မြန်မာနိုင်ငံက မြို့ကြီးအတော်များများရဲ့ အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး အကြောင်း

မြန်မာနိုင်ငံက မြို့ကြီးအတော်များများရဲ့ အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး အကြောင်း

မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို စတင် တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ယူခဲ့သော ဘူမိဗေဒ ပညာရှင်နှင့် မြေငလျင်ပညာရှင် ဖြစ်ပါတယ်။

တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသန ပြုပါတယ်။ ပြတ်ရွေ့ အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာ ယူ၍ ကွင်းဆင်း သုတေသန ပြုရင်းမှ မြန်မာနိုင်ငံ မြေပုံ အလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့် ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခု ဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံ၏ ပထဝီ အနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။

ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေးတယ်။

မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွ စသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော တည်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါ တောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝထိ ရှည်ပါတယ်။ (Thiri Shwe Sin)

၁၉၃၀ ပဲခူးငလျင် လှုပ်ခတ်ပြီးနောက် ရွှေမော်ဓောစေတီ၏ ဌက်ပျောဖူးတော် ပြတ်ကျသွားခဲ့စဉ်က

လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၀) ကျော်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြီးလိုမျိုး ငလျင်အကြီးစား ပြန်လှုပ်နိုင်ဟုဆို၊ မြန်မာနိုင်ငံအတွင်းရှိ ငလျင်ကြောတစ်ခု ဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြော ဖြတ်သန်းရာ ပဲခူးဒေသအနီး ဝန်းကျင်တွင် ငလျင်လှုပ်ခတ်နိုင်မှု အလားအလာ များလာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့၏ အပိုင်းအချို့ကို ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်နှင့် ပူးပေါင်းလေ့လာခဲ့ပြီး သုတေသန တွေ့ရှိချက်အရ ပဲခူးဒေသ၌ ၁၉၃ဝ ခုနှစ်က ရစ်ချ်တာစကေး ခုနစ် ကျော်သည့် ငလျင်ကြီး နောက်ဆုံး လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၁၀ဝကျော် အတွင်း ငလျင်ပြန်လှုပ်နိုင်သည့် အလားအလာမှာ တဖြည်းဖြည်း ပိုမြင့်လာကြောင်း သိရပါတယ်။

“ငလျင်ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်မှာ အင်အားဘယ်လောက်နဲ့ ဖြစ်မလဲဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီဒေသမှာ ငလျင်ကြီး လှုပ်ရန် ဖြစ်နိုင်ခြေ အလားအလာ မြင့်လာတယ်ဆိုတာ သုတေသန တွေ့ရှိချက်အရ သိရတယ်။

ပဲခူးငလျင်တုန်းက ပဲခူးမြို့မှာသာ မကပဲ ရန်ကုန်မှာပါ သက်ရောက်မှု ရှိခဲ့လို့ ရန်ကုန်မှာလည်း သတိပြုသင့်ပါတယ်” ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောပါတယ်။။

မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း နှစ်စဉ် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည့်အတွက် သတိပြုရန် လိုအပ်ကြောင်းလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းတို့၊ မြောက်ပိုင်းတို့မှာဆိုရင် ရေထုချပ် တိုးဝင်တဲ့အတွက် ဖြစ်တဲ့ ငလျင်တွေ နှစ်စဉ်နှစ်တိုင်း ရှိနေတဲ့အတွက် ဒီဘက်မှာလည်း သတိပြုသင့်တယ်။

နောက် စစ်တွေမြို့ အနီးမှာဆိုရင် အင်အားပြင်းပြီး ရှစ် ကျော်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ပြီး အဲ့ဒီငလျင်ကြီးရဲ့ အရှိန်က ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ဖူးတဲ့အတွက် အဲ့ဒီဘက်အပိုင်းမှာတော့ မြေငလျင်သာမကဘဲ ဆူနာမီလည်း သတိပြုသင့်ပါတယ်” ဟု ပြောပါတယ်။

