၂၀၂၃ ခုနှစ်ကစပြီး အခြေခံမူလတန်းစနစ်သစ်သင်ရိုးညွှန်တမ်းတွေပြောင်းလဲမည်

၂၀၂၃ ခုနှစ်ကစပြီး အခြေခံမူလတန်းစနစ်သစ်သင်ရိုးညွှန်တမ်းတွေပြောင်းလဲမည်

လာမယ့်၂၀၂၃- ၂၀၂၄ ပညာသင်နှစ်ကစတင်ပြီးအခြေခံမူလတန်းစနစ်သစ်ပညာရေးအတွက် သင်ရိုးညွှန်းတမ်းတွေပြောင်းလဲသွားဖို့ပြင်ဆင်နေကြောင်းပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။မူလတန်းပညာရေးသင်ရိုးပြောင်းလဲဖို့ကိုပညာရေးဌာနရဲ့ဒုတိယဝန်ကြီး ဦးဇော်ဝင်းက

ဒီဇင်ဘာ(၁၉)ရက်နေ့က ပညာရေးဌာနရုံးအမှတ် ၅၂ နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ မူလတန်းသင်ရိုးကိုအခြေခံမူလတန်းပညာရေးစနစ်သစ်နဲ့အညီသင်ကြားသွားနိုင်ဖို့ပြောလဲဖို့လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာလာမယ့်ပညာသင်နှစ်ကစတင်ပြီး စနစ်သစ်မူလတန်းအဆင့်တန်းညှိအစီအစဉ်တွေဆောင်ရွက်နိုင်ရေးအတွက်အသင်ရိုးကျွမ်းကျင် ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ကြားပြီးအလုပ်ရုံဆွေးနွေးပွဲလုပ်ကာပြင်ဆင်ဖို့ကနဦး ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနဲ့တစ်သက်တာပညာရေး ဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ရဲ့သင်ရိုးညွှန်းတမ်းတွေကိုလည်း အခြေခံပညာမူလတန်းပညာရေးသင်ရိုးသစ် (KG+Grade-5) သင်ရိုးတွေနဲ့ကိုက်ညီမှုရှိစေဖို့ ပြင်ဆင်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။

Zawgyi

၂၀၂၃ ခုႏွစ္ကစၿပီး အေျခခံမူလတန္းစနစ္သစ္သင္႐ိုးၫႊန္တမ္းေတြေျပာင္းလဲမည္

လာမယ့္၂၀၂၃- ၂၀၂၄ ပညာသင္ႏွစ္ကစတင္ၿပီးအေျခခံမူလတန္းစနစ္သစ္ပညာေရးအတြက္ သင္႐ိုးၫႊန္းတမ္းေတြေျပာင္းလဲသြားဖို႔ျပင္ဆင္ေနေၾကာင္းပညာေရးဝန္ႀကီးဌာနကေနသိရပါတယ္။မူလတန္းပညာေရးသင္႐ိုးေျပာင္းလဲဖို႔ကိုပညာေရးဌာနရဲ႕ဒုတိယဝန္ႀကီး ဦးေဇာ္ဝင္းက

ဒီဇင္ဘာ(၁၉)ရက္ေန႔က ပညာေရးဌာန႐ုံးအမွတ္ ၅၂ ေနျပည္ေတာ္မွာ လုပ္ခဲ့တဲ့ အစည္းအေဝးမွာ မူလတန္းသင္႐ိုးကိုအေျခခံမူလတန္းပညာေရးစနစ္သစ္နဲ႔အညီသင္ၾကားသြားႏိုင္ဖို႔ေျပာလဲဖို႔လိုအပ္ေနတယ္လို႔ ေျပာၾကားထားပါတယ္။

လက္ရွိမွာလာမယ့္ပညာသင္ႏွစ္ကစတင္ၿပီး စနစ္သစ္မူလတန္းအဆင့္တန္းညႇိအစီအစဥ္ေတြေဆာင္႐ြက္ႏိုင္ေရးအတြက္အသင္႐ိုးကြၽမ္းက်င္ ပညာရွင္ေတြနဲ႔ နည္းပညာကြၽမ္းက်င္ပညာရွင္ေတြကို ဖိတ္ၾကားၿပီးအလုပ္႐ုံေဆြးေႏြးပြဲလုပ္ကာျပင္ဆင္ဖို႔ကနဦး ေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။

ပညာေရးဝန္ႀကီးဌာနေက်ာင္းျပင္ပနဲ႔တစ္သက္တာပညာေရး ဦးစီးဌာနကအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ေက်ာင္းျပင္ပမူလတန္းပညာေရးအစီအစဥ္ရဲ႕သင္႐ိုးၫႊန္းတမ္းေတြကိုလည္း အေျခခံပညာမူလတန္းပညာေရးသင္႐ိုးသစ္ (KG+Grade-5) သင္႐ိုးေတြနဲ႔ကိုက္ညီမႈရွိေစဖို႔ ျပင္ဆင္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာနကေနသိရပါတယ္။