လူသားစားပြီး လမ်းစဉ်မှားလိုက်ခဲ့သူ ဦးလာဘ၏ ဘဝနိဂုံး… ပေါရိသာဒ ကျင့်စဉ် (သို့) ဦးလာဘ

လူသားစားပြီး လမ်းစဉ်မှားလိုက်ခဲ့သူ ဦးလာဘ၏ ဘဝနိဂုံး… ပေါရိသာဒ ကျင့်စဉ် (သို့) ဦးလာဘ

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌ နာမည်ကျော် ဦးလာဘဆိုသည်မှာ တကယ်ရှိခဲ့ပါသည်။ သင်္ကန်းဝတ်ထားပေမယ့် သံင်္ဃာဘုန်းကြီးဟု ပြောဖို့ ခက်ခဲပါသည်။ သူ၏ကျောင်း၏ တည်နေရာမှာ… ယခု တောင်ဥက္ကလာပမြို့နယ်

ပါရမီလမ်းမဘေးက ၂ဝိုင်း တို့ ၃ဝိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးရှိတဲ့နေရာ… အဲ့ဒီ့ ကာလတုန်းကတော့ အခုလို လူနေအိမ်ခြေ မရှိသေးဘဲ မြို့အစွန်အဖျားလို ဖြစ်နေခဲ့သည်။

ဘုန်းကြီးကျောင်းငယ်လေးတွေကတော့… ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးလာဘ၏ ကျောင်းလည်း တစ်ကျောင်း အပါအဝင်ပေါ့။ ဦးလာဘရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမနဲ့ သားဖြစ်သူတို့ပါ အတူနေတယ်လို့

ပြောပါတယ်။ သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံ လူ သ တ်ပေးပြီး… မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချက်ပြုတ်ပေးကြပါတယ်။ ဦးလာဘရဲ့ လူသားစား ဇာတ်လမ်းကြီး ပေါ်ပေါက်လာရတာကတော့… ဘုန်းကြီးကျောင်းရဲ့ ဘေးဘက်တနေရာမှာ မြေကွက်လေးရှိတယ်။

အဲ့နားဝန်းကျင်က ဘုန်းကြီး ကျောင်းသားလေးတွေ ညနေဆို ခြင်းခတ်ကြတယ်။ တနေ့ ညနေ ခြင်းခတ်နေရင်း… ကျောင်းသားတစ်ယောက် ခြင်းခတ်လိုက်တာ ခြင်းလုံးက ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ ဝင်သွားတယ်။

သွားကောက်တဲ့ ကျောင်းသားလေးလည်း အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်မလာတော့ဘူးတဲ့။ တနေ့ထက်တနေ့ အဲဒီ့ ပတ်ဝန်းကျင်မှာ လူပျောက်မှုတွေများလာတယ်။ စုံစမ်းလိုက်တဲ့အခါမှာ အများစုက… အဲဒီ ဘုန်းကြီးကျောင်းတွေ အနားတဝိုက်မှာ

နောက်ဆုံး မြင်လိုက်ရတာကြီးပဲ ဖြစ်ဖြစ်နေတယ်။ သဲလွန်စလည်းမရ… သတင်းအစအနလည်း မရ ဖြစ်နေပေမယ့်.. ဒီနားက ဘုန်းကြီးကျောင်းတွေနဲ့ ပတ်သက်မှု တခုခု ရှိမယ်ဆိုပြီး အဲ့နားတဝိုက်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ပါတယ်။

ဒီလိုနဲ့ အမှုပေါ်မယ်နေ့မှာ လူငယ်တစ်ယောက်ဟာ… ဦးလာဘကြီးရဲ့ကျောင်းကို ညနေစောင်းလောက် အချိန်မှာ ရောက်လာခဲ့ပါတယ်။ သူပြန်မယ့် အချိန်ကျတော့… ဦးလာဘရဲ့ ကျောင်းထဲက အထွက်မှာ ဦးလာဘရဲ့ သားဖြစ်သူက အနောက်က ဓားနဲ့ ခု တ်ပါတယ်။

ကံကောင်းစွာနဲ့ လူငယ်ကို ချက်ကောင်းမခုတ်မိတာကြောင့် အဲဒီ့လူငယ်ဟာ ေ သွးသံရဲရဲနဲ့ ဘုန်းကြီးကျောင်းဝန်းထဲက ပြေးထွက်ခဲ့ပါတယ်။ အဲဒီ့မှာပဲ အဆင်သင့်စောင့်ကြည့်နေတဲ့ သက်ဆိုင်ရာတွေရော ပတ်ဝန်းကျင်ကပါ

