သိန်း ၃၅၀ လောက်ရင်းပြီး လပိုင်းအတွင်း သိန်း ၃၀၀၀ ကျော်မြတ်တဲ့နည်း ( ကိုယ်ချင်းစာတရားမရှိရင် စာနာစိတ်မရှိရင် ငရဲမကြောက်တတ်ရင် ဂုဏ်သိက္ခာကို ထည့်မတွက်ရင် မြန်မာပြည်မှာ ငွေရှာရလွယ်ပါတယ် )

”လွယ်သလား ခက်သလား ရာမ”


.
စင်ကာပူအလုပ်အကိုင် ရှာဖွေးရေးဂရုတွေထဲ ကျနော်ဝင်ထားတယ်။
ကျနော်ရှာဖို့ မဟုတ်ဘူး၊ ရှာနေတဲ့သူတွေကို ကိုယ်သိတာလေးတွေ ဝင်ပြောပြပေးဖို့ သက်သက်သာ ဖြစ်တယ်။

အဓိကက….

သူတို့ကို လူအလိမ် မခံရစေချင်တာ။

တစ်ယောက်ယောက်က…

”ဘာအလုပ်လိုချင်ပါတယ်၊ ညာအလုပ်လိုချင်ပါတယ်”… လို့ ပိုစ့်တင်ကြည့်။

”CB လာခဲ့”… ဆိုတာချည်းပဲ။

ခများတို့ကို ပြောလိုက်မယ်…အဲ့လို CB လာခဲ့ဆိုတာနဲ့ အလိမ်ခံရဖို့ ၉၉% သေချာပီမှတ်။

ဘာလိုင်စင်မှ မရှိ ဘယ်မှာနေမှန်း မသိ ဘာအဆင့်မှန်း မသိ ဖုန်းနံပတ်လေး တစ်ခုနဲ့ ဖေ့စဘုတ်အကောင့်တစ်ခု ဖွင့်ပီး လူတွေကို အချဉ်ဖမ်းနေတာ။

အဲလို… ကလေကချေ အုတ်ကြားမြက်ပေါက်တွေကို ယုံတဲ့သူ ခံ။ လမ်းမှာတွေ့တဲ့ လူတစ်ယောက်က… … ”ညီမလေး… အကိုကြီးနဲ့ လိုက်အိပ်မလား၊ ညီမလေးကို အကိုကြီးက အတည်ယူမှာပါ”… ဆိုရင် လိုက်အိပ်ကြမလား?

ခုလည်း အတူတူပဲ။ ဘာမှန်းညာမှန်း မသိ၊ အခြေအမြစ်မရှိတဲ့သူက လူမမြင်အောင် CB ခေါ်ပြီး ဂျင်းအတောင့်လိုက် ထည့်မလို့ဟာကို ယုံလည်း ခံပေါ့ဗျာ။

ခများတို့ကို ပြောပြမယ်… နိုင်ငံခြားကို အလုပ်သမားပို့မယ့် အေဂျင်စီဟာ အနည်းဆုံး လိုင်စင်ရအေးဂျင့်တော့ ဖြစ်ပါစေ။ လိုင်စင်ရှိပီး၊ ရုံးခန်းဘာညာကို မြို့လယ်ကောင်ဖွင့်ပီး၊ လိမ်ပြေးတဲ့ အေးဂျင့်တွေတောင် အများကြီး ရှိတာဗျာ။

ပြောပြအုံးမယ်… မြန်မာပြည်မှာ ပိုက်ဆံရှာရတာ သိပ်လွယ်တဲ့ အကြောင်းလေး။ ဥပမာ…

ကျုပ်က အလုပ်သမားပို့မယ့် အေးဂျင့် ထောင်လိုက်မယ်။ T4K global man power Co.ltd ကြီး ဆိုပါတော့။

မြို့ထဲမှာ… စမ်းချောင်းဘက်လောက်မှာ တိုက်ခန်းငှားပီး ရုံးဖွင့်လိုက်မယ်။ တစ်လ ၅ သိန်းနဲ့ ၁၂ လစာ သိန်း ၆၀ ရင်းမယ်။ ရုံခန်းနည်းနည်းပြင် ပရိဘောဂထည့် သိန်း ၄၀ ထား။အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်မယ်၊ စရံ သိန်း၂၀၀ (သိန်း ၂ဝဝ ထင်တယ်) တင်လိုက်မယ်။ တခြား ဘာကြေားညာကြေး သိန်း ၅၀ ထား။ စုစုပေါင်း သိန်း ၃၅၀ ရင်းရင် ရပြီ။

