လမ်းဘေးမှာပန်းရောင်းရင်း ကိုယ်ပိုင်ကားနဲ့မြေကွက်တွေများစွာ ဝယ်ယူနိုင်ခဲ့သူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံများ

ဘဝဆိုတဲ့ပင်လယ်ထဲမှာလူသားအားလုံးကတော့ အမည်မတူတဲ့ ဒုက္ခဖောင်တွေကိုစီးရင်း ရုန်းကန်နေကြရသူတွေဖြစ်ပါတယ်။

ဒီအထဲမှာအချို့ကတော့လှော်ရင်းနဲ့တက်ကျိုးခဲ့ကြသလို၊တချို့ကလည်းတက်ကျိုးပေမယ့်လက်ထိုးလှော်သူတွေရှိနေပါတယ်နော်။

တက်ကျိုးတာကိုပဲစာဖွဲ့နေရင်ဘယ်လိုကမ်းကို ဆိုက်တော့မလဲ။ ဒီအထဲမှာမှ ကိုကောင်းမြတ်ကတော့ထူးထူးခြားခြား တစ်ယောက်ပါပဲ။

မွေးထားတဲ့မိခင်တွေက ဘုန်းကြီးကျောင်းမှာစွန့်ပစ်ခဲ့သလို၊ ကိုယ်တိုင်ကလည်းရူးမိုက်တတ်တဲ့ငယ်ရွယ်ချိန်မှာဘုန်းကြီးကျောင်းကထွက်ပြေးပြီးဘဝကိုဘကုန်းကစလို့ကြွယ်ဝလာတဲ့အထိ ရုန်းကန်ခဲ့ရတယ်။

သူ့ဘဝဟာဖတ်ဖူးနေကြတဲ့ ဝတ္ထုဇာတ်ကောင်ဆန်ပေမယ့်၊ ရုန်းကန်ရသူတွေအတွက်တော့ ဖြတ်သန်းခဲ့တဲ့နေ့ရက်တိုင်းဟာရသမမြောက်ခဲ့ပါဘူး။

ကျရှုံးခဲ့တယ်၊ ကြိုးစားခဲ့တယ်၊ အောင်မြင်ခဲ့တယ်၊ ကိုကောင်းမြတ်ကတော့ အကောင်းဆုံး ကြိုးစားသူတစ်ယောက်ပါပဲ။

သူ့စိတ်ဓာတ်ကို သူမောင်းတင်ရင်းဘဝကိုအရှုံးမပေးပဲ ဖြတ်သန်းခဲ့သူပါ။ သူ့ရဲ့လက်ကိုင်စကားကတော့(ဘယ်လောက်ရှာနိုင်ရှာနိုင်၊အသုံးစားရိတ်ကို ပုံမှန်သာသုံးပြီး၊ ပိုငွေအားလုံးကိုစုဆောင်းလိုက်ပါ) တဲ့။

တကယ်ကောင်းတဲ့စကားလေးပါနော်။သူ့ဘဝအစနဲ့လက်ရှိအခြေအနေကိုတော့သူကိုယ်တိုင်ပြောပြတာကို နားထောင်စေချင်ပါတယ်။

ပြီးရင်တော့ ကိုယ့်ဘဝနဲ့ချိန်ထိုးကြည့်ရင် ငါဘာလို့မအောင်မြင်တာလဲဆိုတဲ့ အချက်တွေကို ပြန်လည်ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၇) ရက်သားသမီးအားလုံးကျန်းမာအောင်မြင်ကြပါစေ။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရစ်ဒစ်

Zawgyi

ဘဝဆိုတဲ့ပင္လယ္ထဲမွာလူသားအားလုံးကေတာ့ အမည္မတူတဲ့ ဒုကၡေဖာင္ေတြကိုစီးရင္း ႐ုန္းကန္ေနၾကရသူေတြျဖစ္ပါတယ္။

ဒီအထဲမွာအခ်ိဳ႕ကေတာ့ေလွာ္ရင္းနဲ႔တက္က်ိဳးခဲ့ၾကသလို၊တခ်ိဳ႕ကလည္းတက္က်ိဳးေပမယ့္လက္ထိုးေလွာ္သူေတြရွိေနပါတယ္ေနာ္။

တက္က်ိဳးတာကိုပဲစာဖြဲ႕ေနရင္ဘယ္လိုကမ္းကို ဆိုက္ေတာ့မလဲ။ ဒီအထဲမွာမွ ကိုေကာင္းျမတ္ကေတာ့ထူးထူးျခားျခား တစ္ေယာက္ပါပဲ။

ေမြးထားတဲ့မိခင္ေတြက ဘုန္းႀကီးေက်ာင္းမွာစြန႔္ပစ္ခဲ့သလို၊ ကိုယ္တိုင္ကလည္း႐ူးမိုက္တတ္တဲ့ငယ္႐ြယ္ခ်ိန္မွာဘုန္းႀကီးေက်ာင္းကထြက္ေျပးၿပီးဘဝကိုဘကုန္းကစလို႔ႂကြယ္ဝလာတဲ့အထိ ႐ုန္းကန္ခဲ့ရတယ္။

သူ႔ဘဝဟာဖတ္ဖူးေနၾကတဲ့ ဝတၳဳဇာတ္ေကာင္ဆန္ေပမယ့္၊ ႐ုန္းကန္ရသူေတြအတြက္ေတာ့ ျဖတ္သန္းခဲ့တဲ့ေန႔ရက္တိုင္းဟာရသမေျမာက္ခဲ့ပါဘူး။

က်ရႈံးခဲ့တယ္၊ ႀကိဳးစားခဲ့တယ္၊ ေအာင္ျမင္ခဲ့တယ္၊ ကိုေကာင္းျမတ္ကေတာ့ အေကာင္းဆုံး ႀကိဳးစားသူတစ္ေယာက္ပါပဲ။

သူ႔စိတ္ဓာတ္ကို သူေမာင္းတင္ရင္းဘဝကိုအရႈံးမေပးပဲ ျဖတ္သန္းခဲ့သူပါ။ သူ႔ရဲ႕လက္ကိုင္စကားကေတာ့(ဘယ္ေလာက္ရွာႏိုင္ရွာႏိုင္၊အသုံးစားရိတ္ကို ပုံမွန္သာသုံးၿပီး၊ ပိုေငြအားလုံးကိုစုေဆာင္းလိုက္ပါ) တဲ့။

တကယ္ေကာင္းတဲ့စကားေလးပါေနာ္။သူ႔ဘဝအစနဲ႔လက္ရွိအေျခအေနကိုေတာ့သူကိုယ္တိုင္ေျပာျပတာကို နားေထာင္ေစခ်င္ပါတယ္။

ၿပီးရင္ေတာ့ ကိုယ့္ဘဝနဲ႔ခ်ိန္ထိုးၾကည့္ရင္ ငါဘာလို႔မေအာင္ျမင္တာလဲဆိုတဲ့ အခ်က္ေတြကို ျပန္လည္ရွာေဖြႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

(၇) ရက္သားသမီးအားလုံးက်န္းမာေအာင္ျမင္ၾကပါေစ။

အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။

ခရစ္ဒစ္