မန်ချက်စတာ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်သူနှင့် တွေ့ဆုံခဲ့သည့် သရုပ်ဆောင်စမိုင်းလ်

မန်ချက်စတာ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်သူနှင့် တွေ့ဆုံခဲ့သည့် သရုပ်ဆောင်စမိုင်းလ်

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်က မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ဂလေဇာနဲ့တွေ့ဆုံခဲ့တဲ့ပုံကိုသူရဲ့လူမှုကွန်ယက်မှတစ်ဆင့်ဝေမျှထားတာပါ။စမိုင်းလ်က “Manchester United ရဲ့ပိုင်ရှင် Mr Avram Glazer နဲ့အမှတ်တရ” လို့ဆိုပြီးရေးသားထားပါတယ်။

မန်ယူနိုက်အသင်းရဲ့အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုကတော့အသင်းကို ရောင်းချဖို့အတွက်အရောင်းစာရင်းတင်ထားပြီးအသင်းကလည်း အသင်းရဲ့ ဒါရိုက်တာများပါဝင်သောဘုတ်အဖွဲ့ဟာကလပ်အသင်းအတွက်နည်းဗျူဟာကျသောလမ်းကြောင်းများကိုစတင်ရှာဖွေနေပြီလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာရုပ်ရှင်သရုပ်‌ဆောင်စမိုင်းလ်က အမေရိကန်မှာဒေါ်လာ ၁၆ သန်းတန် ဇိမ်ခံအိမ်ကြီးကို ဝယ်ယူထားပြီးပြည်တွင်းကလူမှုကွန်ယက်အသုံးပြုတွေအကြားမှာမန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ယူဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။

Zawgyi