ပေါ်လာပြီ… T4K global man power Co.ltd ကြီး ပေါ်လာပြီ။ ခန့်ခန့်ညားညားကြီး။ လိုင်စင်နံပတ်နဲ့ ဘာနဲ့ ရုံးခန်းနဲ့ အဲကွန်းနဲ့။ အေး… ပထမဆုံးအကြိမ် လူခေါ်ထည့်လိုက်မယ် – စင်ကာပူနိုင်ငံ၊ ဟော်တယ် house keeping ဝန်ထမ်း အလိုရှိသည်။

– Spass ရမည်

– ပညာအရည်အချင်း ဆယ်တန်းအောင်

– အသက် ၂၃ မှ ၄၀ အတွင်း (ကျား/မ)

– လစာ ၂၃၀၀၊ အချိန်ပို ၁ ဆခွဲ၊

– နေစရာ ပေးမည်၊ (အစားအသောက် မိမိအစီအစဉ်)

– တစ်လ နားရက် ၄ ရက်

– စင်ကာပူဥပဒေအတိုင်း အခြားအကျိုးခံစားခွင့် ရမည်

– လူ ၁၅ ဦးသာ

– အေးဂျင့်ကြေး ၅၀၀၀ (အကြွေးမရ)

– အလုပ်အပ်လျင် စရံ ၁၀၀၀

– အင်တာဗျူးအောင်လျင် ၁၅၀၀ ထပ်သွင်းရမည်။

– Spass တင်လျင် ကျန်ငွေ အကြေရှင်းရမည်

– ဖုန်း 09xxxxxccxx

– ကုမ္ပဏီ ရုံးခန်းသို့ ဆက်သွယ်ပါ။

ပြည်တွင်းမှာ လုပ်ကိုင်စားဖို့ အလွန်အမင်းခက်နေတော့…ဒီအလုပ်ကို စုပြုံတိုးကြတာပေါ့။

လူ ၂၀၀ ပဲ လာလျှောက်ပီး အလုပ်အပ်တယ်ဆိုပါစို့။ (တကယ်က ဒီထက်အများကြီး ပိုဖို့ပဲ ရှိတယ်)

ပထမအကြိမ် ဝင်ငွေ… S$1000 x 200 = S$200000

အကုန်လုံးကို အင်တာဗျူး အအောင်ပေးထည့်လိုက်တယ် (ဘသူသိတာမှတ်လို့၊ တကယ်က စကတည်းက အင်ထုနေတာလေ) လာထား… နောက်ထပ် 1500၊ (လူ ၅၀ လောက်က ငွေထပ်မသွင်းနိုင်လို့ မလာဘူးပဲထား) S$1500 x 150 = S$225000

အေး… Spass တင်ပြီ ကျန်ငွေ S$2500 မ,စပါ။ အဲ့မှာတချို့နဲ့ ပြသနာ စညှိပြီ။ ငွေကလည်း ထပ်သွင်းစရာ မရှိ သွင်းပြီးသား ပြန်တောင်းတော့လည်း နေ့ရွှေ့ညရွှေ့နဲ့ ခနစောင့်ခိုင်း။ အရင်ပေးထားတဲ့ငွေ ဆုံးမှာစိုးလို့ တချို့က ကျန်ငွေ ၂၅၀၀ ကို ပေါင်နှံရောင်းချပေးကြရော။

(အို… စလုံးရောက်ရင် တစ်လ ၂၃၀၀ တောင်ရမယ်၊ အိုတီနဲ့ဘာနဲ့ဆို ၃၀၀၀ လောက်ရမှာ၊ တစ်လ ၂ ထောင်လောက်တော့ အသားတင်ကျန်တယ်၊ သုံးလဆို အရင်းကြေပါပြီ၊ ချသာချ နောက်မဆုတ်နဲ့)

လူ ၁၀၀ ပဲကျန်တယ်ထား S$2500 x 100 = S$250000 ရပြီ။ ဒါဆို ခုတစ်ကြိမ် ဝင်ငွေ ဘယ်လောက်ရ…

S$200000

S$225000

S$250000

ဆိုတော့… စုစုပေါင်း S$675000 မြန်မာငွေနဲ့ သိန်းပေါင်း ၉၈၀၀ ခန့်။ ကျုပ်တွက်တာ အရမ်းများနေလား တစ်ဝက်လျှော့ဗျာ သိန်း ၅၀၀၀ ပဲထားလိုက်။ များသေးလား ထပ်လျှော့ပေးမယ် သိန်း ၃၀၀၀ ပဲထား။ ရှိသမျှလူ Spass တင်ပေးမယ်ပြောပြီး ငွေရတာနဲ့ ခုန သိန်း ၃၀၀၀ ကိုပိုက်ပြီး လစ်ပြီလေ။

