ပြည်တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ တရားဝင်မှတ်ပုံတင်လက်မှတ်များထုတ်ပေးမည်

ပြည်တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ တရားဝင်မှတ်ပုံတင်လက်မှတ်များထုတ်ပေးမည်

ပြည်တွင်းမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတ်ပုံတင်လက်မှတ်တွေကိုတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။

နေပြည်တော်အပါအဝင်တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်လိုသူတွေကိုသက်ဆိုင်ရာအိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာမှတ်ပုံတင်အဖွဲ့တွေကစိစစ်ပြီးအိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်လက်မှတ်တွေထုတ်ပေးသွားမယ်လို့သိရပါတယ်။

မှတ်ပုံတင်စိစစ်ရေးအဖွဲ့တွေမှာသက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အိမ်ခြံမြေအကျိုးဆောင်အသင်းတို့ကကိုယ်စားလှယ်တွေပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

နိုင်ငံတစ်ဝန်း ငွေကြေးခဝါချမှုတွေကိုတားဆီးဆောင်ရွက်ရာမှာတစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်ဖို့နဲ့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေတရားဝင်လုပ်ကိုင်နိုင်ဖိုအတွက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးတာကိုတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်တွေ ဆောင်ရွက်ပြီးပါကသက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရာမှာပွင့်လင်းမြင်သာမှုရှိပြီးနိုင်ငံတော်ကငွေကြေးခဝါချမှုတားဆီးရာမှာသတင်းအချက်အလက်ရနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Zawgyi

ျပည္တြင္းရွိ အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမ်ား တရားဝင္မွတ္ပုံတင္လက္မွတ္မ်ားထုတ္ေပးမည္

ျပည္တြင္းမွာ အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွတ္ပုံတင္လက္မွတ္ေတြကိုတစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ေဆာင္႐ြက္ေပးသြားမယ္လို႔ ျမန္မာႏိုင္ငံအိမ္ၿခံေျမလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။

ေနျပည္ေတာ္အပါအဝင္တိုင္းေဒသႀကီး၊ ျပည္နယ္ေတြနဲ႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြ၊အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ကိုင္လိုသူေတြကိုသက္ဆိုင္ရာအိမ္ၿခံေျမအက်ိဳးေဆာင္မ်ားဆိုင္ရာမွတ္ပုံတင္အဖြဲ႕ေတြကစိစစ္ၿပီးအိမ္ၿခံေျမအက်ိဳးေဆာင္မွတ္ပုံတင္လက္မွတ္ေတြထုတ္ေပးသြားမယ္လို႔သိရပါတယ္။

မွတ္ပုံတင္စိစစ္ေရးအဖြဲ႕ေတြမွာသက္ဆိုင္ရာအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာန၊လယ္ယာေျမစီမံခန႔္ခြဲေရးနဲ႔ စာရင္းအင္းဦးစီးဌာန၊ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ျမန္မာ့စီးပြားေရးဘဏ္၊ စည္ပင္သာယာေရးအဖြဲ႕၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ အိမ္ၿခံေျမအက်ိဳးေဆာင္အသင္းတို႔ကကိုယ္စားလွယ္ေတြပါဝင္မွာျဖစ္တယ္လို႔သိရပါတယ္။

ႏိုင္ငံတစ္ဝန္း ေငြေၾကးခဝါခ်မႈေတြကိုတားဆီးေဆာင္႐ြက္ရာမွာတစ္ဖက္တစ္လမ္းကအေထာက္အကူျပဳႏိုင္ဖို႔နဲ႔အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းေတြတရားဝင္လုပ္ကိုင္ႏိုင္ဖိုအတြက္အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွတ္ပုံတင္လက္မွတ္ထုတ္ေပးတာကိုတစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ေဆာင္႐ြက္ေပးသြားမယ္လို႔သိရပါတယ္။

အိမ္ၿခံေျမအက်ိဳးေဆာင္မွတ္ပုံတင္ေတြ ေဆာင္႐ြက္ၿပီးပါကသက္ဆိုင္ရာဌာနဆိုင္ရာေတြနဲ႔ခ်ိတ္ဆက္ေဆာင္႐ြက္ရာမွာပြင့္လင္းျမင္သာမႈရွိၿပီးႏိုင္ငံေတာ္ကေငြေၾကးခဝါခ်မႈတားဆီးရာမွာသတင္းအခ်က္အလက္ရႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။