မြန်မာကျပ်ငွေ နှစ်ဆယ့်ငါသိန်းတစ်သောင်းနဲ့ ရောင်းစားခံလိုက်ရတဲ့….. ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ပေးခဲ့တဲ့ ဗိသုကာ အမွေအနှစ် လိပ်ခုံး”

မြန်မာကျပ်ငွေ နှစ်ဆယ့်ငါသိန်းတစ်သောင်းနဲ့ ရောင်းစားခံလိုက်ရတဲ့….. ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ပေးခဲ့တဲ့ လိပ်ခုံး”

ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင် အနီးမှာရှိခဲ့တဲ့ လိပ်ခုံးဆိုတာ နာမည်ကြီးခဲ့တဲ့ နေရာတစ်ခုပေါ့။

ဒီအဆောက်အဦးကို ၁၉၅၅-၁၉၅၆ ခုနှစ်လောက်က ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန် နာမည်ကြီးဗိသုကာပညာရှင် Raglan Squire နဲ့ အဖွဲ့ရဲ့ ဒီဇိုင်းလို့ သိရပါတယ်။

အလွန်လက်ရာမြောက်တဲ့ ဒီအဆောက်အဦးရဲ့ အမိုးခုံးဟာ အလျား ၁၅၃ပေ ၊ အနံ ၉၃ပေ ရှိပါတယ်။ လိပ်ခွံနဲ့တူတဲ့ အမိုးခုံးကို အစွဲပြုပြီး လိပ်ခုံးလို့ခေါ်ကြတယ်။

မူရင်းပို့စ်မှာပါတဲ့ လိပ်ခုံးအကြောင်း ဖတ်ကြည့်တော့ စိတ်ဝင်စားစရာ comment တွေ ဖတ်လိုက်ရပါတယ်။

စိတ်ဝင်စားစရာ comment အချို့ကို ထုတ်နုတ်ပြရရင်…….

1)၁၉၆၀ခုနှစ်တုန်းက ‘နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု’ ရခဲ့ပါသည်။ အဆောက်အဦ၏ အခြားထူးခြားချက်မှာ အဆောက်အဦအောက် ရေလှောင်ခန်းရှိခြင်းပါ။

စက်ဖြင့်ရေသွင်းရေထုတ်လုပ်နိုင်ကြောင်း ကြားဖူးပါသည်။ လူအင်အားနည်းသောအခန်းအနားတွင် ရေစုပ်ထုတ်ထား၍ ဟောပြောသံတွင် လှိုင်သံ echo sound ပေါ်ပါသည်။

လူပရိတ်သတ် များချိန်တွင် ရေအပြည့်သွင်းကာ ဆူညံသံလျော့စေသည်ဟုဆိုပါသည်။

2)လိပ်ခုံးအဆောက်အဦးရဲ့ထူးခြားချက်

အခန်းအနားများမှာ microphone songbox သုံးစရာမလိုပါ။

အဆောက်အဦးရဲ့ ညာဘက်ထိပ်နားအပြင်မှာ underground ရေမြောင်းရှိပါတယ်။

မြောင်းထဲရေဖြည့်ထားရင် ရှေ့ကစကားပြောဒါနဲ့ နောက်ကကြားရပါတယ်။ surrounding sound system လိုပါဘဲ။

3)ကျမမိဘတွေ အဲ့ဒီအကြောင်းပြောပြခဲ့ဘူးပါတယ်။ ရေထဲ့တာ အနဲအများပေါ်မူတည်တယ်။

အသံကိုထိမ်းပေးတယ်လို့ ပြောပြဘူးပါတယ်။ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။

အစက အမိုးကရေကျဖို့ အတွက်ရေနှုတ်မြောင်းလို့ထင်ခဲ့တာ။ အဲ့လို မဟုတ်ပါဘူး။ ရေကိုအချိန်အဆနဲ့ထည့်ပြီး အသံထိမ်းဖို့ လုပ်တာဖြစ်နေပါတယ်။

ပန်းချီပြပွဲတစ်ခု လိပ်ခုံးမှာကျင်းပတုံးက မြောင်းဖုံးမှန်ကြည်အထူခင်းပြီး ရေသွင်းမြောင်းအတွင်းက မီးချောင်းထွန်းပြီးကျင်းပပါတယ်။ ပဲ့တင်သံနည်းသွားပါတယ်ပြောပါတယ်။