ရောက်ရှိလာပြီး အကျိုးအကြောင်း မေးတော့… ဘာရန်စမှ မရှိဘဲ ဦးလာဘရဲ့ သားဖြစ်သူက ဓားနဲ့ ခု တ်တဲ့အကြောင်း သိရတာမို့… ဦးလာဘရဲ့ ကျောင်းကို ဝင်ရောက်စစ်ဆေးကြပါတယ်။ ကျောင်းထဲကို ဝင်စစ်ကျတဲ့အခါမှာ…

ရာဝင်အိုးကြီးထဲမှာ ခုတ်ဖြတ်ဆားစိမ် (သို့) အချဉ် စိမ်ထားတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘရဲ့ ကြောက်မက်ဖွယ် ဇာတ်လမ်းကို ဖော်ထုတ်ကာ ဇာတ်သိမ်းလိုက်နိုင်ပါတယ်။ ရက်သတ္တပတ်များစွာ စစ်ဆေးပြီးတဲ့နောက်မှာ

ဦးလာဘကြီးကို သေဒဏ် ချမှတ်ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ… ဦးလာဘကြီးဟာ လူသားစားပြီး ကျင့်ကြံရတဲ့ ကျင့်စဉ်တခုကို ကျင့်နေကြောင်း၊ ထိုကျင့်စဉ်ကို လူတချို့က ပေါရိသာဒ ကျင့်စဉ်ဟု ခေါ်ကြောင်း သူက ရှင်အဇ္ဇဂေါဏတို့လို ဝိဇ္ဇာတစ်ဦး ဖြစ်ချင်တာပါ။

သူဟာ… ယတြာ၊ ဓာတ်ခန်း၊ ဓာတ်ရိုက် ဓာတ်ဆင် လည်း နှံ့စပ်တဲ့ ဘုန်းကြီးတစ်ဦးပါ။ လူသားစားတဲ့ နေရာမှာလည်း ပြီးစလွယ် အလွယ်စားတာ မဟုတ်ပါဘူး။ ဂါထာ မန္တာန် သူ့နေနံနဲ့သူ စားတာပါ။ အောင်မြင်သွားရင်တော့… သူ့အတွက် အရမ်းကို အကျိုးများစေမှာပါ။

တချို့ကလည်း မြေမနင်း စားတယ်လို့ဆိုပါတယ်။ အယောက်တစ်ရာပြည့်ရင် မြေလျှိုး မိုးပျံနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လူသားအနည်းငယ် စားပြီးတဲ့အခါမှာ… သူရဲ့ကျင့်စဉ်က ပြီးမြောက်တော့မှာ ဖြစ်တဲ့အကြောင်း၊ လူသားစားတဲ့အခါမှာလည်း နေ့သင့်နံသင့်သားတွေကို ရက်အလိုက်

စားရတာ ဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ရက်က နေ့သင့်နံသင့် လူသားစားရန် လက်ကျန် မရှိတော့တဲ့ အချိန်မှာ… ကျောင်းကို လာနေကြ လူငယ်ဟာ နေ့သင့် နံသင့်တာမို့ သ တ်ရန် အကြံအစည်မရှိဘဲ သ တ်ခိုင်းခဲ့တာ ဖြစ်ကြောင်း ဖြောင့်ချက်ပေး ပြောဆိုသည်။

မူကွဲတခု…

ဒီနေရာမှာ ဘုန်းကြီးဦးလာဘရဲ့ အစီအစဉ်ဖြစ်တဲ့ စားဖို့အတွက် လူသေအသားတွေကို သူ့ရဲ့တပည့်က (မောင်ငယ်) က သင်္ချိုင်းမှာ လူသားရှာဖွေ ပေးရပါတယ်။ အစပိုင်းကတော့… သင်္ချိုင်းမှာ တူးယူ ရရှိပါတယ်။

နောက်ပိုင်း… သင်္ချိုင်းမှာ တူးယူရတာ အဆင်မပြေတော့… ဘုန်းကြီး ကျောင်းဝင်းထဲကို လာတဲ့သူကို ခုတ်ပြီး အသားကိုယူပြီး အချဉ်စိမ်ကာ စားပါတယ်။ ကျန်အရိုးတွေကိုတော့ မြေကြီးနက်နက် တူးပြီး ခြေရာ၊ လက်ရာဖျောက်ကာ မြုပ်နှံပစ်ပါတယ်။

