ယခုလာမည့်နှစ်အတွက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းခွင့် သတ်မှတ်ချက်များထုတ်ပြန်

ယခုလာမည့်နှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက်များထုတ်ပြန်

၂၀၂၃ ခုနှစ်အတွက် ပြည်ပကနေမော်တော်ယာဉ်တင်သွင်းခွင့်သတ်မှတ်ချက်ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အဲဒီထုတ်ပြန်ချက်အရလူစီးမော်တော်ယာဉ်တွေကို ၂၀၂၂ မော်ဒယ် ကနေ ၂၀၂၃ မော်ဒယ်အထိ၊

ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေဖြစ်တဲ့လုပ်ငန်းသုံးယာဉ်တွေကိုတော့ ၂၀၁၉ မော်ဒယ်ကနေ ၂၀၂၃ မော်ဒယ်အထိ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်တွေကတော့ ၂၀၁၄ မော်ဒယ်ကနေ ၂၀၂၃ မော်ဒယ်အထိတင်သွင်းခွင့်ပြုမယ်လို့သိရပါတယ်။

အဲဒီယာဉ်တွေကို တင်သွင်းရာမှာလည်းဘယ်မောင်းယာဉ်တွေသာတင်သွင်းခွင့်မယ်လို့သိရပြီး ယန္တရားတွေကို တော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိမော်ဒယ်တွေကိုသာတင်သွင်းခွင့်ပြုမယ်လို့သိရပါတယ်။အများပြည်သူလမ်းပေါ်တွေမှာမောင်းနှင်အသုံးပြုတာမရှိတဲ့လုပ်ငန်းသုံးယန္တရားတွေကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ၂၀၀၉ ခုနှစ်နဲ့အထက် ထုတ်လုပ်တဲ့ယာဉ်တွေကိုတင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အသစ်ထုတ်ပြန်တဲ့ကားတင်သွင်းခွင့်မူဝါဒကြောင့်လတ်တလောကားဈေးကွက်ပေါ်ရိုက်ခတ်မှုမရှိနိုင်သေး ဘူးလို့လည် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်

ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမင်းမောင်မောင်ကပြောပါတယ်။ လာမယ့်နှစ်မှာတော့ EV လျှပ်စစ်ကား တင်သွင်းလက်ခံနိုင်မှုအခြေအနေပေါ်မူတည်ပြီးပြည်တွင်းကားဈေးကွက်အပေါ် ရိုက်ခတ်မှုရှိမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

အခုထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာဟာနှစ်စဉ်တင်သွင်းခွင့်ပြုတဲ့သတ်မှတ်ချက်ကိုထုတ်ပြန်ပေးနေတာဖြစ်ပြီး မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်လို့ လက်ရှိ ချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒတွေကို ပြောင်းလဲတာမရှိဘဲ ဆက်လက်ကျင့်သုံးနေတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Zawgyi

ယခုလာမည့္ႏွစ္အတြက္ ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ သတ္မွတ္ခ်က္မ်ားထုတ္ျပန္

၂၀၂၃ ခုႏွစ္အတြက္ ျပည္ပကေနေမာ္ေတာ္ယာဥ္တင္သြင္းခြင့္သတ္မွတ္ခ်က္ကိုစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကထုတ္ျပန္လိုက္ပါတယ္။အဲဒီထုတ္ျပန္ခ်က္အရလူစီးေမာ္ေတာ္ယာဥ္ေတြကို ၂၀၂၂ ေမာ္ဒယ္ ကေန ၂၀၂၃ ေမာ္ဒယ္အထိ၊

ကုန္တင္ယာဥ္နဲ႔ ခရီးသည္တင္ယာဥ္ေတြျဖစ္တဲ့လုပ္ငန္းသုံးယာဥ္ေတြကိုေတာ့ ၂၀၁၉ ေမာ္ဒယ္ကေန ၂၀၂၃ ေမာ္ဒယ္အထိ၊ မီးသတ္ယာဥ္၊ လူနာတင္ယာဥ္ေတြကေတာ့ ၂၀၁၄ ေမာ္ဒယ္ကေန ၂၀၂၃ ေမာ္ဒယ္အထိတင္သြင္းခြင့္ျပဳမယ္လို႔သိရပါတယ္။

အဲဒီယာဥ္ေတြကို တင္သြင္းရာမွာလည္းဘယ္ေမာင္းယာဥ္ေတြသာတင္သြင္းခြင့္မယ္လို႔သိရၿပီး ယႏၲရားေတြကို ေတာ့ ၂၀၁၄ ခုႏွစ္ကေန ၂၀၂၃ ခုႏွစ္အထိေမာ္ဒယ္ေတြကိုသာတင္သြင္းခြင့္ျပဳမယ္လို႔သိရပါတယ္။အမ်ားျပည္သူလမ္းေပၚေတြမွာေမာင္းႏွင္အသုံးျပဳတာမရွိတဲ့လုပ္ငန္းသုံးယႏၲရားေတြကိုေတာ့ လြန္ခဲ့တဲ့ ၁၅ ႏွစ္အတြင္း ၂၀၀၉ ခုႏွစ္နဲ႔အထက္ ထုတ္လုပ္တဲ့ယာဥ္ေတြကိုတင္သြင္းခြင့္ျပဳမွာျဖစ္တယ္လို႔လည္းသိရပါတယ္။

အသစ္ထုတ္ျပန္တဲ့ကားတင္သြင္းခြင့္မူဝါဒေၾကာင့္လတ္တေလာကားေဈးကြက္ေပၚ႐ိုက္ခတ္မႈမရွိႏိုင္ေသး ဘူးလို႔လည္ ရန္ကုန္တိုင္းေဒသႀကီးေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္

ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးမင္းေမာင္ေမာင္ကေျပာပါတယ္။ လာမယ့္ႏွစ္မွာေတာ့ EV လွ်ပ္စစ္ကား တင္သြင္းလက္ခံႏိုင္မႈအေျခအေနေပၚမူတည္ၿပီးျပည္တြင္းကားေဈးကြက္အေပၚ ႐ိုက္ခတ္မႈရွိမွာျဖစ္တယ္လို႔လည္းဆိုပါတယ္။

အခုထုတ္ျပန္တဲ့ အမိန႔္ေၾကာ္ျငာစာဟာႏွစ္စဥ္တင္သြင္းခြင့္ျပဳတဲ့သတ္မွတ္ခ်က္ကိုထုတ္ျပန္ေပးေနတာျဖစ္ၿပီး ေမာ္ေတာ္ယာဥ္တင္သြင္းမႈနဲ႔ ပတ္သက္လို႔ လက္ရွိ ခ်မွတ္ေဆာင္႐ြက္ေနတဲ့ မူဝါဒေတြကို ေျပာင္းလဲတာမရွိဘဲ ဆက္လက္က်င့္သုံးေနတယ္လို႔လည္း အသိေပးထုတ္ျပန္ထားပါတယ္။