၁၉၇၀-၇၅ ကျမတို့ပုဂံဆောင်သူတွေရဲ့ ရင်းနှီးခင်မင်တဲ့ လိပ်ခုံးပါ။

၁၉၅၅/၅၇ဝန်းကျင်က ဆောက်နေစဉ်ကာလမှာ ရန်ကုန်တက္ကသိုလ်မှာဥပစာ(ခ)တန်း တက်နေတုံးဖြစ်လို့မကြာခဏ ညနေဖက်လမ်းလျှောက်ရင်း သွားကြည့်ဖူးတယ်။

အမိုးကိုလျှားထိုး သစ်၃/၄လွှာ တထပ်စီကန့်လန့်ဖြတ်မိုးပါတယ်။

တလွှာနဲ့တလွှာကြားမှာ မိုးရေလုံအောင် ကတ္တရာပြားတွေခင်းပြီးအပေါ်ဆုံးက ကြေးပြားတွေကို သံချေးမတက်နှိုင်တဲ့ ကြေးမှိုများနဲ့ရိုက်ပြီးကပ်တာကို တွေ့ဖူးပါတယ်။

ဒီလိုစံနစ်တကျ ခိုင်ခန့်အောင် ဆောက်ခဲ့တဲ့အဆောက်အဦး ပျက်သွားခဲရတယ်ဆိုတာ မယုံနှိုင်အောင်ဖြစ်ခဲ့ရပါတယ်။

အင်ဂျင်နီယာကောလိပ်အဖြစ် ဆောက်ခဲ့တာပါ။ ဆေးကောလိပ် ဖြစ်သွားတာကတော့ တချိန်မှာ သမီးတော်တပါး ဆေးကျောင်းရောက်ချိန်နဲ့ တိုက်ဆိုင်နေတာ သတိပြုမိပါတယ်။

ဒီအဆောက်အဦးအပြင် ပြည်လမ်းကပြည်ထောင်စုရိပ်သာ၊ နတ်မောက်လမ်းက စက်မှုကျောင်း၊မင်္ဂလာဒုံလေဆိပ်တို့ဟာနိုင်ငံခြားအထောက်အပံ့နဲ့ ဆောက်ခဲ့တာလို့ မှတ်သားဘူးပါတယ်။

4) အကျယ်အဝန်းသည် ၉၃ ပေ (၂၈ မီတာ) နှင့် အလျား ၁၅၃ ပေ (၄၆.၆ မီတာ) ဖြစ်သည်။

ဤအဆောက်အဦ၏ ဗိသုကာပုံစံကို ၁၉၅၅ ခုနှစ်တွင် လန်ဒန်ရှိ အဆောက်အအုံပြပွဲတွင် ပြသခဲ့သည်။

5)ကျနော်တို့ ၈၀ခုနှစ် 2nd M. B.တက်တော့ လိပ်ခုံးရှိသေးသည်။ တက္ကသိုလ်ပွဲတွေ မင်္ဂလာဆောင်တွေကျင်းပသေးသည်။ အတွင်းဖက် ကြမ်းခင်းတွေက ပျားအုံလို ဆဌဂံကွက်တွေဖြစ်ပါတယ်။ တချို့နေရာတွေမှာ ရေကန်လေးတွေလိုဖြစ်နေပါတယ်။

တချို့နေရာမှာ မှန်ထူအုပ်ထားခင်းထားပါတယ်။ ရှေ့ကပေါ်တီကိုကခြေထောက်နှစ်ချောင်းထဲဖြစ်ပြီး အပေါ်ကကြည့်ရင် လိပ်ဦးခေါင်းပုံဖြစ်ပါတယ်။

အမိုးကတော့ အပေါ်က ကတ္တရာလိပ်မိုးထားတယ်လို့ ထင်ပါတယ်။ ဒီလိုအဆောက်အဦမျိုး B.P.ရှိနိုင်ပါတယ်။

အဓိကက အင်္ဂလိပ်လက်အောက်က မြန်မြန်လွတ်ချင်ဇောနဲ့ လွတ်လပ်ရေးယူလိုက်တဲ့အခါ အင်္ဂလိပ်က ဘာကိုမှ စနစ်တကျလွှဲချိန်မရှိတော့ပါ။

အဲဒီ (တက္ကသိုလ်များ နယ်မြေအင်ဂျင်နီယာဌာန) မှာလုပ်တုန်းက Sewage lines တွေဆိုလည်း ပိုက်ပေါက်မှ အောက်မှာလိုင်းရှိမှန်းသိရတာပါ။

တက္ကသိုလ်ထဲ မပြောနဲ့ ရန်ကုန်မြို့အတွက်လည်း အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့ Underground Services တွေအတွက်လည်း Drawings တောင်မရှိပါ။ အဲဒါဟာ နှောင်းလူတွေတွေအတွက် အကြီးအကျယ်ဒုက္ခများရပါတယ်။