ပတ်ဝန်းကျင်ကလည်း တဖြေးဖြေး ရိပ်မိလာတော့… ကင်းဝပ်တွေ ချထားပါတယ်။ ဤအကြောင်းကိုလည်း ဦးလာဘသိလေတော့… လူသား ဘယ်မှာမှ မရတဲ့အဆုံး… တပည့်မောင်ငယ်ကို သ တ်ဖို့ ကြံစည်ပါတော့တယ်။ မောင်ငယ်ကလည်း အထာနပ်သူ ဖြစ်နေလေတော့…

ကိုယ်တော့ အသေမခံနိုင်ဆိုပြီး ရဲစခန်းကို သွားပြီး ဦးလာဘရဲ့အကြောင်းကို ဖွင့်ချ တိုင်တန်းပါတယ်။ နောက်နေ့မှာပဲ ဦးလာဘကို ရဲတွေ ဝင်ဖမ်းပါတယ်။ လူသားစားပြီး သန်မာလှတဲ့အတွက် မနည်း ရုန်းကန်နေတဲ့ကြား ခက်ခက်ခဲခဲ ဖမ်းယူရပါတယ်။

နောက်မူကွဲတစ်ခုကတော့…

နောက်တော့… အစိုးရ ထောက်လှမ်းရေးတွေက ရိပ်မိပြီး ကင်းဝပ်တွေ ချထားတာ ရိပ်မိလို့ ဦးလာဘက သူ့တပည့်ကို ပြန်သ တ်စားဖို့ ကြံစည်ပါတယ်။ သူ့တပည့်က သူ့ကိုမသတ်ခင်… ရဲစခန်းမှာ ထွက်ချက်ပေးလို့ ဝင်ဖမ်းတယ်လို့ ဆိုကြပါတယ် ။

နောက်တော့… မောင်ငယ်လည်း ထောင်ကျ။ ဦးလာဘကိုလည်း ေ သဒဏ် ပေးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေး အရှုပ်အရှင်းထဲမှာ လွတ်သွားတယ်လည်း ဆိုပါတယ်။ ဦးလာဘရဲ့ရှေ့နေက ယခင် ၅၅ ဘားလမ်းက ဓနုဖြူ ဦးစိုးမြင့်ပါ။

အဲ့ဒါလည်း သူ့ဖာသာ ဗေဒင်တွက်ပြီး နေ့နံသင့် ရွေးငှါးတာ။ ဦးစိုးမြင့်ကို ငါဘယ်တော့မှ ေ သဒါဏ်မကျဘူး။ ခဏ ထောင်ကျပြီး လွတ်မှာ မင်း ရဲရဲတင်းတင်းသာ လိုက်တဲ့။ တကယ်လည်း ထောင် ၅ နှစ်လောက် ကျပြီး လွတ်ငြိမ်းချမ်းသာနဲ့

လွတ်သွားတာပါပဲလို့လည်း ပြောကြပါတယ်။ လူဝတ်လဲစေကာ ထောင်အကျဉ်းချစေပြီး ကြိုးမိန့်လို့လည်း ကြားဖူးပါတယ်။ သတင်း အမှောင်ချထားတဲ့ ခေတ်မို့လို့ အမှန်သိဖို့တော့ ခက်ခဲပါတယ်။ ဖတ်ရသလောက် ဆက်စပ် မျှဝေပေးတာပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

လူသားစားၿပီး လမ္းစဥ္မွားလိုက္ခဲ့သူ ဦးလာဘ၏ ဘဝနိဂုံး… ေပါရိသာဒ က်င့္စဥ္ (သို႔) ဦးလာဘ

၁၉၇၆ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕၌ နာမည္ေက်ာ္ ဦးလာဘဆိုသည္မွာ တကယ္ရွိခဲ့ပါသည္။ သကၤန္းဝတ္ထားေပမယ့္ သံဃၤာဘုန္းႀကီးဟု ေျပာဖို႔ ခက္ခဲပါသည္။ သူ၏ေက်ာင္း၏ တည္ေနရာမွာ… ယခု ေတာင္ဥကၠလာပၿမိဳ႕နယ္

