အမြတ်ငွေသိန်းချီရရှိနိုင်ပြီး ခူးမနိုင်အောင်သီးတဲ့ ဘူးသီးစိုက်ပျိုးနည်း

ဘူးသီး၏ပုံသဏ္ဍာန် အမျိုးအစား ကိုလိုက်၍ဘူးသပိတ်ဘူးလည်လှ၊ဘူးရှည်စကဘူးရှည် နှင့်ဘူးရေမှုတ်ဟုအမျိုးမျိုးရှိ ပါသည်ရေမြေရာသီဥတုဘူးသည်မြေသြဇာထက် သန် သော မြေတွင်ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်

မြေအချဉ်၊အငံဓာတ်(၆-၇)ကြားတွင်ပိုမိုဖြစ်ထွန်းပါသည်။ပူ နွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးအအေးဒဏ်ကိုအသင့်တင့်ခံနိုင်သည်သို့သော်ဆီးနှင်းဒဏ်ကိုခံနိုင်ရည်မရှိပါမြေပြုပြင်ခြင်းဘူးသည်စင်တင်စိုက်ပျိုးသောအပင်မျိုးဖြစ်ပြီး ဘောင်တင်၍လည်းစိုက်နိုင်သည်။

စိုက်ဘောင်မြေကို ပေါက်တူးဖြင့်ပေါက်ပြီးမြေဆွေးနှင့်သမအောင်ရော၍စိုက်ဘောင်ပြုလုပ်ပါ စိုက်ဘောင် တစ်ဘောင်လျှင် အလျား(၅)ပေ၊အနံ(၃)ပေ၊အမြင့်(၁)ပေခန့် ပြုလုပ်ကြပါသည်။မြေသြဇာကျွေးနည်းဘူးတစ်ဧကလျှင် နွားချေး(သို့)သစ်ဆွေးမြေသြဇာ တန်(၂၀ ၃၀)အထိလိုအပ်ပြီးဓာတ်မြေသြဇာတစ်ဧကလျှင်ယူရီးယား(၂၀) Kg နှင့်တီစူပါ(၂၄)Kgလိုပါသည်။

စိုက်ဘောင်များ ပြုလုပ်ရာတွင်ဓာတ်မြေသြဇာနှင့် မြေ ဆွေးများကိုသမအောင်ရောပေးရမည်တီစူပါဓာတ်မြေသြဇာကိုပထမအကြိမ်(၂၀)kg နှင့် ယူရီးယားမြေသြဇာ(၁၀)kgကိုစိုက်ဘောင်ပြုလုပ်စဉ်ထည့်ပေးပြီးနောက် ကျန်(၁၀)kgကို ဘူးပင် ပန်းစပွင့်ချိန်တွင်ထည့်ပေးရမည်။ပျိုးထောင်နည်းမြေဆွေးထည့်ထားသောပလတ်စတစ်အိတ်တွင်ဘူးစေ့(၂)စေ့ခန့်ထည့်ပြီးပျိုးနိုင်သည်စိုက်ပြီး(၁၀)ရက်ခန့်ကြာလျှင် ပျိုးပင် ပေါက်လာမည်။

အပင်(၃-၄)ရွက်ထွက်လျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။စိုက်ပျိုးနည်းဘူးပင်ကိုအထက်မြန်မာပြည်၌မေလနှင့်ဇွန်လများတွင်စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူဆောင်းတွင်းပိုင်းအောက်တိုဘာလတွင်အများအပြားစိုက်ပျိုးပါသည်

စိုက်ပျိုးနည်းမှာ မြေ ဆွေး၊ဓာတ်မြေသြဇာများသမအောင်မွှေထားသောမြေကိုစိုက်ဘောင်များ ပြုလုပ်၍စိုက်ပျိုးပါသည်။စင်တင်စိုက်ပါကစိုက်ဘောင်အလျား(၅)ပေ၊အနံ(၃)ပေ၊အမြင့်(၁)ပေခန့်ဘောင်ပြုလုပ်ပြီးဘူးစေ့များကို

တစ်ကျင်းနှင့်တစ်ကျင်း(၁)ပေခြား၍တစ်ကျင်းလျှင် ဘူးစေ့(၇)စေ့စိုက်ရသည်ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်(၂)ပင် ချန်ထားလျှင် သင့်တော်၏ကျင်းဖြင့်စိုက်ပျိုးပါကအနက်(၁.၅)ပေ၊အနံ(၂)ပေ၊အလျား(၃)ပေရှိ

ကျင်းများတူးပြီးနွားချေးနှင့် မြေဆွေးဆတူရော၍ကျင်းနှုတ်မ်း၃-၄လက်မခန့်အထိထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုးကိုဖို့ရမည်တစ်ကျင်းလျှင်(၇-၈)ပင်ခန့်စိုက်ရမည်အပင်ငယ်များတစ်ထွာခန့်မြင့်လာသောအခါတစ်ကျင်းလျှင်

(၂)ပင်ချန်ပြီးကျန်အပင်များကိုနုတ်ပစ်ရမည်အပင်ကလေးများနွယ်တက်နိုင်ရန်ဝါးခြမ်းထောင်ပေးရမည်။အပင်ကလေးများလသားအထိအပင်ခြေရင်း ပေါင်းလိုက်ပေးရမည်။ဘူးကို မေနှင့်ဇွန်လများတွင်စိုက်ပျိုးနိုင်သကဲ့သို့

အောက်တိုဘာနှင့်နိုဝင်ဘာလများတွင်စိုက်ပျိုးနိုင်သည်တစ်ဧကလျှင်မျိုး စေ့နှုန်းမှာ(၂-၃)ကီ လိုဂရမ်လိုအပ်ပါသည်။ရေသွင်းစိုက်ပျိုးနည်းအထက်မြန်မာပြည်တွင်ဘူးကိုမိုးတွင်းတွင် စိုက်ကြသဖြင့်မိုးတစ်ပတ်ခန့်ပြတ်သွားပါက

ရေလောင်းပေးရန်လိုအပ်ပါသည်အောက်မြန်မာပြည်တွင်ဆောင်းစိုက်ခင်းများအတွက်မူ(၃)ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုပါသည်ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင်ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုအပ်ပါသည်

အသီးခူးဆွတ်နည်းဘူးသီးကို စိုက်ပြီးနောက်(၇၅ ၉၀)ရက်အကြာတွင်စတင်ဆွတ်ခူးနိုင်သည်ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်းအခါးဓာတ်ရှိ၏သို့အတွက်ဘူးကိုမနုမရင့်အနေတော်ခူးရ၏

တစ်ဧကလျှင် ဘေူးသီးလုံးရေ(၆၀၀၀)မှ(၈၀၀၀)အထိထွက်၏မှတ်ချက်ကျိုင်းကောင်နှင့်ပျပိုးများကိုထိရောက်စွာနှိမ်နင်းရန်လိုအပ်ပါသည်ထိရောက်စွာမနှိမ်နင်းနိုင်ပါကအပင်ငယ်များသေကြေပျက်စီးနိုင်ပါသည်

ဘူးပင်ကိုပိုးသတ် ဆေးဖျန်းပါကဒီဒီတီ၊ဘီအိပ်ခ်ျစီ၊အင်ဒရင်းစသောဆေးများမဖျန်းသင့်ပါဘူးပင်အညွန့်စင်ပေါ်ရောက်ပါကအညွန့်ဖြတ်တောက်ပေးပါသို့မှသာ အညွန့်များ စင်ပေါ်ဖြာတက်ပြီး အသီးများပိုသီးပါမည်Credit

Zawgyi