6)74′ မှာ1stMB စတက်တော့ လိပ်ခုံးက ကျနော်တို့အတွက် အပမ်းဖြေစရာနေရာတစ်ခုဖြစ်လာတယ်။

စာကျက်စရာနေရာ၊ ကြက်တောင်ရိုက်၊ခြင်းခတ်၊ ဘော်လုံးကန်၊ စစ်တုရင်ထိုး အမျိုးမျိုးသော အားကစားလုပ်ရာနေရာပါ။

ပန်းချီပြပွဲ အခမ်းအနား၊ ညစာစားပွဲ ကျင်းပရာနေရာ အမျိုးမျိုး အသုံးခံခဲ့တယ်။

RASU မှာဂုဏ်ယူစရာက ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင် RC ။ ဆေး ၁ ရဲ့ဂုဏ်ယူစရာက လိပ်ခုံး။

လူသိနည်းတဲ့ အချက်တစ်ချက်က လိပ်ခုံးခန်းမရဲ့ ဒေါင့် ၄ ဒေါင့်မှာ၄ ပေ ပတ်လည်ခန့်ရှိ ရေကန်ငယ်၄ ခုရှိနေတာပါဘဲ။

အခန်းအနားလုပ်ရင်တက်ရောက်မဲ့ဧည့်သည်အရေအတွက်ပေါ်မူတည်ပြီးကန်တွေကိုရေအနိမ့်အမြင့်ထည့်ရပါတယ်။

ဟောပြောပွဲလုပ်တဲ့အခါထပ်ဆင့်အသံလှို င်းတွေမထွက်ပေါ်စေဘဲ အသံကိုကြည်ကြည်လင်လင်ကြားရအောင်တွက်ချက်စီမံ တည်ဆောက်ခဲ့တာအတုယူစရာပါ။

ရှေးဟောင်းလက်ရာဖြစ်တာရယ်၊ အင်္ဂျင်နီယာအတတ်တွေမဖွံ့ဖြိုးခင်က တီထွင်တွက်ချက်ဆောက်လုပ်ခဲ့တဲ့နည်းပညာတွေကွယ်ပျောက်သွားရတာကိုတော့အရမ်းနှမျောမိပါတယ်။

7)အဲဒီမှာ လိပ်ခုံးက တအိအိပြိုဆင်းနေပါပြီ။ Structure calculation မပြောနဲ့ Drawing တောင်မရှိပါ။

ဒီတော့ ထပ်ပြိုမကျအောင် အောက်ကငြမ်းဆင်ပြီး ထောက်ထားရပါတယ်။ ဘယ်လိုလုပ်နိုင်မလဲဆိုတာ အစည်းအဝေးပေါင်းများစွာ ထိုင်ခဲ့ပေမယ့် နည်းလမ်းမတွေ့ပါ။

တဖြည်းဖြည်းပြိုဆင်းနေတာကို မကုစားနိုင်တဲ့အဆုံး လေလံပစ်ပြီး ရောင်းစားလိုက်တာပါ။

သိရှိသူတွေ ခုထိသက်ရှိထင်ရှားရှိနေဆဲပါ။ မေးလို့ရပါတယ်။ အဆင်ပြေရင် ကျနော်နဲ့လည်း တွေ့ပြီးမေးနိုင်ပါတယ်။

သိရှိသူတွေနဲ့ တွေ့ချင်တယ်ဆိုလည်း ကျနော်လက်ဆွဲခေါ်သွားပေးပါ့မယ်။ စိတ်ကြိုက်မေးပါ။ အခုထိပင်စင် မယူရသေးသူတွေ ရှိနေဆဲပါ။

8)နောက်လိပ်ခုံးတခုရှိသေးတယ်၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းဒေါင့်မှာပါ။

သူကနဲနဲငယ်တယ်ပြည်လမ်းလိပ်ခုံးထက်အရင် ဖြိုဖျက်ခံရပြီး ယခုအခါဒီနေရာမှာ အမေရိကန်သံရုံးရဲ့ အဆောက်အဦ တခုဆောက်လုပ်ထားတာအမှတ်ရမိတယ်။

9)လိပ်ခုံးထဲမှာ ဘာအခန်းအနားလုပ်လုပ် စပီကာ ဆောင်းဘောက် ဘာမှမလိုပါ။ ရိုးရိုးပြောတာနဲ့တင် တခန်းလုံးကြားရပါသည်။ အဲ့ထဲမှာဘောလုံးလဲကန်ဘူးတယ်။ stage အကန့်ရဲနောက်ထဲမှာလည်း ဖဲခိုးရိုက်ဘူးတယ်။

