မလေးရှားနိုင်ငံတွင်ကျင်းပနေသည့် စကိတ်ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်ပေးခဲ့သည့် မောင်နှမနှစ်ဦး

မလေးရှားနိုင်ငံတွင်ကျင်းပနေသည့် စကိတ်ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်ပေးခဲ့သည့် မောင်နှမနှစ်ဦး

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် Melaka Inline Speed Open 2022 စကိတ်ပြိုင်ပွဲတွင် မြန်မာကစားသမား ၂ ဦးရွှေတံဆိပ် ၂ ခုရရှိထားတယ်လို့ မြန်မာနိုင်ငံစကိတ်စီးအားကစားအသင်း (Myanmar Skate Association) ကပြောပါတယ်။

မလေးရှားနိုင်ငံ မလကာမြို့မှာကျင်းပနေသည့်အဆိုပါပြိုင်ပွဲကိုလှိုင်သာယာသူရဲကောင်းလေးများ အသင်းမှမောင်နှမ ဖြစ်သောမောင်အင်အား (၁၃ နှစ်)နှင့် မမေခွန်အား (၁၂ နှစ်)တို့ ၂ ဦးဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပတဲ့ တာတိုမီတာ ၂၀၀ ပြိုင်ပွဲမှာရွှေတံဆိပ် ၂ ခု ရရှိထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံစကိတ်စီးအား ကစားအသင်းက “မေခွန်အား / အင်အား 200 M ရွှေ ၂ ခုစရပါပြီ” လို့ပြောကြားထားပါတယ်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မလက္ကာ အလွတ်တန်းဖိတ်ခေါ် ပြိုင်ပွဲအားလည်းကောင်းယှဉ်ပြိုင်ကစား မည်ဖြစ်ပြီးအသက် (၁၄) နှစ်အောက်လူငယ်ပြိုင်ပွဲအားအိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား ၊အင်ဒိုနီးရှားနိုင်ငံမှ ဖိတ်ခေါ်ကစားသမားများနှင့်မီတာ ၂၀၀ တွင်လည်းကောင်း၊

မီတာ ၄၀၀ တွင်လည်းအုပ်စုပွဲများအဖြစ်မလက္ကာမြို့၊ထွန်းဘာတီမာကွင်းတွင်ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ဆိုပါတယ်။

Zawgyi

မေလးရွားႏိုင္ငံတြင္က်င္းပေနသည့္ စကိတ္ၿပိဳင္ပြဲတြင္ ျမန္မာ့ဂုဏ္ေဆာင္ေပးခဲ့သည့္ ေမာင္ႏွမႏွစ္ဦး

မေလးရွားႏိုင္ငံတြင္ က်င္းပေနသည့္ Melaka Inline Speed Open 2022 စကိတ္ၿပိဳင္ပြဲတြင္ ျမန္မာကစားသမား ၂ ဦးေ႐ႊတံဆိပ္ ၂ ခုရရွိထားတယ္လို႔ ျမန္မာႏိုင္ငံစကိတ္စီးအားကစားအသင္း (Myanmar Skate Association) ကေျပာပါတယ္။

မေလးရွားႏိုင္ငံ မလကာၿမိဳ႕မွာက်င္းပေနသည့္အဆိုပါၿပိဳင္ပြဲကိုလႈိင္သာယာသူရဲေကာင္းေလးမ်ား အသင္းမွေမာင္ႏွမ ျဖစ္ေသာေမာင္အင္အား (၁၃ ႏွစ္)ႏွင့္ မေမခြန္အား (၁၂ ႏွစ္)တို႔ ၂ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ေနတာျဖစ္ၿပီး

ယေန႔ ဒီဇင္ဘာ ၁၇ ရက္ေန႔ နံနက္ပိုင္းက က်င္းပတဲ့ တာတိုမီတာ ၂၀၀ ၿပိဳင္ပြဲမွာေ႐ႊတံဆိပ္ ၂ ခု ရရွိထားတာျဖစ္ပါတယ္။ျမန္မာႏိုင္ငံစကိတ္စီးအား ကစားအသင္းက “ေမခြန္အား / အင္အား 200 M ေ႐ႊ ၂ ခုစရပါၿပီ” လို႔ေျပာၾကားထားပါတယ္။

ယေန႔ ဒီဇင္ဘာ ၁၇ ရက္ေန႔ မလကၠာ အလြတ္တန္းဖိတ္ေခၚ ၿပိဳင္ပြဲအားလည္းေကာင္းယွဥ္ၿပိဳင္ကစား မည္ျဖစ္ၿပီးအသက္ (၁၄) ႏွစ္ေအာက္လူငယ္ၿပိဳင္ပြဲအားအိႏၵိယ၊ စကၤာပူ၊ မေလးရွား ၊အင္ဒိုနီးရွားႏိုင္ငံမွ ဖိတ္ေခၚကစားသမားမ်ားႏွင့္မီတာ ၂၀၀ တြင္လည္းေကာင္း၊

မီတာ ၄၀၀ တြင္လည္းအုပ္စုပြဲမ်ားအျဖစ္မလကၠာၿမိဳ႕၊ထြန္းဘာတီမာကြင္းတြင္ယွဥ္ၿပိဳင္ကစားမွာျဖစ္တယ္လို႔ဆိုပါတယ္။