ဒီဇင်ဘာ(၁၅)ရက်နေ့ ညနေ(၆)နာရီက ကောင်းကင်မှာတွေ့မြင်ရသည့်အလင်းတန်း၏နောက်ကွယ်ကအကြောင်းအရင်း

ဒီဇင်ဘာ(၁၅)ရက်နေ့ ညနေ(၆)နာရီက ကောင်းကင်မှာတွေ့မြင်ရသည့်အလင်းတန်း၏နောက်ကွယ်ကအကြောင်းအရင်း

ဒီဇင်ဘာ ၁၅ ရက်နေ့ညနေပိုင်းမြန်မာနိုင်ငံ ဒေသအတော်များများကမြင်တွေ့လိုက်ရတဲ့ကောင်းကင်ပေါ်က အလင်းတန်း၏နောက်ကွယ်ကအကြောင်းအရင်းကတော့အိန္ဒိယနိုင်ငံက လွှတ်တင်တဲ့ Agni-5 Ballistic Missile တာဝေးပစ်ဒုံးပျံကြောင့်ဖြစ်နိုင်တယ်လို့ Myanmar Astronomy & Science Enthusiasts Society (MASES) ကပြောပါတယ်။

“ မနေ့ ညနေ ၆ နာရီခွဲလောက်ကမြန်မာနိုင်ငံဒေသတော်တော်များများမှာအလင်းတန်းကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။မြင်ရတဲ့အချိန်ကမကြာမြင့်ပဲပြန်ပျောက်သွားတာပါ။ဒီလိုမျိုး ကောင်းကင်မှာမြင်ရတဲ့အလင်းတန်းပုံသဏ္ဍန်မျိုးကများသောအားဖြင့်ဂြိုဟ်တုတွေကိုသယ်ဆောင်သွားတဲ့အာကာသဒုံးပျံတွေကြောင့်ဖြစ်တတ်တာပါ။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကလွှတ်တင်မယ်ကြေငြာထားတဲ့တာဝေးပစ်ဒုံးပျံပါ။ ၁၅ ရက်နဲ့ ၁၆ ရက်အတွင်းလွှတ်တင်မယ်ရေးထားတာကြောင့်အချိန်တော့တိုက်ဆိုင်ပါတယ်။နိုင်ငံကာကွယ်ရေး နဲ့သက်ဆိုင်တာကြောင့်အိန္ဒိယကလဲသတင်းအချက်အလက်ကိုအတိအကျရေးထားတာမျိုးမတွေ့ရပါဘူး။

ဘာပဲဖြစ်ဖြစ် အလွန်ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုတော့မဟုတ်ပါဘူး။ဒုံးပျံအမြဲလွှတ်တင်နေတဲ့ အမေရိကန်နိုင်ငံမှာဆိုဒီလို အလင်းတန်းမျိုးကအမြဲမြင်တွေ့နေရတတ်ပါတယ်” လို့ MASES ကထုတ်ပြန်ထားပါတယ်။အဆိုပါ အလင်းတန်းတစ်ခုကိုဒီဇင်ဘာလ(၁၅)ရက်နေ့ ညပိုင်းကမြန်မာနိုင်ငံရှိတိုင်းနဲ့ ပြည်နယ်အချို့ကမြို့နယ်များမှမြင်တွေ့ခဲ့ရပြီး

အထူးသဖြင့် ရခိုင်၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်ရှိ ဒေသအချို့ကလည်း မြင်တွေ့ခဲ့ကြတယ်လို့ ဒေသခံတွေကလူမှုကွန်ယက်မှာဝေမျှထားပါတယ်။India Today သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဒီဇင်ဘာလ၁၅ ရက်ညနေပိုင်းမှာအိန္ဒိယနိုင်ငံအရှေ့ဘက်အိုရီဆာပြည်နယ်ကမ်းခြေမှ

နျူကလီယားထိပ်ဖူး သယ်ဆောင်နိုင်သော Agni-5 အမည်ရှိ (Agni – V Intercontinental Ballistic Missile (ICBM) ဒုံးကျည်ကို စမ်းသပ်လွှတ်တင်ခဲ့ပြီး ကီလိုမီတာ ၅၅၀၀ ခန့် ပျံသန်းသွားခြင်းကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့တော့ဖော်ပြထားပါတယ်။

Zawgyi

ဒီဇင္ဘာ(၁၅)ရက္ေန႔ ညေန(၆)နာရီက ေကာင္းကင္မွာေတြ႕ျမင္ရသည့္အလင္းတန္း၏ေနာက္ကြယ္ကအေၾကာင္းအရင္း