ဆေးကျောင်းတက်တုန်းက လွမ်းထှာ….မှန်ကူကွက် အဆောက်အဦက ကျနော့် ဦးလေးတွေခေတ်က B.Sc.(Engg.) တက်ခဲ့ကြတဲ့နေရာ ကျနော်တို့ခေတ်ကျ ဆေး(၁)။

10)လိပ်ခုံးကတော့ ကျနော် ညနေပိုင်း IFL ပြင်သစ်ဘာသာ အချိန်ပိုင်း တက်ခဲ့ရတဲ့ နေရာ။
၁၉၆၄- က I.Sc.(A) ဥပစာသိပ္ပံ(က)ကို လိပ်ခုံးမှာတက်ခဲ့ရတယ်။

အင်္ဂလိပ်စာ ကျူတာ ဆရာမက ဒေါ်နွဲ့ယဉ်ဝင်း(အဆိုတော်)၊ သင်္ချာဆရာက ဦးစိန်ရှမ်း၊ အားလုံးဆရာတွေ ဝတ်ရုံအမဲကြီးတွေ(ရှေ့နေဝတ်ရုံမျိုး)ဝတ်ပြီးစာသင်ကြတယ်။

မြန်မာစာကလွဲရင် ကျန်ဘာသာတွေကို အင်္ဂလိပ်လိုပြောသင်တယ်။ နယ်stateကျောင်းသား မောင်မှတ်တို့ ပါးစပ်ဟောင်းလောင်းနဲ့ ဘာမှနားမလည်ပါ။

ကျောင်းတက်ပြီး ၁ လကြာတော့ ပါချုပ်ခေါ်တွေ့တယ်။ Physics, Chemistry, Math အားလုံး tutorial တွေမှာ (zero)ထွက်နေလို့။

မင်းတို့ အချိန်မီသေးတယ်။ RASUဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပြောင်းခိုင်းတယ်။ ဒါကို “ဆရာကြီးရယ်-အင်ဂျင်နီယာဖြစ်ချင်လို့ပါ၊ ကြိုးစားပါ့မယ် ဆိုပြီးတောင်းပန်တဲ့အတိုင်း ကြိုးစားတာ အင်ဂျင်နီယာဖြစ်လာတယ်။

အဲဒီတုန်းက ပညာရေးစံနစ်ပြောချင်တာ။ လိပ်ခုံးအောက်မှာ အအေးပေးရေမြောင်းစံနစ်က ရေက အသွားအပြန်ရေမြောင်းတွေနဲ့ ရှေ့က ရေကန်ကြီးကိုပို့၊ ရေပန်းနဲ့အအေးခံတယ်။

ရွှေရောင်ခေတ်ကို သတိရလွမ်းမောမိပါရဲ့။ ဆရာမနွဲ့ယဉ်ဝင်း က သိပ်ချောပါသည်ဗျာ။

11) ၁၉၈၉-၉၀လောက်မှာ အဆည က ပြုပြင်ထိမ်းသိမ်းနိုင်တော့ခြင်း မရှိတော့တဲ့အတွက် လေလံတင်ရာ ကြက်တန်းkလားတွေက ၂၅သိန်း ၁ သောင်း နှင့် လေလံဆွဲ၀ယ်သွားပါတယ်။

ဆေးရေးပန်ချီကားနှင့် လိပ်ပြာတောင် အမိုးလေး ကျန်ခဲ့သော်လည်း ယခု မရှိရှာတော့ပြီ။
crd

Zawgyi

ျမန္မာက်ပ္ေငြ ႏွစ္ဆယ့္ငါသိန္းတစ္ေသာင္းနဲ႔ ေရာင္းစားခံလိုက္ရတဲ့….. ၿဗိတိန္အင္ဂ်င္နီယာေတြ ေဆာက္ေပးခဲ့တဲ့ လိပ္ခုံး”

ျပည္လမ္း၊ စိုက္ပ်ိဳးေရးမွတ္တိုင္ အနီးမွာရွိခဲ့တဲ့ လိပ္ခုံးဆိုတာ နာမည္ႀကီးခဲ့တဲ့ ေနရာတစ္ခုေပါ့။

ဒီအေဆာက္အဦးကို ၁၉၅၅-၁၉၅၆ ခုႏွစ္ေလာက္က ၿဗိတိန္အင္ဂ်င္နီယာေတြ ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။

