KBZ Bank နာမည်ဖြင့် ဝက်ဘ်ဆိုက်အတုများဖြင့် လိမ်လည်မှုများရှိနေ

KBZ Bank နာမည်ဖြင့် ဝက်ဘ်ဆိုက်အတုများဖြင့် လိမ်လည်မှုများရှိနေ

ကမ္ဘောဇဘဏ်နာမည်နဲ့ ထင်ယောင်ထင်မှားဖြစ်စေသော ဝက်ဘ်ဆိုက်အတုများဖြင့် လိမ်လည်မှုများ ရှိနေကြောင်းသိရပါတယ်။မသမာသူများဟာကမ္ဘောဇဘဏ်ဟုထင်ယောင်ထင်မှားဖြစ်စေနိုင်သောဝက်ဘ်ဆိုက်အတုများကိုဖန်တီးပြုလုပ်ကာ Email သို့မဟုတ် ဖုန်း SMS မှတစ်ဆင့် စာတိုပေးပို့ပြီး

Customer များရဲ့ငွေကြေးဆိုင်ရာအချက်အလက်များခိုးယူနေကြောင်းကမ္ဘောဇဘဏ်ရဲ့လူမှုကွန်ယက်ကနေ ထုတ်ပြန်ထားပါတယ်။ KBZ mBanking Username နှင့် Password များ၊ Credit/Debit ကတ်နံပါတ်များ၊

Expiry Date နှင့်ကတ်အနောက်ဘက်တွင်ရှိသော Security Code များကို ဖြည့်သွင်းစေတဲ့နည်းနဲ့ငွေကြေးလိမ်လည်မှုများကိုကျူးလွန်တာဖြစ်တယ်လို့ ဘဏ်တာဝန်ရှိသူတွေကအသိပေးထားပါတယ်။ကမ္ဘောဇဘဏ်ရဲ့ customer များအနေနဲ့သံသယတစ်စုံတစ်ရာရှိပါကနီးစပ်ရာဘဏ်ခွဲ

(သို့မဟုတ်) ပိတ်ရက်မရှိခေါ်ဆိုနိုင်သည့် Call Center ရဲ့ ဖုန်းနံပါတ် ၀၉ -၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်အတည်ပြုနိုင်ကြောင်းကမ္ဘောဇဘဏ်ရဲ့ လူမှုကွန်ယက်ကနေအသိပေးထုတ်ပြန်ထားပါတယ်။အားလုံးပဲသတိပြု၍ လိမ်လည်လှည့်ဖြားခံခြင်းမှ ကင်းဝေးကြပါစေ။

Zawgyi