မြန်မာနိုင်ငံတွင် ၂ဝ၂ဝ တစ်နှစ်တာအတွင်း ငလျင် ၂၁၈ ကြိမ် လှုပ်ခတ်ခဲ့ပြီး အင်အား အသင့်အတင့်နှင့် အင်အားနည်း ငလျင် ၂၁၇ ကြိမ်နှင့် အင်အားပြင်းထန်သည့် ငလျင် တစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ငလျင်ဌာနခွဲမှ သိရပါတယ်။

“အပေါ်အောက် ရွေ့တာရှိသလို ပွတ်ဆွဲနေတာမျိုးလည်း ရှိတယ်။ ငလျင်အသေးတွေ ခဏခဏ လှုပ်နေရင် တစ်ခါတစ်လေ ကျတော့လည်း ကောင်းတတ်တယ်။ အင်အားက လျော့သွားတဲ့အတွက် ငလျင်အကြီးကြီး လှုပ်ဖို့ အခွင့်အရေး နည်းသွားတာပေါ့။ တင်းခံနေရင်တော့ အခွင့်အရေးများတာပေါ့။ ဒါက တစ်မျိုး။

နောက်တစ်ခုကတော့ အကြီးကြီးတွေ လှုပ်ဖို့ အသေးလေးတွေ ပထမလှုပ်ပြီးတော့မှ အကြီးကြီးတွေ လာတာမျိုးလည်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ တထစ်ချပြောလို့တော့ မရပါဘူး ငလျင်က” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်သည့် အကြိမ်အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေကြောင်း ငလျင်ဌာနခွဲ၏ မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။

ပညာရှင်တစ်ယောက်ရေးထားသည့်စာ ကို ဖော်ပြပေးလိုက်ပါသည်။

” Bed Rock Geology – အောက်ခံကျောက်တွေရဲ့ ဘူမိဗေဒ ”

ငလျင်ကို –

– ဘယ်နေ့လှုပ်မလဲ?

– ဘယ်လောက်ပြင်းအားရှိမလဲ? လို့ မေးလာခဲ့ရင်

” ထိန်းချုပ်ချက် – Controlling Factor တွေက အများကြီးပါ ”

ဒီအရေးကြီးဆုံး အချက်တွေက အချက်တစ်ခုကတော့ –

” Bed Rock Geology – အောက်ခံကျောက်တွေရဲ့ ဘူမိဗေဒ ” ဖြစ်ပါတယ် –

– အောက်ခံကျောက်လွှာတွေက မာရင် ချိတ်တွဲနေတတ်ပြီး ငလျင်က ပြင်းထန်လေ့ ရှိပါတယ်။

– အောက်ခံကျောက်လွှာတွေက ပျော့ရင် အလိုက်သင့် ပါလာပြီး ငလျင်က အားပျော့လေ့ ရှိပါတယ်။

လက်ရှိအခြေအနေက –

“ငလျင်ငယ်တွေ နေရာအနှံ့လှုပ်နေတယ် ”

အိန္ဒိယ plate ဟာ NNE Direction နဲ့ ဆက်ရွေ့နေတယ်။ ဒီတော့ စောက်နက်ငလျင် ( Depth > 70Km ) တွေလဲ တွေ့နေရတယ်။

လတ်တလော အချိန်စေ့လု စေ့ခင်က –

” ပဲခူးငလျင် ”

သူငြိမ်နေတယ်။ မသိကြလို့လား?