ၿဗိတိန္ နာမည္ႀကီးဗိသုကာပညာရွင္ Raglan Squire နဲ႔ အဖြဲ႕ရဲ႕ ဒီဇိုင္းလို႔ သိရပါတယ္။

အလြန္လက္ရာေျမာက္တဲ့ ဒီအေဆာက္အဦးရဲ႕ အမိုးခုံးဟာ အလ်ား ၁၅၃ေပ ၊ အနံ ၉၃ေပ ရွိပါတယ္။ လိပ္ခြံနဲ႔တူတဲ့ အမိုးခုံးကို အစြဲျပဳၿပီး လိပ္ခုံးလို႔ေခၚၾကတယ္။

မူရင္းပို႔စ္မွာပါတဲ့ လိပ္ခုံးအေၾကာင္း ဖတ္ၾကည့္ေတာ့ စိတ္ဝင္စားစရာ comment ေတြ ဖတ္လိုက္ရပါတယ္။

စိတ္ဝင္စားစရာ comment အခ်ိဳ႕ကို ထုတ္ႏုတ္ျပရရင္…….

1)၁၉၆၀ခုႏွစ္တုန္းက ‘ႏိုင္ငံတကာ ဗိသုကာ ဒီဇိုင္းဆု’ ရခဲ့ပါသည္။ အေဆာက္အဦ၏ အျခားထူးျခားခ်က္မွာ အေဆာက္အဦေအာက္ ေရေလွာင္ခန္းရွိျခင္းပါ။

စက္ျဖင့္ေရသြင္းေရထုတ္လုပ္ႏိုင္ေၾကာင္း ၾကားဖူးပါသည္။ လူအင္အားနည္းေသာအခန္းအနားတြင္ ေရစုပ္ထုတ္ထား၍ ေဟာေျပာသံတြင္ လႈိင္သံ echo sound ေပၚပါသည္။

လူပရိတ္သတ္ မ်ားခ်ိန္တြင္ ေရအျပည့္သြင္းကာ ဆူညံသံေလ်ာ့ေစသည္ဟုဆိုပါသည္။

2)လိပ္ခုံးအေဆာက္အဦးရဲ႕ထူးျခားခ်က္

အခန္းအနားမ်ားမွာ microphone songbox သုံးစရာမလိုပါ။

အေဆာက္အဦးရဲ႕ ညာဘက္ထိပ္နားအျပင္မွာ underground ေရေျမာင္းရွိပါတယ္။

ေျမာင္းထဲေရျဖည့္ထားရင္ ေရွ႕ကစကားေျပာဒါနဲ႔ ေနာက္ကၾကားရပါတယ္။ surrounding sound system လိုပါဘဲ။

3)က်မမိဘေတြ အဲ့ဒီအေၾကာင္းေျပာျပခဲ့ဘူးပါတယ္။ ေရထဲ့တာ အနဲအမ်ားေပၚမူတည္တယ္။

အသံကိုထိမ္းေပးတယ္လို႔ ေျပာျပဘူးပါတယ္။ စိတ္ဝင္စားစရာသိပ္ေကာင္းပါတယ္။

အစက အမိုးကေရက်ဖို႔ အတြက္ေရႏႈတ္ေျမာင္းလို႔ထင္ခဲ့တာ။ အဲ့လို မဟုတ္ပါဘူး။ ေရကိုအခ်ိန္အဆနဲ႔ထည့္ၿပီး အသံထိမ္းဖို႔ လုပ္တာျဖစ္ေနပါတယ္။

ပန္းခ်ီျပပြဲတစ္ခု လိပ္ခုံးမွာက်င္းပတုံးက ေျမာင္းဖုံးမွန္ၾကည္အထူခင္းၿပီး ေရသြင္းေျမာင္းအတြင္းက မီးေခ်ာင္းထြန္းၿပီးက်င္းပပါတယ္။ ပဲ့တင္သံနည္းသြားပါတယ္ေျပာပါတယ္။

၁၉၇၀-၇၅ က်မတို႔ပုဂံေဆာင္သူေတြရဲ႕ ရင္းႏွီးခင္မင္တဲ့ လိပ္ခုံးပါ။

၁၉၅၅/၅၇ဝန္းက်င္က ေဆာက္ေနစဥ္ကာလမွာ ရန္ကုန္တကၠသိုလ္မွာဥပစာ(ခ)တန္း တက္ေနတုံးျဖစ္လို႔မၾကာခဏ ညေနဖက္လမ္းေလွ်ာက္ရင္း သြားၾကည့္ဖူးတယ္။

