ကျွန်တော် ရွံ့ရှာခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တရံ (ရင်ကို ထိခတ်စေတဲ့ ဝတ္ထုတို တပုဒ်)

“မောင်ဇော်ဝင်းမောင်ဧည့်သည်” အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကို ထွက်လာခဲ့တယ်။ ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံလိုက်မိတယ်။

ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့အဖေ အဝတ်အစားကလဲဖရိုဖရဲ။ “သား ´အဖေသားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ် လာပို့တာလေ။ အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေ တချို့ထုတ်ပေးရင်း ကျနော်ကိုပြုံးကြည့်နေတယ်။

“အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လည်း အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ အခုဟာက စုတ်ပြတ်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပြတ် စုတ်ပြတ်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့” “အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေသပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေးဂရုစိုက်အုံး”

ခေါင်းငိုက်စိုက်နဲ့ ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။ ဒီနောက်ပိုင်း အဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ ၁၀မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီးအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့။ အမနှစ်ယောက်ရှိပေမယ့် ရွာမူလတန်းကျောင်းလေးမှာ ၄တန်းအထိပဲ ပညာသင်ခဲ့ရတာ။

အငယ်ဆုံးသားကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား ၉ တန်းအောင် ၁၀တန်းရောက်တော့ အဖေက ပညာတတ်စေချင်သည့်အတွက် အမေတားသည့်ကြားက မန္တလေးက ဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်။ ကျနော်တို့ ၁၀တန်းစာမေးပွဲးနီးလာပြီ။ အဖေကမန္တလေးမလာတော့ မကြီးတလှဲ့ မလေးတလှဲ့သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း ဘာလို့လဲမေးတော့ခရီးပန်းလို့တဲ့။

၁၀တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွာရင် အိမ်ဝင်းထဲသို့ရောက်တော့ “အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ်” လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့မလေးလဲဝိုင်းဖက်ငိုကြတယ်လေ။

အာ့ကြမှ အမေအဖေရောဟင်။ သား မင်းအဖေ ပိုးထိလို့ဆုံးတာ ၁လ လောက်ရှိပြီကွဲ့။ “ဗျာ” အဲ့တာဘာလို့မပြောတာလဲအမေ။ နင့်အဖေက မပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့်အယှက်ဖြစ်မယ်တဲ့ သားဘော်ဒါကြေးအတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ ညဖက်နင့်အဖေ ငါးရှာရတယ်လေ။

နင့်ပညာရေးအတွက်သူ့မှာအဝတ်အစား တောင်မဝယ်နိုင်ဘူး အစုတ်နဲ့ မိန်းမနဲ့သမီးအပျို ၂ယောက် အတွက် ဦးစားပေးရသေးတယ်လေ။ ဟိုမှာ နင်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်နောက်ကျသွားပြီးလေ အမေတို့အသက်မှီရုံလေး နောက်ဆုံးအသက်ငွေ့ငွေ့မှာ မှာသွားသေးတယ်။

တကယ်လို့သူသေသွားရင် သားကိုစာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့ သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ်သားရယ် ဟင့် ဟင့်ဟင့်။ ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့အဖေ့ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါအော်လိုက်မိပါတယ်၊ `အဖေ´(KoAung)

Crd

Zawgyi

“ေမာင္ေဇာ္ဝင္းေမာင္ဧည့္သည္” အေဆာင္စာက်က္ခန္းမွာ စာက်က္ေနတဲ့က်ေနာ္ ဆရာမအသံေၾကာင့္ ဧည့္ခန္းဘက္ကို ထြက္လာခဲ့တယ္။ ဧည့္ခန္းဖိနပ္ခြၽတ္မွာေတာ့ အျမႇီးပ်က္ၿပီး စုပ္ျပတ္ေနတဲ့ ဖိနပ္တရံ က်ေနာ္ႏွာေခါင္းရႈံလိုက္မိတယ္။

ဧည့္ခန္းထဲဝင္မိေတာ့ ကုလားထိုင္မွာထိုင္ၿပီး ကြမ္းေသြးေတြရဲေနတဲ့ သြားေတြေပၚေအာင္ ၿပဳံးေနတဲ့အေဖ အဝတ္အစားကလဲဖ႐ိုဖရဲ။ “သား ´အေဖသားအတြက္ င႐ုပ္သီးေၾကာ္ရယ္ ေျမပဲေၾကာ္ရယ္ မုန္႔ဖိုးရယ္ လာပို႔တာေလ။ အေဖက ေျပာေျပာဆိုဆို င႐ုပ္သီးေၾကာ္ပုလင္း ေျမပဲေၾကာ္ပုလင္း မုန္႔ဖိုးေငြ တခ်ိဳ႕ထုတ္ေပးရင္း က်ေနာ္ကိုၿပဳံးၾကည့္ေနတယ္။

“အေဖရယ္ လူႀကဳံနဲ႔ေပးလိုက္ေရာေပါ့ လာရင္လည္း အဝတ္အစားသပ္သပ္ရပ္ရပ္နဲ႔ လာေပါ့ အခုဟာက စုတ္ျပတ္ေနတာဘဲ အေဖ့ဖိနပ္ကလဲ အျမႇီးျပတ္ စုတ္ျပတ္ေနတာဘဲ အျခားသူငယ္ခ်င္းေတြ႕ရင္ သားသိကၡာ က်မွာေပါ့” “အင္းပါသားရယ္ မတၱရာမွာ အသီးအႏွံပို႔ရင္း သားကိုမေတြ႕တာၾကာလို႔ အေဖေတြ႕ခ်င္လို႔ မႏၲေလးဆင္းလာတာပါကြယ္ ေနာက္လာရင္အေဖသပ္သပ္ရပ္ရပ္ လာခဲ့ပါ့မယ္ အေဖျပန္မယ္ေနာ္သား က်န္းမာေရးဂ႐ုစိုက္အုံး”

