အရမ်းကောင်းတဲ့ ဈေးရောင်းနည်းလေး(ဈေးရောင်းသူတိုင်း သိထားသင့်တယ်နော်…)

အရမ်းကောင်းတဲ့ ဈေးရောင်းနည်းလေး(ဈေးရောင်းသူတိုင်း သိထားသင့်တယ်နော်…)


ငရုတ်သီးရောင်းသူတွေမှာ ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို “ငရုတ်သီးက စပ်လား”လို့ ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။ငရုတ်သီးရောင်းသူက “စပ်တယ်”လို့ ပြန်ဖြေရင်

ငရုတ်သီးဝယ်သူ အစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲထွက်သွားတော့မယ်။ “မစပ်ဘူး”လို့ ဖြေပြန်ရင်လည်း ဝယ်သူက အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။ဒီလိုအခက် အခဲကို ဖြေရှင်းတဲ့နည်းက အားလုံးသိကြတဲ့နည်းဖြစ်တယ်။

ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံကစပ်တယ်၊ တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။ ဒါက အများသိတဲ့ စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။တစ်နေ့မှာ ကျွန် တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင်

ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို လူတတ်ကြီးလုပ်ပြီး ကျွန်တော်သွားပြောလိုက်သေးတယ်။ “အစ်မကြီး.. ငရုတ်သီးကို နှစ်ပုံပုံလိုက်လေ.. ဝယ်သူက စပ်တာလိုချင်တယ်ဆိုရင်

ဟိုတစ်ပုံကိုထိုးပြလိုက်၊ မစပ်တာလိုချင်ရင် ဒီတစ်ပုံကိုထိုးပြလိုက်လုပ်ပေါ့”ကျွန်တော်ပြောတာကို ရောင်းသူကနားထောင်ပြီး ရယ်တယ်.. ပြီးတော့ “မလိုပါဘူး.. “လို့ဆိုတယ်။ အဲဒီမှာ ငရုတ်သီးဝယ်သူတစ်ယောက် ရောက်လာတယ်။

ထုံးစံအတိုင်း “အစ်မကြီး.. အစ်မကြီးရဲ့ငရုတ်သီးက စပ်လား”လို့မေးတယ်။ရောင်းသူအမျိုးသမီးက “အရောင်တောက်တာ စပ်တယ်၊ အရောင်ဖျော့တာ မစပ်ဘူး”လို့ဆိုတယ်။ ဝယ်သူက သူကြိုက်တာကို ရွေးဝယ်ပြီး ထွက်သွားခဲ့တယ်။ ဒီကနေ့က ဘာနေ့လို့ဆိုရမလဲ..

လူတိုင်းက အရောင်ဖျော့တဲ့မစပ်ဘူးဆိုတဲ့ ငရုတ်သီးကိုပဲ ရွေးဝယ်ခဲ့ကြတယ်။ တအောင့်ကြာတော့ အရောင်ဖျော့ငရုတ်သီးတွေ မရှိသလောက်ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော်က “ကျန်တဲ့ငရုတ်သီးတွေကို နှစ်ပုံခွဲလိုက်ပါ။ မဟုတ်ရင် ရောင်းရခက်လိမ့်မယ်”လို့ ပြောတော့

ရောင်းသူက ပြုံးပြုံးရယ်ရယ်နဲ့ ခေါင်းခါပြပြီး “မလိုပါဘူး..”လို့ဆိုပြန်တယ်။ဝယ်သူတစ်ယောက် ရောက်လာပြန်တယ်။ ”ငရုတ်သီး စပ်လား”ရောင်းသူက ကိုယ့်ငရုတ်သီးကိုကြည့်ပြီး “အတောင့်ရှည်က စပ်တယ်။ အတိုက မစပ်ဘူး”လို့ဆိုတယ်။ အဲဒီလိုနဲ့ရောင်းရင်

ငရုတ်သီးအတောင့်တိုတွေပဲ ကျန်ခဲ့တော့တယ်။ နီနီရဲရဲ ငရုတ်သီးတောင့်တိုတွေကို ကြည့်ပြီး ကျွန်တော် ဘာမှမပြောခဲ့တော့ဘူး။ အင်း.. ဒီတစ်ကြိမ်တော့ သူဘာလုပ်လိမ့်မလဲလို့ပဲ စောင့်ကြည့်နေခဲ့တယ်။နောက်ဝယ်သူတစ်ယောက်ရောက်လာလို့ ငရုတ်သီးစပ်လားလို့ မေးတဲ့အခါ ရောင်းသူက

“အခွံပျော့တာက စပ်တယ်။ မာတာက မစပ်ဘူး”လို့ဆိုတယ်။ ရောင်းသူကို ကျွန်တော်စိတ်ထဲချီးကျူးမိတယ်။ တစ်နေကုန်နေလှန်းခံထားရတဲ့ ငရုတ်သီးတချို့က ရေဓာတ်ခြောက်ပြီး ပျော့နေခဲ့ပြီ။ငရုတ်သီးတွေရောင်းကုန်သွားတော့ ငရုတ်သီးရောင်းသူက ထွက်မသွားခင်