ရုံးခန်းခ တစ်နှစ်စာ အဆုံးခံလိုက်မယ်။ သွင်းထားတဲ့ စပေါ် သိန်း ၂၀၀ အဆုံးခံလိုက်မယ်။

ခများတို့က အလိမ်ခံလိုက်ရလို့ ပြာသလူးခတ်ပြီး ဘယ်လိုက်ရ ဘယ်တိုင်ရမှန်း မသိ ဖြစ်နေချိန်မှာ

ကျုပ်ကတော့ ပိုငွေလေး ပိုက်ပြီး ငွေဆောင်မှာ လုလုလေး နဲ့ သွားနှပ်နေပြီလေ။ ငွေကုန်တော့ ဘာအရေးလဲ နောက်နာမည်တစ်မျိုးနဲ့ နောက်ကုမ္မဏီ ထပ်ဖွင့်မှာပေါ့။ လိုင်စင်တင်မရလည်း ဘာအရေးလဲဗျာ

လိုင်စင်မပါလည်း… ”ကုမ္မဏီတိုက်ရိုက်ခေါ်တာ” ဆိုပီး ဂျင်းထည့်ရင် အတောင့်လိုက်မြိုမယ့် ပုဂ္ဂုလ်တွေ အများကြီးပါ။ ကိုယ်ချင်းစာတရားမရှိရင် စာနာစိတ်မရှိရင် ငရဲမကြောက်တတ်ရင် ဂုဏ်သိက္ခာကို ထည့်မတွက်ရင် မြန်မာပြည်မှာ ငွေရှာရလွယ်ပါ့။

ကဲ… ဒီတခါတော့… စင်ကာပူကို မပို့တော့ဘူး ဒူဘိုင်းပို့မယ်

လိုက်ကြအုံးမလား အရပ်ကတို့

စဆရက – သန်၄ကို
crd

Zawgyi

”လြယ္သလား ခက္သလား ရာမ”
.
စင္ကာပူအလုပ္အကိုင္ ရွာေဖြးေရးဂ႐ုေတြထဲ က်ေနာ္ဝင္ထားတယ္။
က်ေနာ္ရွာဖို႔ မဟုတ္ဘူး၊ ရွာေနတဲ့သူေတြကို ကိုယ္သိတာေလးေတြ ဝင္ေျပာျပေပးဖို႔ သက္သက္သာ ျဖစ္တယ္။

အဓိကက….

သူတို႔ကို လူအလိမ္ မခံရေစခ်င္တာ။

တစ္ေယာက္ေယာက္က…

”ဘာအလုပ္လိုခ်င္ပါတယ္၊ ညာအလုပ္လိုခ်င္ပါတယ္”… လို႔ ပိုစ့္တင္ၾကည့္။

”CB လာခဲ့”… ဆိုတာခ်ည္းပဲ။

ခမ်ားတို႔ကို ေျပာလိုက္မယ္…အဲ့လို CB လာခဲ့ဆိုတာနဲ႔ အလိမ္ခံရဖို႔ ၉၉% ေသခ်ာပီမွတ္။

ဘာလိုင္စင္မွ မရွိ ဘယ္မွာေနမွန္း မသိ ဘာအဆင့္မွန္း မသိ ဖုန္းနံပတ္ေလး တစ္ခုနဲ႔ ေဖ့စဘုတ္အေကာင့္တစ္ခု ဖြင့္ပီး လူေတြကို အခ်ဥ္ဖမ္းေနတာ။

အဲလို… ကေလကေခ် အုတ္ၾကားျမက္ေပါက္ေတြကို ယုံတဲ့သူ ခံ။ လမ္းမွာေတြ႕တဲ့ လူတစ္ေယာက္က… … ”ညီမေလး… အကိုႀကီးနဲ႔ လိုက္အိပ္မလား၊ ညီမေလးကို အကိုႀကီးက အတည္ယူမွာပါ”… ဆိုရင္ လိုက္အိပ္ၾကမလား?

