” ငါတို့ နိုင်မှာ “ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ လက်ရှိအခက်အခဲတွေကို အားတင်းထားကြဖို့ အားပေးစကားဆိုလာကြတဲ့ ဟား (၅) ကောင် အဖွဲ့ (ရုပ်သံ)

ပြည်သူချစ် လူရွှင်တော်တွေဖြစ်ကြတဲ့ တိုင်းကျော် ဝိုင်းကျော် ပိုးလေး ပြည်ကျော်နဲ့တိုးကျော် တို့ကတော့ ဖော်ဖော်ဝါရီ ၁ရက်နေ့မှ စတင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားထဲရပ်တည်လျက်ရှိပါတယ်။

တစ်ချိန်က ပြည်သူတွေကို ရယ်မောစေခဲ့တဲ့ ပျက်လုံးတွေနဲ့ ဟား၅ကောင်အဖွဲ့ကတော့ ပြည်သူနဲ့တစ်သားထဲ ရပ်တည်ကာ အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်လျက်ရှိကြပါတယ်။

ဟား(၅)အဖွဲ့ကတော့ လက်ရှိပရိတ်သတ်တွေကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။​တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။

ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြပါတယ်။

ဟား (၅)ညီအကိုတစ်တွေကတော့ လက်ရှိလွတ် မြောက်နယ်မြေကနေ မျိုးဆက်သစ်လူငယ်လေးတွေနဲ့ အတူ အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် စည်းလုံးစွာ နေထိုင်ကြရင်း ပြည်သူတွေကို ဇွဲမလျော့ပဲ အားတင်းထားကြဖို့ မကြာခဏဆိုသလို အားပေးစကားပြောကြပါတယ်။

ယနေ့မှာလည်း လက်ရှိအချိန်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ခေတ္တခဏ တောင့်ခံထားကြဖို့ မေတ္တာရပ်ခံထားပြီး ပြည်သူတွေ အားဖြစ်စေမယ့် “ငါတို့နိုင်မှာ”ဆိုတဲ့ ခေါင်းစဥ်လေးနဲ့အတူ videoလေးတစ်ပုဒ် မျှဝေလာခဲ့ပါတယ်။ပရိတ်သတ်ကြီးအတွက် အားဖြစ်စေမယ့် ဟား (၅)ကောင်ညီအကိုရဲ့ videoလေးကို မျှဝေဆပးလိုက်ပါတယ်။

Crd – YaungChi