ကျွန်တော့်ကို စကားတစ်ခွန်းပြောခဲ့တယ်။”ရှင်ပြောတဲ့ ငရုတ်သီးရောင်းနည်းကို လူတိုင်းသိတယ်။ အဲ.. ကျွန်မရဲ့နည်းကိုတော့ ကျွန်မကိုယ်တိုင်ပဲသိတယ်တဲ့..”ဘဝထဲက အသိဉာဏ်တွေကို စာအဖြစ်ရေးဖွဲသီကုံးနိုင်ကြတယ်။ ဒါပေမယ့် စာအုပ်ထဲက အသိဉာဏ်အတိုင်း

ဘဝမှာ လွယ်လွယ်ကူကူ ရှင်သန်လို့မရနိုင်ခဲ့ဘူး။ အကြောင်းက ဘဝဆိုတာ လှုပ်ရှားသက်ဝင်နေရတဲ့အရာမို့ ဖြစ်တယ်။ ငရုတ်သီးရောင်းသူကြောင့်..အသိဉာဏ်ထဲမှာ စိတ်ကြီးဝင်ခြင်းတွေ ရောစပ်မနေပါစေနဲ့။

စိတ်ကြီးဝင်ခြင်းထဲမှာလည်း အသိဉာဏ်တွေ ကင်းမဲ့မနေပါစေနဲ့… ဆိုတဲ့အသိကို ကျွန်တော်ရလိုက်တော့တယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

အရမ္းေကာင္းတဲ့ ေစ်းေရာင္းနည္းေလး(ေစ်းေရာင္းသူတိုင္း သိထားသင့္တယ္ေနာ္…)
င႐ုတ္သီးေရာင္းသူေတြမွာ ဒီလိုအခက္အခဲမ်ိဳး ရွိေကာင္းရွိလိမ့္မယ္။ အဲဒီအခက္အခဲက င႐ုတ္သီးေရာင္းသူကို “င႐ုတ္သီးက စပ္လား”လို႔ ဝယ္သူေတြေမးၾကတဲ့ ေမးခြန္းျဖစ္တယ္။င႐ုတ္သီးေရာင္းသူက “စပ္တယ္”လို႔ ျပန္ေျဖရင္

င႐ုတ္သီးဝယ္သူ အစပ္မႀကိဳက္ခဲ့ရင္ မဝယ္ဘဲထြက္သြားေတာ့မယ္။ “မစပ္ဘူး”လို႔ ေျဖျပန္ရင္လည္း ဝယ္သူက အစပ္ႀကိဳက္သူဆိုရင္ ဒီအေရာင္းအဝယ္က မျဖစ္ေတာ့ဘူး။ဒီလိုအခက္ အခဲကို ေျဖရွင္းတဲ့နည္းက အားလုံးသိၾကတဲ့နည္းျဖစ္တယ္။

င႐ုတ္သီးကို ႏွစ္ပုံခြဲလိုက္မယ္။ တစ္ပုံကစပ္တယ္၊ တစ္ပုံကမစပ္ဘူးဆိုၿပီး ေရာင္းရင္ ဝယ္သူက သူ႔စိတ္ႀကိဳက္တစ္ပုံေ႐ြးလိမ့္မယ္။ ဒါက အမ်ားသိတဲ့ စာအုပ္ထဲမွာေရးထားတဲ့နည္းျဖစ္တယ္။တစ္ေန႔မွာ ကြၽန္ ေတာ္အားေနတာနဲ႔ င႐ုတ္သီးေရာင္းသူေဘးမွာထိုင္

ဒီအခက္အခဲကို သူဘယ္လိုေျဖရွင္းမလဲဆိုၿပီး ေစာင့္ၾကည့္ခဲ့တယ္။ ၿပီးေတာ့ ဝယ္သူမရွိတဲ့အခိုက္ ေရာင္းသူကို လူတတ္ႀကီးလုပ္ၿပီး ကြၽန္ေတာ္သြားေျပာလိုက္ေသးတယ္။ “အစ္မႀကီး.. င႐ုတ္သီးကို ႏွစ္ပုံပုံလိုက္ေလ.. ဝယ္သူက စပ္တာလိုခ်င္တယ္ဆိုရင္

ဟိုတစ္ပုံကိုထိုးျပလိုက္၊ မစပ္တာလိုခ်င္ရင္ ဒီတစ္ပုံကိုထိုးျပလိုက္လုပ္ေပါ့”ကြၽန္ေတာ္ေျပာတာကို ေရာင္းသူကနားေထာင္ၿပီး ရယ္တယ္.. ၿပီးေတာ့ “မလိုပါဘူး.. “လို႔ဆိုတယ္။ အဲဒီမွာ င႐ုတ္သီးဝယ္သူတစ္ေယာက္ ေရာက္လာတယ္။

ထုံးစံအတိုင္း “အစ္မႀကီး.. အစ္မႀကီးရဲ႕င႐ုတ္သီးက စပ္လား”လို႔ေမးတယ္။ေရာင္းသူအမ်ိဳးသမီးက “အေရာင္ေတာက္တာ စပ္တယ္၊ အေရာင္ေဖ်ာ့တာ မစပ္ဘူး”လို႔ဆိုတယ္။ ဝယ္သူက သူႀကိဳက္တာကို ေ႐ြးဝယ္ၿပီး ထြက္သြားခဲ့တယ္။ ဒီကေန႔က ဘာေန႔လို႔ဆိုရမလဲ..

