ရေရှားတဲ့ အညာဒေသတွေအတွက် စက်သုံးဆီ မကုန်ဘဲ တနှစ်ပတ်လုံး ရေရမယ့်နည်းလမ်း (တောင်သူဦးကြီးတွေ အကြိုက်ပါပဲ)…
ရေရှားတဲ့ အညာဒေသမှာ အလွန်အသုံးဝင်တဲ့ တန်ဖိုးနည်း သဲတမံ ပြုလုပ်နည်း (ရေတကယ် ရပါတယ်)
ရေရှားပြီး ရဖို့ မလွယ်ကူတဲ့ အညာဒေသမှာ အလွန်အသုံးဝင်တဲ့ တန်ဖိုးနည်း သဲတမံ (Sand Dam) ပြုလုပ်နည်းကို ဖော်ပြ လိုက်ပါတယ်။ ရေလိုအပ်တဲ့ စိုက်ပျိုးရေး တောင်သူ ဦးကြီးတွေ အကြိုက်တွေ့စေမယ့် အဖိုးနည်း ဝန်ပါ နည်းလမ်း ဖြစ်ပါတယ်
သဲချောင်းကို ရေမစိမ့်နိုင်တဲ့အောက်ခံမြေသားထိတူးပြီး တမံငယ်လေးဖြတ်ပိတ်လိုက်တယ် မိုးကာလရေစီးချိန် တမံအထက်မှာ သဲတွေပို့သွားတယ်။
ရေမစိမ့်နိုင်တဲ့မြေထိတမံပိတ်ထားလို့ ရေတွေက ထွက်စရာမရှိဘူး သဲတွေထဲမှာ ရေ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ ခိုအောင်းနေတယ်။ နွေရေရှားရင်ထုတ်သုံးရုံပဲ။
သဲထဲက ရေမို့ အငွေ့မပျံဘူး။ အညစ်ကြေးနည်းတယ်။ ခိုအောင်းနေတဲ့ရေတွေကြောင့် ချောင်းချောက်ဘေးဝဲယာ စိမ်းလန်းလာတယ်။ တမံစာရိတ်က ရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင် မပြောပလောက်ဖူး တပိုင်တစ်နိုင်လုပ်နိုင်တယ်။
အခြားတိုင်းပြည်တွေမှာရှိတယ် သဲချောင်းတွေပေါပြီး ရေရှားတဲ့အညာဒေသအတွက် အဖြေဖြစ်နိုင်တယ်။ ယခု ရာသီဥတုနဲ့က နည်းပညာအသစ် စရိတ်နည်းတွေ လုပ်ပြီးသုံးတာ ပိုအကျိုးရှိနိင်ပါတယ်။
ဆရာကျော်ဦး
Zawgyi
ဆရာကျော်ဦး