အမိုးကိုလွ်ားထိုး သစ္၃/၄လႊာ တထပ္စီကန္႔လန္႔ျဖတ္မိုးပါတယ္။

တလႊာနဲ႔တလႊာၾကားမွာ မိုးေရလုံေအာင္ ကတၱရာျပားေတြခင္းၿပီးအေပၚဆုံးက ေၾကးျပားေတြကို သံေခ်းမတက္ႏႈိင္တဲ့ ေၾကးမႈိမ်ားနဲ႔႐ိုက္ၿပီးကပ္တာကို ေတြ႕ဖူးပါတယ္။

ဒီလိုစံနစ္တက် ခိုင္ခန္႔ေအာင္ ေဆာက္ခဲ့တဲ့အေဆာက္အဦး ပ်က္သြားခဲရတယ္ဆိုတာ မယုံႏႈိင္ေအာင္ျဖစ္ခဲ့ရပါတယ္။

အင္ဂ်င္နီယာေကာလိပ္အျဖစ္ ေဆာက္ခဲ့တာပါ။ ေဆးေကာလိပ္ ျဖစ္သြားတာကေတာ့ တခ်ိန္မွာ သမီးေတာ္တပါး ေဆးေက်ာင္းေရာက္ခ်ိန္နဲ႔ တိုက္ဆိုင္ေနတာ သတိျပဳမိပါတယ္။

ဒီအေဆာက္အဦးအျပင္ ျပည္လမ္းကျပည္ေထာင္စုရိပ္သာ၊ နတ္ေမာက္လမ္းက စက္မႈေက်ာင္း၊မဂၤလာဒုံေလဆိပ္တို႔ဟာႏိုင္ငံျခားအေထာက္အပံ့နဲ႔ ေဆာက္ခဲ့တာလို႔ မွတ္သားဘူးပါတယ္။

4) အက်ယ္အဝန္းသည္ ၉၃ ေပ (၂၈ မီတာ) ႏွင့္ အလ်ား ၁၅၃ ေပ (၄၆.၆ မီတာ) ျဖစ္သည္။

ဤအေဆာက္အဦ၏ ဗိသုကာပုံစံကို ၁၉၅၅ ခုႏွစ္တြင္ လန္ဒန္ရွိ အေဆာက္အအုံျပပြဲတြင္ ျပသခဲ့သည္။

5)က်ေနာ္တို႔ ၈၀ခုႏွစ္ 2nd M. B.တက္ေတာ့ လိပ္ခုံးရွိေသးသည္။ တကၠသိုလ္ပြဲေတြ မဂၤလာေဆာင္ေတြက်င္းပေသးသည္။ အတြင္းဖက္ ၾကမ္းခင္းေတြက ပ်ားအုံလို ဆဌဂံကြက္ေတြျဖစ္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ေရကန္ေလးေတြလိုျဖစ္ေနပါတယ္။

တခ်ိဳ႕ေနရာမွာ မွန္ထူအုပ္ထားခင္းထားပါတယ္။ ေရွ႕ကေပၚတီကိုကေျခေထာက္ႏွစ္ေခ်ာင္းထဲျဖစ္ၿပီး အေပၚကၾကည့္ရင္ လိပ္ဦးေခါင္းပုံျဖစ္ပါတယ္။

အမိုးကေတာ့ အေပၚက ကတၱရာလိပ္မိုးထားတယ္လို႔ ထင္ပါတယ္။ ဒီလိုအေဆာက္အဦမ်ိဳး B.P.ရွိႏိုင္ပါတယ္။

အဓိကက အဂၤလိပ္လက္ေအာက္က ျမန္ျမန္လြတ္ခ်င္ေဇာနဲ႔ လြတ္လပ္ေရးယူလိုက္တဲ့အခါ အဂၤလိပ္က ဘာကိုမွ စနစ္တက်လႊဲခ်ိန္မရွိေတာ့ပါ။

အဲဒီ (တကၠသိုလ္မ်ား နယ္ေျမအင္ဂ်င္နီယာဌာန) မွာလုပ္တုန္းက Sewage lines ေတြဆိုလည္း ပိုက္ေပါက္မွ ေအာက္မွာလိုင္းရွိမွန္းသိရတာပါ။

တကၠသိုလ္ထဲ မေျပာနဲ႔ ရန္ကုန္ၿမိဳ႕အတြက္လည္း အဂၤလိပ္ေခတ္က လုပ္သြားတဲ့ Underground Services ေတြအတြက္လည္း Drawings ေတာင္မရွိပါ။ အဲဒါဟာ ေႏွာင္းလူေတြေတြအတြက္ အႀကီးအက်ယ္ဒုကၡမ်ားရပါတယ္။

