တာမွေတွင် စစ်ကားဗုံးခွဲခံရသည့် ဗီဒီယို လူမှုကွန်ရက်တွင် ပြန့်နှံ့လာ (ရုပ်သံ)

တာမွေတွင် စစ်ကားဗုံးခွဲခံရသည့် ဗီဒီယို လူမှုကွန်ရက်တွင် ပြန့်နှံ့လာ (Video)

ဗီဒီယိုဖိုင်ကို အောက်ဆုံးမှာတင်ပေးထားပါသည်။

ရန်ကုန်၊ ဇွန် ၂၀

တာမွေတွင် ဇွန်လ ၁၈ ရက်​နေ့ စစ်ကားဗုံးခွဲခံရသည့် ဗီဒီယို လူမှုကွန်ရက်တွင် ပြန့်နှံ့လာ​နေသည်။

တာမွေမြို့နယ်တွင် ဇွန်လ ၁၈ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ၁၄၆ လမ်းထိပ် ရပ်ထားသော စစ်ကားဗုံးပေါက်ကွဲမှုတွင် ဒုရဲအုပ်ဇေယျာနှင်းဦးသေဆုံးပြီး အခြားတပ်ဖွဲ့ဝင် ၆ ယောက် ဒဏ်ရာရရှိကာ ၃ ဦးမှာ စိုးရိမ်ရ ဒဏ်ရာ ရရှိ​ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကားဗုံးကွဲမှုတွင် ဒုရဲအုပ် ဇေယျာနှင်းဦးသေဆုံးကြောင်း၊ မင်္ဂလာဒုံတပ်နယ်မှ တပ်ကြပ်ကြီး ကိုကိုမောင် (ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တပ်သား ဟိန်းခန့်ဇော် (ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တပ်သား နေလင်းကိုကို(ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တပ်ကြပ် အောင်နိုင်ထွေး (ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)နှင့်​ ရဲတပ်သား ဟိန်းမင်းဦး (ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)၊ ရဲဒုတပ်ကြပ် အောင်သူ(ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

Video Credit- ​Facebook , Source – Khit Thit Media

———-

တာေမြတြင္ စစ္ကားဗုံးခြဲခံရသည့္ ဗီဒီယို လူမႈကြန္ရက္တြင္ ျပန္႔ႏွံ႔လာ (Video)

ရန္ကုန္၊ ဇြန္ ၂၀

တာေမြတြင္ ဇြန္လ ၁၈ ရက္​ေန႔ စစ္ကားဗုံးခြဲခံရသည့္ ဗီဒီယို လူမႈကြန္ရက္တြင္ ျပန္႔ႏွံ႔လာ​ေနသည္။

တာေမြၿမိဳ႕နယ္တြင္ ဇြန္လ ၁၈ ရက္ မြန္းလြဲ ၃ နာရီ ၂၀ မိနစ္တြင္ ၁၄၆ လမ္းထိပ္ ရပ္ထားေသာ စစ္ကားဗုံးေပါက္ကြဲမႈတြင္ ဒုရဲအုပ္ေဇယ်ာႏွင္းဦးေသဆုံးၿပီး အျခားတပ္ဖြဲ႕ဝင္ ၆ ေယာက္ ဒဏ္ရာရရွိကာ ၃ ဦးမွာ စိုးရိမ္ရ ဒဏ္ရာ ရရွိ​ေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီက ထုတ္ျပန္သည္။

စစ္ကားဗုံးကြဲမႈတြင္ ဒုရဲအုပ္ ေဇယ်ာႏွင္းဦးေသဆုံးေၾကာင္း၊ မဂၤလာဒုံတပ္နယ္မွ တပ္ၾကပ္ႀကီး ကိုကိုေမာင္ (ဒဏ္ရာစိစစ္ဆဲ၊ စိုးရိမ္ရ)၊ တပ္သား ဟိန္းခန႔္ေဇာ္ (ဒဏ္ရာစိစစ္ဆဲ၊ စိုးရိမ္ရ)၊ တပ္သား ေနလင္းကိုကို(ဒဏ္ရာစိစစ္ဆဲ၊ စိုးရိမ္ရ)၊ တပ္ၾကပ္ ေအာင္ႏိုင္ေထြး (ဒဏ္ရာစိစစ္ဆဲ၊ မစိုးရိမ္ရ)ႏွင့္​ ရဲတပ္သား ဟိန္းမင္းဦး (ဒဏ္ရာစိစစ္ဆဲ၊ မစိုးရိမ္ရ)၊ ရဲဒုတပ္ၾကပ္ ေအာင္သူ(ဒဏ္ရာစိစစ္ဆဲ၊ မစိုးရိမ္ရ)တို႔ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရွိရသည္။

Video Credit- ​Facebook , Source – Khit Thit Media