ပါရမီလမ္းမေဘးက ၂ဝိုင္း တို႔ ၃ဝိုင္းတို႔ဆိုၿပီး အခုေခၚေနၾကတဲ့ ဘုန္းႀကီးေက်ာင္းေတြ အမ်ားႀကီးရွိတဲ့ေနရာ… အဲ့ဒီ့ ကာလတုန္းကေတာ့ အခုလို လူေနအိမ္ေျခ မရွိေသးဘဲ ၿမိဳ႕အစြန္အဖ်ားလို ျဖစ္ေနခဲ့သည္။

ဘုန္းႀကီးေက်ာင္းငယ္ေလးေတြကေတာ့… ဟိုတစ္ေက်ာင္း ဒီတစ္ေက်ာင္း ရွိေနခဲ့ပါတယ္။ အဲဒီအထဲမွာ ဦးလာဘ၏ ေက်ာင္းလည္း တစ္ေက်ာင္း အပါအဝင္ေပါ့။ ဦးလာဘရဲ႕ေက်ာင္းမွာ သူ႔ရဲ႕မိန္းမနဲ႔ သားျဖစ္သူတို႔ပါ အတူေနတယ္လို႔

ေျပာပါတယ္။ သားျဖစ္သူက ဦးလာဘအတြက္ ဒိုင္ခံ လူ သ တ္ေပးၿပီး… မိန္းမျဖစ္သူက ဦးလာဘအတြက္ ျပင္ဆင္ခ်က္ျပဳတ္ေပးၾကပါတယ္။ ဦးလာဘရဲ႕ လူသားစား ဇာတ္လမ္းႀကီး ေပၚေပါက္လာရတာကေတာ့… ဘုန္းႀကီးေက်ာင္းရဲ႕ ေဘးဘက္တေနရာမွာ ေျမကြက္ေလးရွိတယ္။

အဲ့နားဝန္းက်င္က ဘုန္းႀကီး ေက်ာင္းသားေလးေတြ ညေနဆို ျခင္းခတ္ၾကတယ္။ တေန႔ ညေန ျခင္းခတ္ေနရင္း… ေက်ာင္းသားတစ္ေယာက္ ျခင္းခတ္လိုက္တာ ျခင္းလုံးက ဦးလာဘရဲ႕ ဘုန္းႀကီးေက်ာင္းထဲ ဝင္သြားတယ္။

သြားေကာက္တဲ့ ေက်ာင္းသားေလးလည္း အခ်ိန္ အေတာ္ၾကာတဲ့ထိ ျပန္ထြက္မလာေတာ့ဘူးတဲ့။ တေန႔ထက္တေန႔ အဲဒီ့ ပတ္ဝန္းက်င္မွာ လူေပ်ာက္မႈေတြမ်ားလာတယ္။ စုံစမ္းလိုက္တဲ့အခါမွာ အမ်ားစုက… အဲဒီ ဘုန္းႀကီးေက်ာင္းေတြ အနားတဝိုက္မွာ

ေနာက္ဆုံး ျမင္လိုက္ရတာႀကီးပဲ ျဖစ္ျဖစ္ေနတယ္။ သဲလြန္စလည္းမရ… သတင္းအစအနလည္း မရ ျဖစ္ေနေပမယ့္.. ဒီနားက ဘုန္းႀကီးေက်ာင္းေတြနဲ႔ ပတ္သက္မႈ တခုခု ရွိမယ္ဆိုၿပီး အဲ့နားတဝိုက္ကို အၿမဲတမ္း ေစာင့္ၾကည့္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ အမႈေပၚမယ္ေန႔မွာ လူငယ္တစ္ေယာက္ဟာ… ဦးလာဘႀကီးရဲ႕ေက်ာင္းကို ညေနေစာင္းေလာက္ အခ်ိန္မွာ ေရာက္လာခဲ့ပါတယ္။ သူျပန္မယ့္ အခ်ိန္က်ေတာ့… ဦးလာဘရဲ႕ ေက်ာင္းထဲက အထြက္မွာ ဦးလာဘရဲ႕ သားျဖစ္သူက အေနာက္က ဓားနဲ႔ ခု တ္ပါတယ္။

ကံေကာင္းစြာနဲ႔ လူငယ္ကို ခ်က္ေကာင္းမခုတ္မိတာေၾကာင့္ အဲဒီ့လူငယ္ဟာ ေ သြးသံရဲရဲနဲ႔ ဘုန္းႀကီးေက်ာင္းဝန္းထဲက ေျပးထြက္ခဲ့ပါတယ္။ အဲဒီ့မွာပဲ အဆင္သင့္ေစာင့္ၾကည့္ေနတဲ့ သက္ဆိုင္ရာေတြေရာ ပတ္ဝန္းက်င္ကပါ