6)74′ မွာ1stMB စတက္ေတာ့ လိပ္ခုံးက က်ေနာ္တို႔အတြက္ အပမ္းေျဖစရာေနရာတစ္ခုျဖစ္လာတယ္။

စာက်က္စရာေနရာ၊ ၾကက္ေတာင္႐ိုက္၊ျခင္းခတ္၊ ေဘာ္လုံးကန္၊ စစ္တုရင္ထိုး အမ်ိဳးမ်ိဳးေသာ အားကစားလုပ္ရာေနရာပါ။

ပန္းခ်ီျပပြဲ အခမ္းအနား၊ ညစာစားပြဲ က်င္းပရာေနရာ အမ်ိဳးမ်ိဳး အသုံးခံခဲ့တယ္။

RASU မွာဂုဏ္ယူစရာက ဘြဲ႕ႏွင္းသဘင္ခန္းမ၊ သစ္ပုပ္ပင္ RC ။ ေဆး ၁ ရဲ႕ဂုဏ္ယူစရာက လိပ္ခုံး။

လူသိနည္းတဲ့ အခ်က္တစ္ခ်က္က လိပ္ခုံးခန္းမရဲ႕ ေဒါင့္ ၄ ေဒါင့္မွာ၄ ေပ ပတ္လည္ခန႔္ရွိ ေရကန္ငယ္၄ ခုရွိေနတာပါဘဲ။

အခန္းအနားလုပ္ရင္တက္ေရာက္မဲ့ဧည့္သည္အေရအတြက္ေပၚမူတည္ၿပီးကန္ေတြကိုေရအနိမ့္အျမင့္ထည့္ရပါတယ္။

ေဟာေျပာပြဲလုပ္တဲ့အခါထပ္ဆင့္အသံလႈိ င္းေတြမထြက္ေပၚေစဘဲ အသံကိုၾကည္ၾကည္လင္လင္ၾကားရေအာင္တြက္ခ်က္စီမံ တည္ေဆာက္ခဲ့တာအတုယူစရာပါ။

ေရွးေဟာင္းလက္ရာျဖစ္တာရယ္၊ အဂ်ၤင္နီယာအတတ္ေတြမဖြံ႕ၿဖိဳးခင္က တီထြင္တြက္ခ်က္ေဆာက္လုပ္ခဲ့တဲ့နည္းပညာေတြကြယ္ေပ်ာက္သြားရတာကိုေတာ့အရမ္းႏွေမ်ာမိပါတယ္။

7)အဲဒီမွာ လိပ္ခုံးက တအိအိၿပိဳဆင္းေနပါၿပီ။ Structure calculation မေျပာနဲ႔ Drawing ေတာင္မရွိပါ။

ဒီေတာ့ ထပ္ၿပိဳမက်ေအာင္ ေအာက္ကျငမ္းဆင္ၿပီး ေထာက္ထားရပါတယ္။ ဘယ္လိုလုပ္ႏိုင္မလဲဆိုတာ အစည္းအေဝးေပါင္းမ်ားစြာ ထိုင္ခဲ့ေပမယ့္ နည္းလမ္းမေတြ႕ပါ။

တျဖည္းျဖည္းၿပိဳဆင္းေနတာကို မကုစားႏိုင္တဲ့အဆုံး ေလလံပစ္ၿပီး ေရာင္းစားလိုက္တာပါ။

သိရွိသူေတြ ခုထိသက္ရွိထင္ရွားရွိေနဆဲပါ။ ေမးလို႔ရပါတယ္။ အဆင္ေျပရင္ က်ေနာ္နဲ႔လည္း ေတြ႕ၿပီးေမးႏိုင္ပါတယ္။

သိရွိသူေတြနဲ႔ ေတြ႕ခ်င္တယ္ဆိုလည္း က်ေနာ္လက္ဆြဲေခၚသြားေပးပါ့မယ္။ စိတ္ႀကိဳက္ေမးပါ။ အခုထိပင္စင္ မယူရေသးသူေတြ ရွိေနဆဲပါ။

8)ေနာက္လိပ္ခုံးတခုရွိေသးတယ္၊ တကၠသိုလ္ရိပ္သာလမ္းနဲ႔ အင္းလ်ားလမ္းေဒါင့္မွာပါ။

သူကနဲနဲငယ္တယ္ျပည္လမ္းလိပ္ခုံးထက္အရင္ ၿဖိဳဖ်က္ခံရၿပီး ယခုအခါဒီေနရာမွာ အေမရိကန္သံ႐ုံးရဲ႕ အေဆာက္အဦ တခုေဆာက္လုပ္ထားတာအမွတ္ရမိတယ္။

