟိုဘဏ်ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။

ဗဟိုဘဏ်ရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေအရငွေအတုကိုမသိဘဲနဲ့လည်းလက်ဝယ်ကိုင်ဆောင်မိတာ၊သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်းဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောဆိုတားပါတယ်။

ကိုယ်ကမသိကြောင်း ဒါကို အတုမှန်းသိလျက်နဲ့သုံးစွဲတာမဟုတ်ဘူး၊လက်ဝယ်ထားတာမဟုတ်ဘူးဆိုတာ ထုချေဖို့ကစွပ်စွဲခံရသူ တရားခံဘက်ကတာဝန်ကျသွားတယ်၊ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်ကငွေအတုအစစ်နဲ့ပတ်သက်ပြီးဗဟုသုတရှိဖို့လိုပါတယ်၊

မသိဘဲနဲ့လက်ဝယ်ထားမိရင်မိမိမှာတာဝန်ရှိလာပါမယ်၊ ဒါပေမယ့်တာဝန်ရှိတဲ့အပေါ်မှာ လွတ်လပ်စွာချေပထုချေပိုင်ခွင့်ရှိပါတယ်လို့ ရှေ့နေတစ်ဦးပြောပြချက်အရ သိရပါတယ်။

အတုမှန်းသံသယရှိရင်ဘယ်လိုလုပ်မလဲ

ငွေအတုအစစ်ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့လုပ်ငန်းကြီးတွေမှာပဲအများအားဖြင့်ရှိပြီး၊သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက်မရှိနိုင်တဲ့ အတွက် အတု၊ အစစ် ခွဲခြားဖို့ကသုံးစွဲသူတွေအတွက်အခက်အခဲနိုင်ပါတယ်။

”ဘဏ်တွေမှာတော့ငွေအတုအစစ်ခွဲတဲ့စက်တွေရှိတော့ဘဏ်ကိုလာအပ်တဲ့ငွေတွေထဲမှာ အတုတွေပါလာရင်တော့ ဘဏ်ကပဲသိမ်းထားလိုက်တာများတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြားမနေတော့ဘူး။

ဒါကတော့ဗဟိုဘဏ်ညွှန်ကြားထားတဲ့အတိုင်းတော့မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည်တွေ အလုပ်မရှုပ်အောင်လုပ်လိုက်တာပေါ့၊ အတုကများရင်တော့လည်း ရဲကိုဖုန်းဆက်အကြောင်းကြားရတာပေါ့” CB ဘဏ်အရာရှိတစ်ဦးက ဆိုပါတယ်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ကိုယ့်မှာကိုင်ဆောင်ထားတဲ့ငွေစက္ကူကိုအတုလို့သံသယရှိတယ်ဆိုရင် ကိုယ်တိုင်မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်းအစစ်ဖြစ်နေရင်ငွေစက္ကူဖျက်ဆီးမှုနဲ့အရေးယူခံရနိုင်တဲ့ အတွက်ဖျက်ဆီးဖို့လည်းမဖြစ်နိုင်ဘူးလို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။

ကျပ် တစ်သောင်းတန်ကို အတုအစစ် ဘယ်လိုခွဲမလဲ

တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်ကထုတ်ထားတဲ့အချက်တွေကများတယ်။ သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ဆိုရင် ဘေးတန်းမှာကြာပန်းလိုမျိုးအရှည်ပြားလေးပါတယ်၊

ကိုင်ကြည့်လိုက်တာနဲ့ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ကျန်တာတွေစစ်ဖို့ကကြာတယ်”လို့ CB ဘဏ် အကြံပေးအရာရှိတစ်ဦးက ကျပ် တစ်သောင်းတန်ကိုအလွယ်ကူဆုံးခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေအပြင်ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့စစ်ဆေးတာမျိုး၊ငွေစက္ကူနံပါတ်အမှတ်စဉ်တွေတူနေတာ ရှိ၊ မရှိစစ်ကြည့်တာမျိုးနဲ့ အလင်းရောင်မှာတစ်သောင်းတန်ငွေစက္ကူကို ထောင်ကြည့်ရန်ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့အချက်တွေကို စစ်ဆေးကြည့်ဖို့ကျွမ်းကျင်သူတွေက အကြံပြုထားတာဖြစ်ပါတယ်။
crd

Zawgyi

ေငြစကၠဴအတု ကိုင္ေဆာင္ထားမိရင္ ဘာဆက္လုပ္သင့္လဲ ဘာျဖစ္လာႏိုင္သလဲ ဆိုတာ

ေငြစကၠဴအတု လက္ဝယ္ကိုင္ထားမိရင္ဘာျဖစ္လာႏိုင္သလဲ၊ ေငြအတုအစစ္ဘယ္လိုခြဲရမလဲ၊အတုမွန္းသံသယရွိရင္ဘယ္လိုလုပ္မလဲဆိုတာႏွင့္ပတ္သက္ၿပီးဗဟုသုတအျဖစ္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