ေရာက္ရွိလာၿပီး အက်ိဳးအေၾကာင္း ေမးေတာ့… ဘာရန္စမွ မရွိဘဲ ဦးလာဘရဲ႕ သားျဖစ္သူက ဓားနဲ႔ ခု တ္တဲ့အေၾကာင္း သိရတာမို႔… ဦးလာဘရဲ႕ ေက်ာင္းကို ဝင္ေရာက္စစ္ေဆးၾကပါတယ္။ ေက်ာင္းထဲကို ဝင္စစ္က်တဲ့အခါမွာ…

ရာဝင္အိုးႀကီးထဲမွာ ခုတ္ျဖတ္ဆားစိမ္ (သို႔) အခ်ဥ္ စိမ္ထားတဲ့ လူ႔ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေတြ႕ရွိကာ ဦးလာဘရဲ႕ ေၾကာက္မက္ဖြယ္ ဇာတ္လမ္းကို ေဖာ္ထုတ္ကာ ဇာတ္သိမ္းလိုက္ႏိုင္ပါတယ္။ ရက္သတၱပတ္မ်ားစြာ စစ္ေဆးၿပီးတဲ့ေနာက္မွာ

ဦးလာဘႀကီးကို ေသဒဏ္ ခ်မွတ္ခဲ့ပါတယ္။ စစ္ေဆးတဲ့အခါမွာ… ဦးလာဘႀကီးဟာ လူသားစားၿပီး က်င့္ႀကံရတဲ့ က်င့္စဥ္တခုကို က်င့္ေနေၾကာင္း၊ ထိုက်င့္စဥ္ကို လူတခ်ိဳ႕က ေပါရိသာဒ က်င့္စဥ္ဟု ေခၚေၾကာင္း သူက ရွင္အဇၨေဂါဏတို႔လို ဝိဇၨာတစ္ဦး ျဖစ္ခ်င္တာပါ။

သူဟာ… ယၾတာ၊ ဓာတ္ခန္း၊ ဓာတ္႐ိုက္ ဓာတ္ဆင္ လည္း ႏွံ႔စပ္တဲ့ ဘုန္းႀကီးတစ္ဦးပါ။ လူသားစားတဲ့ ေနရာမွာလည္း ၿပီးစလြယ္ အလြယ္စားတာ မဟုတ္ပါဘူး။ ဂါထာ မႏၲာန္ သူ႔ေနနံနဲ႔သူ စားတာပါ။ ေအာင္ျမင္သြားရင္ေတာ့… သူ႔အတြက္ အရမ္းကို အက်ိဳးမ်ားေစမွာပါ။

တခ်ိဳ႕ကလည္း ေျမမနင္း စားတယ္လို႔ဆိုပါတယ္။ အေယာက္တစ္ရာျပည့္ရင္ ေျမလွ်ိဳး မိုးပ်ံႏိုင္တယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္လူသားအနည္းငယ္ စားၿပီးတဲ့အခါမွာ… သူရဲ႕က်င့္စဥ္က ၿပီးေျမာက္ေတာ့မွာ ျဖစ္တဲ့အေၾကာင္း၊ လူသားစားတဲ့အခါမွာလည္း ေန႔သင့္နံသင့္သားေတြကို ရက္အလိုက္

စားရတာ ျဖစ္ေၾကာင္း၊ အခင္းျဖစ္တဲ့ရက္က ေန႔သင့္နံသင့္ လူသားစားရန္ လက္က်န္ မရွိေတာ့တဲ့ အခ်ိန္မွာ… ေက်ာင္းကို လာေနၾက လူငယ္ဟာ ေန႔သင့္ နံသင့္တာမို႔ သ တ္ရန္ အႀကံအစည္မရွိဘဲ သ တ္ခိုင္းခဲ့တာ ျဖစ္ေၾကာင္း ေျဖာင့္ခ်က္ေပး ေျပာဆိုသည္။

မူကြဲတခု…

ဒီေနရာမွာ ဘုန္းႀကီးဦးလာဘရဲ႕ အစီအစဥ္ျဖစ္တဲ့ စားဖို႔အတြက္ လူေသအသားေတြကို သူ႔ရဲ႕တပည့္က (ေမာင္ငယ္) က သခ်ႋဳင္းမွာ လူသားရွာေဖြ ေပးရပါတယ္။ အစပိုင္းကေတာ့… သခ်ႋဳင္းမွာ တူးယူ ရရွိပါတယ္။