9)လိပ္ခုံးထဲမွာ ဘာအခန္းအနားလုပ္လုပ္ စပီကာ ေဆာင္းေဘာက္ ဘာမွမလိုပါ။ ႐ိုး႐ိုးေျပာတာနဲ႔တင္ တခန္းလုံးၾကားရပါသည္။ အဲ့ထဲမွာေဘာလုံးလဲကန္ဘူးတယ္။ stage အကန္႔ရဲေနာက္ထဲမွာလည္း ဖဲခိုး႐ိုက္ဘူးတယ္။

ေဆးေက်ာင္းတက္တုန္းက လြမ္းထွာ….မွန္ကူကြက္ အေဆာက္အဦက က်ေနာ့္ ဦးေလးေတြေခတ္က B.Sc.(Engg.) တက္ခဲ့ၾကတဲ့ေနရာ က်ေနာ္တို႔ေခတ္က် ေဆး(၁)။

10)လိပ္ခုံးကေတာ့ က်ေနာ္ ညေနပိုင္း IFL ျပင္သစ္ဘာသာ အခ်ိန္ပိုင္း တက္ခဲ့ရတဲ့ ေနရာ။
၁၉၆၄- က I.Sc.(A) ဥပစာသိပၸံ(က)ကို လိပ္ခုံးမွာတက္ခဲ့ရတယ္။

အဂၤလိပ္စာ က်ဴတာ ဆရာမက ေဒၚႏြဲ႕ယဥ္ဝင္း(အဆိုေတာ္)၊ သခ်ၤာဆရာက ဦးစိန္ရွမ္း၊ အားလုံးဆရာေတြ ဝတ္႐ုံအမဲႀကီးေတြ(ေရွ႕ေနဝတ္႐ုံမ်ိဳး)ဝတ္ၿပီးစာသင္ၾကတယ္။

ျမန္မာစာကလြဲရင္ က်န္ဘာသာေတြကို အဂၤလိပ္လိုေျပာသင္တယ္။ နယ္stateေက်ာင္းသား ေမာင္မွတ္တို႔ ပါးစပ္ေဟာင္းေလာင္းနဲ႔ ဘာမွနားမလည္ပါ။

ေက်ာင္းတက္ၿပီး ၁ လၾကာေတာ့ ပါခ်ဳပ္ေခၚေတြ႕တယ္။ Physics, Chemistry, Math အားလုံး tutorial ေတြမွာ (zero)ထြက္ေနလို႔။

မင္းတို႔ အခ်ိန္မီေသးတယ္။ RASUဝိဇၨာသိပၸံတကၠသိုလ္ေျပာင္းခိုင္းတယ္။ ဒါကို “ဆရာႀကီးရယ္-အင္ဂ်င္နီယာျဖစ္ခ်င္လို႔ပါ၊ ႀကိဳးစားပါ့မယ္ ဆိုၿပီးေတာင္းပန္တဲ့အတိုင္း ႀကိဳးစားတာ အင္ဂ်င္နီယာျဖစ္လာတယ္။

အဲဒီတုန္းက ပညာေရးစံနစ္ေျပာခ်င္တာ။ လိပ္ခုံးေအာက္မွာ အေအးေပးေရေျမာင္းစံနစ္က ေရက အသြားအျပန္ေရေျမာင္းေတြနဲ႔ ေရွ႕က ေရကန္ႀကီးကိုပို႔၊ ေရပန္းနဲ႔အေအးခံတယ္။

ေ႐ႊေရာင္ေခတ္ကို သတိရလြမ္းေမာမိပါရဲ႕။ ဆရာမႏြဲ႕ယဥ္ဝင္း က သိပ္ေခ်ာပါသည္ဗ်ာ။

11) ၁၉၈၉-၉၀ေလာက္မွာ အဆည က ျပဳျပင္ထိမ္းသိမ္းႏိုင္ေတာ့ျခင္း မရွိေတာ့တဲ့အတြက္ ေလလံတင္ရာ ၾကက္တန္းkလားေတြက ၂၅သိန္း ၁ ေသာင္း ႏွင့္ ေလလံဆြဲ၀ယ္သြားပါတယ္။

ေဆးေရးပန္ခ်ီကားႏွင့္ လိပ္ျပာေတာင္ အမိုးေလး က်န္ခဲ့ေသာ္လည္း ယခု မရွိရွာေတာ့ၿပီ။
crd