ယနေ့ထိ ခေတ်မှီနေဆဲဖြစ်တဲ့.. ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့ ငွေစုနည်းဗျူဟာ

ယနေ့ထိ ခေတ်မှီနေဆဲဖြစ်တဲ့.. ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့ ငွေစုနည်းဗျူဟာ

ဆရာဖေမြင့်ရဲ့… ဘဘီလုံမှာ အချမ်းသာဆုံး.. ပုဂ္ဂိုလ် စာအုပ်ထဲမှာ လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက် ရှိပါတယ်..။ အဲ့တာ ဘာလဲဆိုတော့…

” ငါရတဲ့ ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက် ကိုယ်ပိုင် ဥစ္စာ ဖြစ်စေရမည်တဲ့ “ ကျွန် တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင် ဟုတ်ပါရဲ့လား… စာထဲမှာ ညွှန်းဆို ထားတာကတော့ ..

မင်း အဝတ်ထည်တွေ ရဖို့ အပ်ချူပ်သမား ကို ပိုက်ဆံ မပေးရဘူးလား… ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေ မပေးရဘူးလား… အဲ့လိုပဲ အစားသောက်တွေ အတွက်ကော ဘေဘီလုံမြို့မှာ မင်း ပိုက်ဆံကို မသုံးရဘူးလား…

ပြီးခဲ့တဲ့ လက ရတဲ့ မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြား ကျန်သလဲ… ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူး မို့လား… တကယ်တော့ မင်းကိုယ်မင်းက လွဲပြီး လူတစ်ကာ ကို ပိုက်ဆံတွေ ပေးနေခဲ့တာပါတဲ့ ..

အဲ့လို မဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံ ကို စုဆောင်းခဲ့မယ် ဆိုရင်… ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက် ချမ်းသာနေမလဲ ..? ” အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့

ငါရတဲ့ ဝင်ငွေရဲ့ တစ်စိတ် တစ်ပိုင်းဟာ… ငါ့အတွက် ကိုယ်ပိုင် ဥစ္စာဖြစ်ရမည် ” ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက် သုံးမပြစ်ပဲ ဆယ်ပုံ တစ်ပုံလောက် ကို စုဆောင်းထားဖို့ပဲ ဖြစ်ပါတယ် ..

အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ… “ကိုယ် စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ် လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေ ဖြစ်ရမယ်… “တစ်နည်းအားဖြင့် စုဆောင်းရုံနဲ့ မပြီးဘူး

ပြန် လည် ရင်းနှီးပြီး ခိုင်းစေရမယ် .. အဲ့ကျေးကျွန် ငွေသားတွေကနေ တစ်ဆင့် နောက်ထပ် အစွယ်ဖွား သားသမီးတွေ မွေးနိုင်အောင် လုပ် ဆောင် ရမယ်တဲ့ ..။ မင်းဟာ ချမ်းသာချင်တဲ့ လူဆိုရင်…

မင်း စုဆောင်းသမျှ ကို တိုးပွားအောင် လုပ်ရပါမယ်တဲ့ ..။ ဒါကြောင့် ချမ်းသာချင်တဲ့ လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာ ကျင့်သုံးရမယ့် အချက်ဟာ…

ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို ကိုယ့်အတွက် ပြန်လည် စုဆောင်းဖို့ပဲ ဖြစ်ပါတယ် ..။ ကိုးကား- ဆရာကြီး ဖေမြင့်ရဲ့စာအုပ်ထဲမှ..။

Zawgyi

ယေန႕ထိ ေခတ္မွီေနဆဲျဖစ္တဲ့.. ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္ရဲ႕ ေငြစုနည္းဗ်ဴဟာ

ဆရာေဖျမင့္ရဲ႕… ဘဘီလုံမွာ အခ်မ္းသာဆုံး.. ပုဂၢိဳလ္ စာအုပ္ထဲမွာ လူတစ္ေယာက္အေန နဲ႔ ခ်မ္းသာခ်င္ရင္ ပထမဆုံး လိုက္နာ က်င့္သုံးရမဲ့ တစ္ခ်က္ ရွိပါတယ္..။ အဲ့တာ ဘာလဲဆိုေတာ့…

” ငါရတဲ့ ဝင္ေငြရဲ႕တစ္စိတ္တစ္ပိုင္းသည္ ငါ့အတြက္ ကိုယ္ပိုင္ ဥစၥာ ျဖစ္ေစရမည္တဲ့ “ ကြၽန္ ေတာ္တို႔ဝင္ေငြက ကြၽန္ေတာ္တို႔ကိုယ္ပိုင္ ဟုတ္ပါရဲ႕လား… စာထဲမွာ ၫႊန္းဆို ထားတာကေတာ့ ..