ဒီဇင္ဘာ ၁၅ ရက္ေန႔ညေနပိုင္းျမန္မာႏိုင္ငံ ေဒသအေတာ္မ်ားမ်ားကျမင္ေတြ႕လိုက္ရတဲ့ေကာင္းကင္ေပၚက အလင္းတန္း၏ေနာက္ကြယ္ကအေၾကာင္းအရင္းကေတာ့အိႏၵိယႏိုင္ငံက လႊတ္တင္တဲ့ Agni-5 Ballistic Missile တာေဝးပစ္ဒုံးပ်ံေၾကာင့္ျဖစ္ႏိုင္တယ္လို႔ Myanmar Astronomy & Science Enthusiasts Society (MASES) ကေျပာပါတယ္။

“ မေန႔ ညေန ၆ နာရီခြဲေလာက္ကျမန္မာႏိုင္ငံေဒသေတာ္ေတာ္မ်ားမ်ားမွာအလင္းတန္းႀကီးတစ္ခုကိုျမင္လိုက္ရပါတယ္။ျမင္ရတဲ့အခ်ိန္ကမၾကာျမင့္ပဲျပန္ေပ်ာက္သြားတာပါ။ဒီလိုမ်ိဳး ေကာင္းကင္မွာျမင္ရတဲ့အလင္းတန္းပုံသ႑န္မ်ိဳးကမ်ားေသာအားျဖင့္ၿဂိဳဟ္တုေတြကိုသယ္ေဆာင္သြားတဲ့အာကာသဒုံးပ်ံေတြေၾကာင့္ျဖစ္တတ္တာပါ။

အိႏၵိယႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနကလႊတ္တင္မယ္ေၾကျငာထားတဲ့တာေဝးပစ္ဒုံးပ်ံပါ။ ၁၅ ရက္နဲ႔ ၁၆ ရက္အတြင္းလႊတ္တင္မယ္ေရးထားတာေၾကာင့္အခ်ိန္ေတာ့တိုက္ဆိုင္ပါတယ္။ႏိုင္ငံကာကြယ္ေရး နဲ႔သက္ဆိုင္တာေၾကာင့္အိႏၵိယကလဲသတင္းအခ်က္အလက္ကိုအတိအက်ေရးထားတာမ်ိဳးမေတြ႕ရပါဘူး။

ဘာပဲျဖစ္ျဖစ္ အလြန္ထူးဆန္းတဲ့ ျဖစ္စဥ္တစ္ခုေတာ့မဟုတ္ပါဘူး။ဒုံးပ်ံအၿမဲလႊတ္တင္ေနတဲ့ အေမရိကန္ႏိုင္ငံမွာဆိုဒီလို အလင္းတန္းမ်ိဳးကအၿမဲျမင္ေတြ႕ေနရတတ္ပါတယ္” လို႔ MASES ကထုတ္ျပန္ထားပါတယ္။အဆိုပါ အလင္းတန္းတစ္ခုကိုဒီဇင္ဘာလ(၁၅)ရက္ေန႔ ညပိုင္းကျမန္မာႏိုင္ငံရွိတိုင္းနဲ႔ ျပည္နယ္အခ်ိဳ႕ကၿမိဳ႕နယ္မ်ားမွျမင္ေတြ႕ခဲ့ရၿပီး

အထူးသျဖင့္ ရခိုင္၊ မႏၲေလး၊ ရန္ကုန္၊ စစ္ကိုင္းနဲ႔ ရွမ္းျပည္နယ္ရွိ ေဒသအခ်ိဳ႕ကလည္း ျမင္ေတြ႕ခဲ့ၾကတယ္လို႔ ေဒသခံေတြကလူမႈကြန္ယက္မွာေဝမွ်ထားပါတယ္။India Today သတင္းဌာနရဲ႕ထုတ္ျပန္ခ်က္အရဒီဇင္ဘာလ၁၅ ရက္ညေနပိုင္းမွာအိႏၵိယႏိုင္ငံအေရွ႕ဘက္အိုရီဆာျပည္နယ္ကမ္းေျခမွ

န်ဴကလီယားထိပ္ဖူး သယ္ေဆာင္ႏိုင္ေသာ Agni-5 အမည္ရွိ (Agni – V Intercontinental Ballistic Missile (ICBM) ဒုံးက်ည္ကို စမ္းသပ္လႊတ္တင္ခဲ့ၿပီး ကီလိုမီတာ ၅၅၀၀ ခန္႔ ပ်ံသန္းသြားျခင္းကို ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့တယ္လို႔ေတာ့ေဖာ္ျပထားပါတယ္။