ခုလည္း အတူတူပဲ။ ဘာမွန္းညာမွန္း မသိ၊ အေျခအျမစ္မရွိတဲ့သူက လူမျမင္ေအာင္ CB ေခၚၿပီး ဂ်င္းအေတာင့္လိုက္ ထည့္မလို႔ဟာကို ယုံလည္း ခံေပါ့ဗ်ာ။

ခမ်ားတို႔ကို ေျပာျပမယ္… ႏိုင္ငံျခားကို အလုပ္သမားပို႔မယ့္ ေအဂ်င္စီဟာ အနည္းဆုံး လိုင္စင္ရေအးဂ်င့္ေတာ့ ျဖစ္ပါေစ။ လိုင္စင္ရွိပီး၊ ႐ုံးခန္းဘာညာကို ၿမိဳ႕လယ္ေကာင္ဖြင့္ပီး၊ လိမ္ေျပးတဲ့ ေအးဂ်င့္ေတြေတာင္ အမ်ားႀကီး ရွိတာဗ်ာ။

ေျပာျပအုံးမယ္… ျမန္မာျပည္မွာ ပိုက္ဆံရွာရတာ သိပ္လြယ္တဲ့ အေၾကာင္းေလး။ ဥပမာ…

က်ဳပ္က အလုပ္သမားပို႔မယ့္ ေအးဂ်င့္ ေထာင္လိုက္မယ္။ T4K global man power Co.ltd ႀကီး ဆိုပါေတာ့။

ၿမိဳ႕ထဲမွာ… စမ္းေခ်ာင္းဘက္ေလာက္မွာ တိုက္ခန္းငွားပီး ႐ုံးဖြင့္လိုက္မယ္။ တစ္လ ၅ သိန္းနဲ႔ ၁၂ လစာ သိန္း ၆၀ ရင္းမယ္။ ႐ုံခန္းနည္းနည္းျပင္ ပရိေဘာဂထည့္ သိန္း ၄၀ ထား။အလုပ္သမားဝန္ႀကီးဌာနမွာ မွတ္ပုံတင္မယ္၊ စရံ သိန္း၂၀၀ (သိန္း ၂ဝဝ ထင္တယ္) တင္လိုက္မယ္။ တျခား ဘာေၾကားညာေၾကး သိန္း ၅၀ ထား။ စုစုေပါင္း သိန္း ၃၅၀ ရင္းရင္ ရၿပီ။

ေပၚလာၿပီ… T4K global man power Co.ltd ႀကီး ေပၚလာၿပီ။ ခန႔္ခန႔္ညားညားႀကီး။ လိုင္စင္နံပတ္နဲ႔ ဘာနဲ႔ ႐ုံးခန္းနဲ႔ အဲကြန္းနဲ႔။ ေအး… ပထမဆုံးအႀကိမ္ လူေခၚထည့္လိုက္မယ္ – စင္ကာပူႏိုင္ငံ၊ ေဟာ္တယ္ house keeping ဝန္ထမ္း အလိုရွိသည္။

– Spass ရမည္

– ပညာအရည္အခ်င္း ဆယ္တန္းေအာင္

– အသက္ ၂၃ မွ ၄၀ အတြင္း (က်ား/မ)

– လစာ ၂၃၀၀၊ အခ်ိန္ပို ၁ ဆခြဲ၊

– ေနစရာ ေပးမည္၊ (အစားအေသာက္ မိမိအစီအစဥ္)

– တစ္လ နားရက္ ၄ ရက္

– စင္ကာပူဥပေဒအတိုင္း အျခားအက်ိဳးခံစားခြင့္ ရမည္

– လူ ၁၅ ဦးသာ

– ေအးဂ်င့္ေၾကး ၅၀၀၀ (အေႂကြးမရ)

– အလုပ္အပ္လ်င္ စရံ ၁၀၀၀

– အင္တာဗ်ဴးေအာင္လ်င္ ၁၅၀၀ ထပ္သြင္းရမည္။

– Spass တင္လ်င္ က်န္ေငြ အေၾကရွင္းရမည္

– ဖုန္း 09xxxxxccxx

– ကုမၸဏီ ႐ုံးခန္းသို႔ ဆက္သြယ္ပါ။

ျပည္တြင္းမွာ လုပ္ကိုင္စားဖို႔ အလြန္အမင္းခက္ေနေတာ့…ဒီအလုပ္ကို စုၿပဳံတိုးၾကတာေပါ့။

လူ ၂၀၀ ပဲ လာေလွ်ာက္ပီး အလုပ္အပ္တယ္ဆိုပါစို႔။ (တကယ္က ဒီထက္အမ်ားႀကီး ပိုဖို႔ပဲ ရွိတယ္)

ပထမအႀကိမ္ ဝင္ေငြ… S$1000 x 200 = S$200000

အကုန္လုံးကို အင္တာဗ်ဴး အေအာင္ေပးထည့္လိုက္တယ္ (ဘသူသိတာမွတ္လို႔၊ တကယ္က စကတည္းက အင္ထုေနတာေလ) လာထား… ေနာက္ထပ္ 1500၊ (လူ ၅၀ ေလာက္က ေငြထပ္မသြင္းႏိုင္လို႔ မလာဘူးပဲထား) S$1500 x 150 = S$225000