ဘယ်သူကမှလည်း အလေးမထားကြ။

” နေပါစေ… ကိုယ်က အဝေးမှာပါ ”

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Zawgyi

ျမန္မာႏိုင္ငံက ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားရဲ႕ ေအာက္မွာရွိတဲ့ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာႀကီး အေၾကာင္း

ျမန္မာႏိုင္ငံက စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာႀကီးကို စတင္ ေတြ႕ရွိခဲ့သူက ေဒါက္တာဝင္းေဆြ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ စတန္းဖို႔ဒ္ တကၠသိုလ္မွ ဘူမိေဗဒ ဘာသာရပ္ျဖင့္ ေဒါက္တာဘြဲ႕ ယူခဲ့ေသာ ဘူမိေဗဒ ပညာရွင္ႏွင့္ ေျမငလ်င္ပညာရွင္ ျဖစ္ပါတယ္။

တကၠသိုလ္တြင္ ဆရာလုပ္ရင္း ၁၉၆၉ ခုႏွစ္တြင္ စစ္ကိုင္းၿမိဳ႕အနီးရွိ ျပတ္ေ႐ြ႕တစ္ခုအား စတင္ သုေတသန ျပဳပါတယ္။ ျပတ္ေ႐ြ႕ အေသးတစ္ခုဟုသာ ထင္ခဲ့ေသာ္လည္း အခ်ိန္မ်ားစြာ ယူ၍ ကြင္းဆင္း သုေတသန ျပဳရင္းမွ ျမန္မာႏိုင္ငံ ေျမပုံ အလယ္တည့္တည့္မွ ျဖတ္သြားကာ ကီလိုမီတာ ၁၀၀၀ ခန႔္ ရွည္ေသာ ဧရာမ သက္ရွိျပတ္ေ႐ြ႕တစ္ခု ျဖစ္မွန္း ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

ႏိုင္ငံ၏ ပထဝီ အေနအထားမွာ စစ္ကိုင္းငလ်င္ေၾကာေပၚ ငုတ္တုတ္ထိုင္ေန႐ုံမွ်မက အျခား ေျမငလ်င္ေၾကာမ်ားလည္း ရွိေနေသးတယ္။

ေက်ာက္ၾကမ္းျပတ္ေ႐ြ႕ေၾကာ၊ ကေဘာ္ျပတ္ေ႐ြ႕ေၾကာ၊ ေ႐ႊႀတိဂံျပတ္ေ႐ြ႕၊ ေဒးဒရဲျပတ္ေ႐ြ႕ စသျဖင့္ ရွိေနပါေသးတယ္။

မိုးေကာင္း၊ မိုးညႇင္း၊ စစ္ကိုင္း၊ အင္းဝ၊ ေပ်ာ္ဘြယ္၊ မိတၳီလာ၊ ဝမ္းတြင္း၊ ျမစ္သား၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ပဲခူး၊ သုံးခြ စေသာ ၿမိဳ႕မ်ားေအာက္တြင္ စစ္ကိုင္းငလ်င္ေၾကာ တည္ရွိပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕ဟာ အလ်ားလိုက္ ျပတ္ေ႐ြ႕ျဖစ္ၿပီး တစ္ႏွစ္ကို ၁၈.၅ မီလီမီတာခန္႔ ေ႐ြ႕ေနတယ္လို႔ ဆိုပါတယ္။

ျမစ္ႀကီးနားနယ္မွစၿပီး စစ္ကိုင္း ဂန္႔ေဂါ ေတာင္တန္း၏ အေနာက္ဘက္ျခမ္း ပဲခူး႐ိုမ အေရွ႕ျခမ္းကို ျဖတ္၍ မုတၱမပင္လယ္ဝထိ ရွည္ပါတယ္။ (Thiri Shwe Sin)

၁၉၃၀ ပဲခူးငလ်င္ လႈပ္ခတ္ၿပီးေနာက္ ေ႐ႊေမာ္ေဓာေစတီ၏ ဌက္ေပ်ာဖူးေတာ္ ျပတ္က်သြားခဲ့စဥ္က

လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၉၀) ေက်ာ္က လႈပ္ခတ္ခဲ့တဲ့ ပဲခူးငလ်င္ႀကီးလိုမ်ိဳး ငလ်င္အႀကီးစား ျပန္လႈပ္ႏိုင္ဟုဆို၊ ျမန္မာႏိုင္ငံအတြင္းရွိ ငလ်င္ေၾကာတစ္ခု ျဖစ္သည့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာ ျဖတ္သန္းရာ ပဲခူးေဒသအနီး ဝန္းက်င္တြင္ ငလ်င္လႈပ္ခတ္ႏိုင္မႈ အလားအလာ မ်ားလာေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၊ ငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာယဥ္မ်ိဳးမင္းေထြးက ေျပာပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕၏ အပိုင္းအခ်ိဳ႕ကို ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳတကၠသိုလ္ႏွင့္ ပူးေပါင္းေလ့လာခဲ့ၿပီး သုေတသန ေတြ႕ရွိခ်က္အရ ပဲခူးေဒသ၌ ၁၉၃ဝ ခုႏွစ္က ရစ္ခ်္တာစေကး ခုနစ္ ေက်ာ္သည့္ ငလ်င္ႀကီး ေနာက္ဆုံး လႈပ္ခတ္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၁၀ဝေက်ာ္ အတြင္း ငလ်င္ျပန္လႈပ္ႏိုင္သည့္ အလားအလာမွာ တျဖည္းျဖည္း ပိုျမင့္လာေၾကာင္း သိရပါတယ္။

“ငလ်င္ဆိုတာ ဘယ္ေန႔၊ ဘယ္အခ်ိန္မွာ အင္အားဘယ္ေလာက္နဲ႔ ျဖစ္မလဲဆိုတာ အတိအက်ေတာ့ မေျပာႏိုင္ဘူး။ ဒါေပမယ့္ အဲ့ဒီေဒသမွာ ငလ်င္ႀကီး လႈပ္ရန္ ျဖစ္ႏိုင္ေျခ အလားအလာ ျမင့္လာတယ္ဆိုတာ သုေတသန ေတြ႕ရွိခ်က္အရ သိရတယ္။

ပဲခူးငလ်င္တုန္းက ပဲခူးၿမိဳ႕မွာသာ မကပဲ ရန္ကုန္မွာပါ သက္ေရာက္မႈ ရွိခဲ့လို႔ ရန္ကုန္မွာလည္း သတိျပဳသင့္ပါတယ္” ဟု ေဒါက္တာ ယဥ္မ်ိဳးမင္းေထြးက ေျပာပါတယ္။။

ျမန္မာႏိုင္ငံ၏ အေနာက္ေျမာက္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔တြင္လည္း ႏွစ္စဥ္ ငလ်င္လႈပ္ခတ္မႈမ်ား ျဖစ္ေပၚေနသည့္အတြက္ သတိျပဳရန္ လိုအပ္ေၾကာင္းလည္း ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ က ေျပာပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ အေနာက္ေျမာက္ပိုင္းတို႔၊ ေျမာက္ပိုင္းတို႔မွာဆိုရင္ ေရထုခ်ပ္ တိုးဝင္တဲ့အတြက္ ျဖစ္တဲ့ ငလ်င္ေတြ ႏွစ္စဥ္ႏွစ္တိုင္း ရွိေနတဲ့အတြက္ ဒီဘက္မွာလည္း သတိျပဳသင့္တယ္။

ေနာက္ စစ္ေတြၿမိဳ႕ အနီးမွာဆိုရင္ အင္အားျပင္းၿပီး ရွစ္ ေက်ာ္တဲ့ ငလ်င္ႀကီးတစ္ခု လႈပ္ရွားခဲ့ၿပီး အဲ့ဒီငလ်င္ႀကီးရဲ႕ အရွိန္က ဆူနာမီလႈိင္း ျဖစ္ေပၚခဲ့ဖူးတဲ့အတြက္ အဲ့ဒီဘက္အပိုင္းမွာေတာ့ ေျမငလ်င္သာမကဘဲ ဆူနာမီလည္း သတိျပဳသင့္ပါတယ္” ဟု ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂ဝ တစ္ႏွစ္တာအတြင္း ငလ်င္ ၂၁၈ ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး အင္အား အသင့္အတင့္ႏွင့္ အင္အားနည္း ငလ်င္ ၂၁၇ ႀကိမ္ႏွင့္ အင္အားျပင္းထန္သည့္ ငလ်င္ တစ္ႀကိမ္ လႈပ္ခတ္ခဲ့ေၾကာင္း ငလ်င္ဌာနခြဲမွ သိရပါတယ္။