လူတိုင္းက အေရာင္ေဖ်ာ့တဲ့မစပ္ဘူးဆိုတဲ့ င႐ုတ္သီးကိုပဲ ေ႐ြးဝယ္ခဲ့ၾကတယ္။ တေအာင့္ၾကာေတာ့ အေရာင္ေဖ်ာ့င႐ုတ္သီးေတြ မရွိသေလာက္ျဖစ္သြားတယ္။ အဲဒီမွာ ကြၽန္ေတာ္က “က်န္တဲ့င႐ုတ္သီးေတြကို ႏွစ္ပုံခြဲလိုက္ပါ။ မဟုတ္ရင္ ေရာင္းရခက္လိမ့္မယ္”လို႔ ေျပာေတာ့

ေရာင္းသူက ၿပဳံးၿပဳံးရယ္ရယ္နဲ႔ ေခါင္းခါျပၿပီး “မလိုပါဘူး..”လို႔ဆိုျပန္တယ္။ဝယ္သူတစ္ေယာက္ ေရာက္လာျပန္တယ္။ ”င႐ုတ္သီး စပ္လား”ေရာင္းသူက ကိုယ့္င႐ုတ္သီးကိုၾကည့္ၿပီး “အေတာင့္ရွည္က စပ္တယ္။ အတိုက မစပ္ဘူး”လို႔ဆိုတယ္။ အဲဒီလိုနဲ႔ေရာင္းရင္

င႐ုတ္သီးအေတာင့္တိုေတြပဲ က်န္ခဲ့ေတာ့တယ္။ နီနီရဲရဲ င႐ုတ္သီးေတာင့္တိုေတြကို ၾကည့္ၿပီး ကြၽန္ေတာ္ ဘာမွမေျပာခဲ့ေတာ့ဘူး။ အင္း.. ဒီတစ္ႀကိမ္ေတာ့ သူဘာလုပ္လိမ့္မလဲလို႔ပဲ ေစာင့္ၾကည့္ေနခဲ့တယ္။ေနာက္ဝယ္သူတစ္ေယာက္ေရာက္လာလို႔ င႐ုတ္သီးစပ္လားလို႔ ေမးတဲ့အခါ ေရာင္းသူက

“အခြံေပ်ာ့တာက စပ္တယ္။ မာတာက မစပ္ဘူး”လို႔ဆိုတယ္။ ေရာင္းသူကို ကြၽန္ေတာ္စိတ္ထဲခ်ီးက်ဴးမိတယ္။ တစ္ေနကုန္ေနလွန္းခံထားရတဲ့ င႐ုတ္သီးတခ်ိဳ႕က ေရဓာတ္ေျခာက္ၿပီး ေပ်ာ့ေနခဲ့ၿပီ။င႐ုတ္သီးေတြေရာင္းကုန္သြားေတာ့ င႐ုတ္သီးေရာင္းသူက ထြက္မသြားခင္

ကြၽန္ေတာ့္ကို စကားတစ္ခြန္းေျပာခဲ့တယ္။”ရွင္ေျပာတဲ့ င႐ုတ္သီးေရာင္းနည္းကို လူတိုင္းသိတယ္။ အဲ.. ကြၽန္မရဲ႕နည္းကိုေတာ့ ကြၽန္မကိုယ္တိုင္ပဲသိတယ္တဲ့..”ဘဝထဲက အသိဉာဏ္ေတြကို စာအျဖစ္ေရးဖြဲသီကုံးႏိုင္ၾကတယ္။ ဒါေပမယ့္ စာအုပ္ထဲက အသိဉာဏ္အတိုင္း

ဘဝမွာ လြယ္လြယ္ကူကူ ရွင္သန္လို႔မရႏိုင္ခဲ့ဘူး။ အေၾကာင္းက ဘဝဆိုတာ လႈပ္ရွားသက္ဝင္ေနရတဲ့အရာမို႔ ျဖစ္တယ္။ င႐ုတ္သီးေရာင္းသူေၾကာင့္..အသိဉာဏ္ထဲမွာ စိတ္ႀကီးဝင္ျခင္းေတြ ေရာစပ္မေနပါေစနဲ႔။

စိတ္ႀကီးဝင္ျခင္းထဲမွာလည္း အသိဉာဏ္ေတြ ကင္းမဲ့မေနပါေစနဲ႔… ဆိုတဲ့အသိကို ကြၽန္ေတာ္ရလိုက္ေတာ့တယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။