ေအး… Spass တင္ၿပီ က်န္ေငြ S$2500 မ,စပါ။ အဲ့မွာတခ်ိဳ႕နဲ႔ ျပသနာ စညႇိၿပီ။ ေငြကလည္း ထပ္သြင္းစရာ မရွိ သြင္းၿပီးသား ျပန္ေတာင္းေတာ့လည္း ေန႔ေ႐ႊ႕ညေ႐ႊ႕နဲ႔ ခနေစာင့္ခိုင္း။ အရင္ေပးထားတဲ့ေငြ ဆုံးမွာစိုးလို႔ တခ်ိဳ႕က က်န္ေငြ ၂၅၀၀ ကို ေပါင္ႏွံေရာင္းခ်ေပးၾကေရာ။

(အို… စလုံးေရာက္ရင္ တစ္လ ၂၃၀၀ ေတာင္ရမယ္၊ အိုတီနဲ႔ဘာနဲ႔ဆို ၃၀၀၀ ေလာက္ရမွာ၊ တစ္လ ၂ ေထာင္ေလာက္ေတာ့ အသားတင္က်န္တယ္၊ သုံးလဆို အရင္းေၾကပါၿပီ၊ ခ်သာခ် ေနာက္မဆုတ္နဲ႔)

လူ ၁၀၀ ပဲက်န္တယ္ထား S$2500 x 100 = S$250000 ရၿပီ။ ဒါဆို ခုတစ္ႀကိမ္ ဝင္ေငြ ဘယ္ေလာက္ရ…

S$200000

S$225000

S$250000

ဆိုေတာ့… စုစုေပါင္း S$675000 ျမန္မာေငြနဲ႔ သိန္းေပါင္း ၉၈၀၀ ခန႔္။ က်ဳပ္တြက္တာ အရမ္းမ်ားေနလား တစ္ဝက္ေလွ်ာ့ဗ်ာ သိန္း ၅၀၀၀ ပဲထားလိုက္။ မ်ားေသးလား ထပ္ေလွ်ာ့ေပးမယ္ သိန္း ၃၀၀၀ ပဲထား။ ရွိသမွ်လူ Spass တင္ေပးမယ္ေျပာၿပီး ေငြရတာနဲ႔ ခုန သိန္း ၃၀၀၀ ကိုပိုက္ၿပီး လစ္ၿပီေလ။

႐ုံးခန္းခ တစ္ႏွစ္စာ အဆုံးခံလိုက္မယ္။ သြင္းထားတဲ့ စေပၚ သိန္း ၂၀၀ အဆုံးခံလိုက္မယ္။

ခမ်ားတို႔က အလိမ္ခံလိုက္ရလို႔ ျပာသလူးခတ္ၿပီး ဘယ္လိုက္ရ ဘယ္တိုင္ရမွန္း မသိ ျဖစ္ေနခ်ိန္မွာ

က်ဳပ္ကေတာ့ ပိုေငြေလး ပိုက္ၿပီး ေငြေဆာင္မွာ လုလုေလး နဲ႔ သြားႏွပ္ေနၿပီေလ။ ေငြကုန္ေတာ့ ဘာအေရးလဲ ေနာက္နာမည္တစ္မ်ိဳးနဲ႔ ေနာက္ကုမၼဏီ ထပ္ဖြင့္မွာေပါ့။ လိုင္စင္တင္မရလည္း ဘာအေရးလဲဗ်ာ

လိုင္စင္မပါလည္း… ”ကုမၼဏီတိုက္႐ိုက္ေခၚတာ” ဆိုပီး ဂ်င္းထည့္ရင္ အေတာင့္လိုက္ၿမိဳမယ့္ ပုဂၢဳလ္ေတြ အမ်ားႀကီးပါ။ ကိုယ္ခ်င္းစာတရားမရွိရင္ စာနာစိတ္မရွိရင္ ငရဲမေၾကာက္တတ္ရင္ ဂုဏ္သိကၡာကို ထည့္မတြက္ရင္ ျမန္မာျပည္မွာ ေငြရွာရလြယ္ပါ့။

ကဲ… ဒီတခါေတာ့… စင္ကာပူကို မပို႔ေတာ့ဘူး ဒူဘိုင္းပို႔မယ္

လိုက္ၾကအုံးမလား အရပ္ကတို႔

စဆရက – သန္၄ကို
crd