ေငြစကၠဴအတုေတြကိုလက္ဝယ္ကိုင္ေဆာင္သုံးစြဲမိပါကမည္သူမဆိုဖမ္းဆီးစစ္ေဆးခံရႏိုင္တာေၾကာင့္သာမန္ျပည္သူေတြအေနနဲ႔အတုအစစ္ခြဲျခားႏိုင္တဲ့အေျခခံအခ်က္တခ်ိဳ႕ကိုသိထားဖို႔လိုအပ္တယ္လို႔ ဥပေဒပညာရွင္အခ်ိဳ႕နဲ႔အႀကီးတန္းဘဏ္အရာရွိတခ်ိဳ႕ကအႀကံျပဳေျပာဆိုၾကပါတယ္။

၂၀၁၂ ခုႏွစ္မွာစတင္ထုတ္ေဝသုံးစြဲခဲ့တဲ့ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴေတြဟာ ျမန္မာ့ေငြေၾကးထဲမွာ တန္ဖိုး အျမင့္ဆုံးျဖစ္ပါတယ္။

တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုေတြဟာအခုေနာက္ပိုင္းမွာ ပိုမိုအဆင့္ျမင့္လာတာေၾကာင့္လည္း ပုဂၢလိကဘဏ္ေတြမွာေတာ့ ေငြအတုအစစ္ခြဲတဲ့ စက္ေတြကိုအဓိကထားၿပီး ခြဲျခားလာရတယ္လို႔လည္းသိရပါတယ္။

ေငြအတုနဲ႔ပတ္သက္ၿပီး ၂၀၁၃ ခုႏွစ္ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၁ မွာ ဗဟိုဘဏ္ကထုတ္တဲ့ေငြစကၠဴ၊ ဒဂၤါးျပားေတြကိုအတုမွန္းသိလ်က္နဲ႔သုံးစြဲျခင္းမျပဳဖို႔နဲ႔ပုဒ္မ ၁၀၂ မွာေတာ့ အတုျပဳလုပ္ျခင္းအတုကိုျပည္ပကေနသြင္းယူျခင္းျပည္ပကိုတင္ပို႔ျခင္းမျပဳလုပ္ရလို႔ တားျမစ္ထားပါတယ္။

အဲဒီမွာပုဒ္မ ၁၀၁ ကိုေဖာက္ဖ်က္ရင္ အဲဒီလူကို ေငြဒဏ္၊ ၃ ႏွစ္ထက္မပိုတဲ့ေထာင္ဒဏ္ ဒါမွမဟုတ္ ဒဏ္ ၂ ရပ္လုံးလည္းခ်မွတ္ႏိုင္တယ္။ ပုဒ္မ ၁၀၂ ကိုေဖာက္ဖ်က္ရင္ေတာ့အနည္းဆုံးေထာင္ဒဏ္ ၁၀ ႏွစ္ကေနအမ်ားဆုံးေထာင္ဒဏ္အႏွစ္ ၂၀ အထိခ်မွတ္ႏိုင္တယ္လို႔ဗဟိုဘဏ္ဥပေဒမွာျပ႒ာန္းထားပါတယ္။

ဗဟိုဘဏ္ရဲ႕ျပ႒ာန္းထားတဲ့ဥပေဒအရေငြအတုကိုမသိဘဲနဲ႔လည္းလက္ဝယ္ကိုင္ေဆာင္မိတာ၊သုံးစြဲမိတာမ်ိဳးရွိခဲ့ရင္လည္းဖမ္းဆီးအေရးယူခံရႏိုင္ေျခရွိတယ္လို႔တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးကေျပာဆိုတားပါတယ္။

ကိုယ္ကမသိေၾကာင္း ဒါကို အတုမွန္းသိလ်က္နဲ႔သုံးစြဲတာမဟုတ္ဘူး၊လက္ဝယ္ထားတာမဟုတ္ဘူးဆိုတာ ထုေခ်ဖို႔ကစြပ္စြဲခံရသူ တရားခံဘက္ကတာဝန္က်သြားတယ္၊ဒါမ်ိဳးအဖမ္းခံရႏိုင္တဲ့အတြက္ ကိုယ္တိုင္ကေငြအတုအစစ္နဲ႔ပတ္သက္ၿပီးဗဟုသုတရွိဖို႔လိုပါတယ္၊