ေနာက္ပိုင္း… သခ်ႋဳင္းမွာ တူးယူရတာ အဆင္မေျပေတာ့… ဘုန္းႀကီး ေက်ာင္းဝင္းထဲကို လာတဲ့သူကို ခုတ္ၿပီး အသားကိုယူၿပီး အခ်ဥ္စိမ္ကာ စားပါတယ္။ က်န္အ႐ိုးေတြကိုေတာ့ ေျမႀကီးနက္နက္ တူးၿပီး ေျခရာ၊ လက္ရာေဖ်ာက္ကာ ျမဳပ္ႏွံပစ္ပါတယ္။

ပတ္ဝန္းက်င္ကလည္း တေျဖးေျဖး ရိပ္မိလာေတာ့… ကင္းဝပ္ေတြ ခ်ထားပါတယ္။ ဤအေၾကာင္းကိုလည္း ဦးလာဘသိေလေတာ့… လူသား ဘယ္မွာမွ မရတဲ့အဆုံး… တပည့္ေမာင္ငယ္ကို သ တ္ဖို႔ ႀကံစည္ပါေတာ့တယ္။ ေမာင္ငယ္ကလည္း အထာနပ္သူ ျဖစ္ေနေလေတာ့…

ကိုယ္ေတာ့ အေသမခံႏိုင္ဆိုၿပီး ရဲစခန္းကို သြားၿပီး ဦးလာဘရဲ႕အေၾကာင္းကို ဖြင့္ခ် တိုင္တန္းပါတယ္။ ေနာက္ေန႔မွာပဲ ဦးလာဘကို ရဲေတြ ဝင္ဖမ္းပါတယ္။ လူသားစားၿပီး သန္မာလွတဲ့အတြက္ မနည္း ႐ုန္းကန္ေနတဲ့ၾကား ခက္ခက္ခဲခဲ ဖမ္းယူရပါတယ္။

ေနာက္မူကြဲတစ္ခုကေတာ့…

ေနာက္ေတာ့… အစိုးရ ေထာက္လွမ္းေရးေတြက ရိပ္မိၿပီး ကင္းဝပ္ေတြ ခ်ထားတာ ရိပ္မိလို႔ ဦးလာဘက သူ႔တပည့္ကို ျပန္သ တ္စားဖို႔ ႀကံစည္ပါတယ္။ သူ႔တပည့္က သူ႔ကိုမသတ္ခင္… ရဲစခန္းမွာ ထြက္ခ်က္ေပးလို႔ ဝင္ဖမ္းတယ္လို႔ ဆိုၾကပါတယ္ ။

ေနာက္ေတာ့… ေမာင္ငယ္လည္း ေထာင္က်။ ဦးလာဘကိုလည္း ေ သဒဏ္ ေပးတယ္လို႔လည္း ဆိုပါတယ္။ ႏိုင္ငံေရး အရႈပ္အရွင္းထဲမွာ လြတ္သြားတယ္လည္း ဆိုပါတယ္။ ဦးလာဘရဲ႕ေရွ႕ေနက ယခင္ ၅၅ ဘားလမ္းက ဓႏုျဖဴ ဦးစိုးျမင့္ပါ။

အဲ့ဒါလည္း သူ႔ဖာသာ ေဗဒင္တြက္ၿပီး ေန႔နံသင့္ ေ႐ြးငွါးတာ။ ဦးစိုးျမင့္ကို ငါဘယ္ေတာ့မွ ေ သဒါဏ္မက်ဘူး။ ခဏ ေထာင္က်ၿပီး လြတ္မွာ မင္း ရဲရဲတင္းတင္းသာ လိုက္တဲ့။ တကယ္လည္း ေထာင္ ၅ ႏွစ္ေလာက္ က်ၿပီး လြတ္ၿငိမ္းခ်မ္းသာနဲ႔

လြတ္သြားတာပါပဲလို႔လည္း ေျပာၾကပါတယ္။ လူဝတ္လဲေစကာ ေထာင္အက်ဥ္းခ်ေစၿပီး ႀကိဳးမိန႔္လို႔လည္း ၾကားဖူးပါတယ္။ သတင္း အေမွာင္ခ်ထားတဲ့ ေခတ္မို႔လို႔ အမွန္သိဖို႔ေတာ့ ခက္ခဲပါတယ္။ ဖတ္ရသေလာက္ ဆက္စပ္ မွ်ေဝေပးတာပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေဝျခင္း ျဖစ္ပါသည္။