ေခါင္းငိုက္စိုက္နဲ႔ ျပန္သြားတဲ့အေဖကို ၾကည့္ရင္း စိတ္ထဲတမ်ိဳးျဖစ္မိသြားသည္။ ဒီေနာက္ပိုင္း အေဖေပၚမလာေတာ့ပါ က်ေနာ္တို႔ေနတာ မတၱရာ ၿမိဳ႕နယ္ ေက်ာက္တံတာ႐ြာမွ ၁၀မိုင္ေလာက္ဝင္ရတဲ့ ႐ြာေလးတ႐ြာမွာ အသီးအႏွံေတြ စိုက္စားတဲ့မိသားစုေလးေပါ့။ အမႏွစ္ေယာက္ရွိေပမယ့္ ႐ြာမူလတန္းေက်ာင္းေလးမွာ ၄တန္းအထိပဲ ပညာသင္ခဲ့ရတာ။

အငယ္ဆုံးသားက်ေနာ္ကေတာ့ အလယ္တန္းကို မတၱရာမွာထား ၉ တန္းေအာင္ ၁၀တန္းေရာက္ေတာ့ အေဖက ပညာတတ္ေစခ်င္သည့္အတြက္ အေမတားသည့္ၾကားက မႏၲေလးက ေဘာ္ဒါတခုမွာ ေက်ာင္းအိပ္ေက်ာင္းစား ပို႔ကာ ေက်ာင္းထားေပးသည္။ က်ေနာ္တို႔ ၁၀တန္းစာေမးပြဲးနီးလာၿပီ။ အေဖကမႏၲေလးမလာေတာ့ မႀကီးတလွဲ႔ မေလးတလွဲ႔သာလာသည္ အေဖကိုေမးေတာ့ အေဖ စိုက္ခင္းေတြကို စိတ္မခ်လို႔မလာတာတဲ့ အမေတြမ်က္ႏွာမေကာင္း ဘာလို႔လဲေမးေတာ့ခရီးပန္းလို႔တဲ့။

၁၀တန္းေတြစာေမးပြဲၿပီးေတာ့ မႀကီးလာႀကိဳတယ္ ႐ြာအဝင္လမ္းမႀကီးေဘး ေျပးလြာရင္ အိမ္ဝင္းထဲသို႔ေရာက္ေတာ့ “အေဖ အေမ သားျပန္လာၿပီေလ စာေမးပြဲလဲေျဖႏိုင္တယ္” လို႔ေျပာၿပီးေျပးဝင္လာေတာ့ အေမက`သား´လို႔ေအာ္ရင္ ေျပးဖက္ငိုပါေလေရာ မႀကီးနဲ႔မေလးလဲဝိုင္းဖက္ငိုၾကတယ္ေလ။

အာ့ၾကမွ အေမအေဖေရာဟင္။ သား မင္းအေဖ ပိုးထိလို႔ဆုံးတာ ၁လ ေလာက္ရွိၿပီကြဲ႕။ “ဗ်ာ” အဲ့တာဘာလို႔မေျပာတာလဲအေမ။ နင့္အေဖက မေျပာရဘူးတဲ့ ငါ့သားစာေမးပြဲအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္မယ္တဲ့ သားေဘာ္ဒါေၾကးအတြက္ မတၱရာက သီးႏွံပြဲ႐ုံက ေငြေတြထုတ္ထားတာ ျပန္ဆပ္ေနရေတာ့ မိသားစုစားဖို႔ ညဖက္နင့္အေဖ ငါးရွာရတယ္ေလ။

နင့္ပညာေရးအတြက္သူ႔မွာအဝတ္အစား ေတာင္မဝယ္ႏိုင္ဘူး အစုတ္နဲ႔ မိန္းမနဲ႔သမီးအပ်ိဳ ၂ေယာက္ အတြက္ ဦးစားေပးရေသးတယ္ေလ။ ဟိုမွာ နင္အေဖ စီးခဲ့တဲ့ ဖိနပ္ေလး ၾကည့္ပါဦးသားရယ္ ညဖက္ငါးရွာရင္း ပိုးထိတာ သိတဲ့အခ်ိန္ေနာက္က်သြားၿပီးေလ အေမတို႔အသက္မွီ႐ုံေလး ေနာက္ဆုံးအသက္ေငြ႕ေငြ႕မွာ မွာသြားေသးတယ္။

တကယ္လို႔သူေသသြားရင္ သားကိုစာေမးပြဲၿပီးမွေျပာပါတဲ့ ၿပီးေတာ့ သားကိုဘြဲ႕ရေအာင္ထားပါလို႔ မွာသြားေသးတယ္သားရယ္ ဟင့္ ဟင့္ဟင့္။ က်ေနာ္မ်က္ရည္ေတြက်ရင္း ေနာင္တေတြနဲ႔ ေခါင္ရင္းမွာ ေထာင္ထားတဲ့အေဖ့ဖိနပ္စုပ္ေလး ရင္မွာပိုက္ရင္း အားရပါေအာ္လိုက္မိပါတယ္၊ `အေဖ´(KoAung)

Crd