မသိဘဲနဲ႔လက္ဝယ္ထားမိရင္မိမိမွာတာဝန္ရွိလာပါမယ္၊ ဒါေပမယ့္တာဝန္ရွိတဲ့အေပၚမွာ လြတ္လပ္စြာေခ်ပထုေခ်ပိုင္ခြင့္ရွိပါတယ္လို႔ ေရွ႕ေနတစ္ဦးေျပာျပခ်က္အရ သိရပါတယ္။

 

အတုမွန္းသံသယရွိရင္ဘယ္လိုလုပ္မလဲ

ေငြအတုအစစ္ခြဲတဲ့စက္ကေတာ့ ဘဏ္ေတြနဲ႔လုပ္ငန္းႀကီးေတြမွာပဲအမ်ားအားျဖင့္ရွိၿပီး၊သာမန္ျပည္သူေတြမွာေတာ့ အဲဒီလိုစက္မရွိႏိုင္တဲ့ အတြက္ အတု၊ အစစ္ ခြဲျခားဖို႔ကသုံးစြဲသူေတြအတြက္အခက္အခဲႏိုင္ပါတယ္။

”ဘဏ္ေတြမွာေတာ့ေငြအတုအစစ္ခြဲတဲ့စက္ေတြရွိေတာ့ဘဏ္ကိုလာအပ္တဲ့ေငြေတြထဲမွာ အတုေတြပါလာရင္ေတာ့ ဘဏ္ကပဲသိမ္းထားလိုက္တာမ်ားတယ္၊ ၁ ႐ြက္ ၂ ႐ြက္ဆိုရင္ေတာ့ ရဲကိုအေၾကာင္းၾကားမေနေတာ့ဘူး။

ဒါကေတာ့ဗဟိုဘဏ္ၫႊန္ၾကားထားတဲ့အတိုင္းေတာ့မဟုတ္ဘူးေပါ့။ ကိုယ့္ရဲ႕ေဖာက္သည္ေတြ အလုပ္မရႈပ္ေအာင္လုပ္လိုက္တာေပါ့၊ အတုကမ်ားရင္ေတာ့လည္း ရဲကိုဖုန္းဆက္အေၾကာင္းၾကားရတာေပါ့” CB ဘဏ္အရာရွိတစ္ဦးက ဆိုပါတယ္။

သာမန္ျပည္သူတစ္ဦးအေနနဲ႔ကိုယ့္မွာကိုင္ေဆာင္ထားတဲ့ေငြစကၠဴကိုအတုလို႔သံသယရွိတယ္ဆိုရင္ ကိုယ္တိုင္မီးရႈိ႕ဖ်က္ဆီးတာမ်ိဳးလုပ္ပါကလည္းအစစ္ျဖစ္ေနရင္ေငြစကၠဴဖ်က္ဆီးမႈနဲ႔အေရးယူခံရႏိုင္တဲ့ အတြက္ဖ်က္ဆီးဖို႔လည္းမျဖစ္ႏိုင္ဘူးလို႔တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက ဆိုပါတယ္။

 

က်ပ္ တစ္ေသာင္းတန္ကို အတုအစစ္ ဘယ္လိုခြဲမလဲ

တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ ဗဟိုဘဏ္ကထုတ္ထားတဲ့အခ်က္ေတြကမ်ားတယ္။ သာမန္လူေတြ အေနနဲ႔ တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ဆိုရင္ ေဘးတန္းမွာၾကာပန္းလိုမ်ိဳးအရွည္ျပားေလးပါတယ္၊

ကိုင္ၾကည့္လိုက္တာနဲ႔ၾကမ္းေနရင္အစစ္၊ ေခ်ာေနရင္အတုပဲ၊က်န္တာေတြစစ္ဖို႔ကၾကာတယ္”လို႔ CB ဘဏ္ အႀကံေပးအရာရွိတစ္ဦးက က်ပ္ တစ္ေသာင္းတန္ကိုအလြယ္ကူဆုံးခြဲျခားႏိုင္မယ့္အခ်က္ကို ေျပာျပ ပါတယ္။

ဒါေတြအျပင္ေရစာ၊ ေဖာင္းႂကြပုံႏွိပ္၊ လုံၿခဳံေရးႀကိဳး စတာတြကို သာမန္ မ်က္စိနဲ႔စစ္ေဆးတာမ်ိဳး၊ေငြစကၠဴနံပါတ္အမွတ္စဥ္ေတြတူေနတာ ရွိ၊ မရွိစစ္ၾကည့္တာမ်ိဳးနဲ႔ အလင္းေရာင္မွာတစ္ေသာင္းတန္ေငြစကၠဴကို ေထာင္ၾကည့္ရန္ၾကာဖူးပုံ ေပၚ၊ မေပၚ စတဲ့အခ်က္ေတြကို စစ္ေဆးၾကည့္ဖို႔ကြၽမ္းက်င္သူေတြက အႀကံျပဳထားတာျဖစ္ပါတယ္။
crd