“အေပၚေအာက္ ေ႐ြ႕တာရွိသလို ပြတ္ဆြဲေနတာမ်ိဳးလည္း ရွိတယ္။ ငလ်င္အေသးေတြ ခဏခဏ လႈပ္ေနရင္ တစ္ခါတစ္ေလ က်ေတာ့လည္း ေကာင္းတတ္တယ္။ အင္အားက ေလ်ာ့သြားတဲ့အတြက္ ငလ်င္အႀကီးႀကီး လႈပ္ဖို႔ အခြင့္အေရး နည္းသြားတာေပါ့။ တင္းခံေနရင္ေတာ့ အခြင့္အေရးမ်ားတာေပါ့။ ဒါက တစ္မ်ိဳး။

ေနာက္တစ္ခုကေတာ့ အႀကီးႀကီးေတြ လႈပ္ဖို႔ အေသးေလးေတြ ပထမလႈပ္ၿပီးေတာ့မွ အႀကီးႀကီးေတြ လာတာမ်ိဳးလည္း ရွိပါတယ္။ တစ္ကမာၻလုံးမွာ တထစ္ခ်ေျပာလို႔ေတာ့ မရပါဘူး ငလ်င္က” ဟု ျမန္မာႏိုင္ငံ ငလ်င္ေကာ္မတီ ဥကၠ႒ ဦးၫြန႔္ေမာင္စန္းက ေျပာပါတယ္။

ငလ်င္လႈပ္ခတ္သည့္ အႀကိမ္အေရအတြက္မွာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမ်ားလာေနေၾကာင္း ငလ်င္ဌာနခြဲ၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားပါတယ္။

ပညာရွင္တစ္ေယာက္ေရးထားသည့္စာ ကို ေဖာ္ျပေပးလိုက္ပါသည္။

” Bed Rock Geology – ေအာက္ခံေက်ာက္ေတြရဲ႕ ဘူမိေဗဒ ”

ငလ်င္ကို –

– ဘယ္ေန႔လႈပ္မလဲ?

– ဘယ္ေလာက္ျပင္းအားရွိမလဲ? လို႔ ေမးလာခဲ့ရင္

” ထိန္းခ်ဳပ္ခ်က္ – Controlling Factor ေတြက အမ်ားႀကီးပါ ”

ဒီအေရးႀကီးဆုံး အခ်က္ေတြက အခ်က္တစ္ခုကေတာ့ –

” Bed Rock Geology – ေအာက္ခံေက်ာက္ေတြရဲ႕ ဘူမိေဗဒ ” ျဖစ္ပါတယ္ –

– ေအာက္ခံေက်ာက္လႊာေတြက မာရင္ ခ်ိတ္တြဲေနတတ္ၿပီး ငလ်င္က ျပင္းထန္ေလ့ ရွိပါတယ္။

– ေအာက္ခံေက်ာက္လႊာေတြက ေပ်ာ့ရင္ အလိုက္သင့္ ပါလာၿပီး ငလ်င္က အားေပ်ာ့ေလ့ ရွိပါတယ္။

လက္ရွိအေျခအေနက –

“ငလ်င္ငယ္ေတြ ေနရာအႏွံ႔လႈပ္ေနတယ္ ”

အိႏၵိယ plate ဟာ NNE Direction နဲ႔ ဆက္ေ႐ြ႕ေနတယ္။ ဒီေတာ့ ေစာက္နက္ငလ်င္ ( Depth > 70Km ) ေတြလဲ ေတြ႕ေနရတယ္။

လတ္တေလာ အခ်ိန္ေစ့လု ေစ့ခင္က –

” ပဲခူးငလ်င္ ”

သူၿငိမ္ေနတယ္။ မသိၾကလို႔လား?

ဘယ္သူကမွလည္း အေလးမထားၾက။

” ေနပါေစ… ကိုယ္က အေဝးမွာပါ ”

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