မင္း အဝတ္ထည္ေတြ ရဖို႔ အပ္ခ်ဴပ္သမား ကို ပိုက္ဆံ မေပးရဘူးလား… ဖိနပ္စီးဖို႔ ဖိနပ္ခ်ဴပ္သမားကို ေငြ မေပးရဘူးလား… အဲ့လိုပဲ အစားေသာက္ေတြ အတြက္ေကာ ေဘဘီလုံၿမိဳ႕မွာ မင္း ပိုက္ဆံကို မသုံးရဘူးလား…

ၿပီးခဲ့တဲ့ လက ရတဲ့ မင္းရဲ႕ဝင္ေငြ ဘယ္ႏွစ္ျပား က်န္သလဲ… ၿပီးခဲ့တဲ့ တစ္ႏွစ္လုံးက ရတဲ့ေငြေကာ ဘယ္မလဲ မရွိဘူး မို႔လား… တကယ္ေတာ့ မင္းကိုယ္မင္းက လြဲၿပီး လူတစ္ကာ ကို ပိုက္ဆံေတြ ေပးေနခဲ့တာပါတဲ့ ..

အဲ့လို မဟုတ္ပဲ မင္းရလာတဲ့ ဝင္ေငြရဲ႕ ဆယ္ပုံ တစ္ပုံ ကို စုေဆာင္းခဲ့မယ္ ဆိုရင္… ဆယ္ႏွစ္အတြင္းမွာ မင္းဟာ ဘယ္ေလာက္ ခ်မ္းသာေနမလဲ ..? ” အဓိက ဒီစာပိုဒ္ေလးရဲ႕ ဆိုလိုရင္းျဖစ္တဲ့

ငါရတဲ့ ဝင္ေငြရဲ႕ တစ္စိတ္ တစ္ပိုင္းဟာ… ငါ့အတြက္ ကိုယ္ပိုင္ ဥစၥာျဖစ္ရမည္ ” ဆိုတာ ကိုယ္ဝင္ေငြေတြကို ဝင္သေလာက္ သုံးမျပစ္ပဲ ဆယ္ပုံ တစ္ပုံေလာက္ ကို စုေဆာင္းထားဖို႔ပဲ ျဖစ္ပါတယ္ ..

အဲ့လို စုေဆာင္းထားတဲ့ တစ္ဆင့္မွာပဲ မၿပီးပဲ… “ကိုယ္ စုထားတဲ့ ေငြတိုင္းဟာ ကိုယ့္အတြက္ အလုပ္ လုပ္ေပးႏိုင္မဲ့ ေက်းကြၽန္ေတြ ျဖစ္ရမယ္… “တစ္နည္းအားျဖင့္ စုေဆာင္း႐ုံနဲ႔ မၿပီးဘူး

ျပန္ လည္ ရင္းႏွီးၿပီး ခိုင္းေစရမယ္ .. အဲ့ေက်းကြၽန္ ေငြသားေတြကေန တစ္ဆင့္ ေနာက္ထပ္ အစြယ္ဖြား သားသမီးေတြ ေမြးႏိုင္ေအာင္ လုပ္ ေဆာင္ ရမယ္တဲ့ ..။ မင္းဟာ ခ်မ္းသာခ်င္တဲ့ လူဆိုရင္…

မင္း စုေဆာင္းသမွ် ကို တိုးပြားေအာင္ လုပ္ရပါမယ္တဲ့ ..။ ဒါေၾကာင့္ ခ်မ္းသာခ်င္တဲ့ လူတစ္ေယာက္အေန နဲ႔ ပထမဆုံး လိုက္နာ က်င့္သုံးရမယ့္ အခ်က္ဟာ…

ကိုယ္ဝင္ေငြရဲ႕ ဆယ္ပုံ တစ္ပုံကို ကိုယ့္အတြက္ ျပန္လည္ စုေဆာင္းဖို႔ပဲ ျဖစ္ပါတယ္ ..။ ကိုးကား- ဆရာႀကီး ေဖျမင့္ရဲ႕စာအုပ္ထဲမွ..။