နောက်ထပ် နှစ်လကြာလျှင် မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ လုံးဝပြတ်တောက်မည်

ပြီးခဲ့တဲ့ရက်ကပဲ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ စိုးရိမ်ဖို့ကောင်းလောက်အောင် ရှားပါးနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကိုဗစ်ရိုက်ခတ်မှုကြောင့် အစားအစာတွေ အဓိကတင်သွင်းတဲ့ တရုတ်၊ အီရန်၊ ရုရှားတို့ဘက်ကနေ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

နောက်ပြီး ခရိုနီတွေဟာ ကိုဗစ်ကပ်ဦးကာလကတည်းက နိုင်ငံအတွင်း ဝင်သမျှ စားနပ်ရိက္ခာတွေကို ဂိုထောင်အပြည့်နဲ့ ဝယ်ယူသိုလှောင်ခဲ့တာကလည်း နိုင်ငံအတွင်း စားနပ်ရိက္ခာရှားပါးမှုရဲ့ တွန်းအားဖြစ်စေခဲ့ပါတယ်။ နောက်ဆုံး စားနပ်ရိက္ခာ ပြည့်သူလက်ထဲ ရှားပါးလာချိန်မှာ ခရိုနီတွေဟာ တစ်ရာတန်တဲ့ပစ္စည်းကို တစ်ထောင်နဲ့ ပြန်လည်ရောင်းချမှုတွေကလည်း အခြေအနေကို ပိုဆိုးစေခဲ့တာပါ။

အခုဆို အစားအသောက်တွေရဲ့ ကုန်ဈေးနှုန်းတွေဟာ ခေါင်ခိုက်နေပါပြီ။ သတင်းတွေအရ ကော်ဖီတစ်ပါကင်ပင်လျှင် ပေါင်(၇၀)လောက် ပေါက်ဈေးရှိနေပါသတဲ့။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့ ပြီးခဲ့တဲ့နှစ်က ကျရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ကိုဗစ်ကြောင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု-

ရပ်ဆိုင်းခဲ့ရတာတွေက လက်ရှိ အခက်အခဲတွေရဲ့ မူလဇစ်မြစ်ဖြစ်ကြောင်း ပါတီမျက်နှာစုံညီ အစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူပြောတာက မြေပြင်အခြေအနေနဲ့ ကွာဟနေပါတယ်။ နောက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူ့တို့လူမျိုးတွေကို လောက်ငအောင် ကျွေးထားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့လည်း-

ကင်က ပြောခဲ့ပါသေးသတဲ့။ Food and Agriculture Organisation of the United Nations (FAO) အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယားအဖို့ စားစရာ နှစ်လလောက်ပဲ ကျန်တော့တယ်လို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားမှာ (၁၉၉၄)ခုနှစ်က အငတ်ဘေးကြီး ကြုံခဲ့ဖူးသေးပြီး၊ ထိုစဉ်က လူဦးရေ (၃)သန်းအထိ ငတ်မွတန်သေဆုံးခဲ့ရဖူးပါတယ်။

ခေါင်းဆောင်ကင်ကတော့ ဖြစ်နေတဲ့အခြေအနေကို အသေးစိတ် ပြည်သူ့ထံ တင်ပြဖို့ ပျက်ကွက်နေဆဲဖြစ်ပါတယ်။ သို့ပေမယ့် နောက်ထပ်လာမယ့် Arduous March လို့ခေါ်တဲ့ အရေးခင်းကြီးအတွက် အသင့်ပြင်ထားကြလို့ ဆိုပါတယ်။ (၉၀)ခုနှစ်တွေတုန်းဖြစ်ခဲ့တဲ့ အငတ်ဘေးကြီးကို Arduous March လို့ အမည်ပေးခဲ့တာပါ။

အဆိုပါ အငတ်ဘေးကြီးဟာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ အရှိန်ကြောင့် မြောက်ကိုရီးယားမှာ (၁၉၉၄)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ ထိုကာလအတောအတွင်းမှာ မြောက်ကနေ တောင်ကို ထွက်ပြေးခိုလှုံသူအရေအတွက် စံချိန်တင်များပြားခဲ့လို့ တင်းကျပ်တဲ့ဥပဒေတွေနဲ့ တားမြစ်ရသည်အထိ ဖြစ်ခဲ့တာပါ။

အခုဆို အများပြည်သူ အဓိကအစားအစာဖြစ်တဲ့ အာလူးဆိုရင် ယခင်ထက် (၃)ဆ ဈေးပိုကြီးနေပါပြီ။ ရေနွေးကြမ်း လက်ဖက်ခြောက်အိတ်ဆို အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို ပေါင်(၅၀)လောက်ထိ ဈေးမြောက်နေပါတယ်။ နိုင်ငံ အငတ်ဘေးကြီး ကြုံနေချိန်မှာတော့ မြောက်ခေါင်းဆောင် ကင်က မကြာသေးခင်က သမ္မတဘိုင်ဒင်ကို ခြိမ်းခြောက်တဲ့အနေနဲ့ ဒေါ်လာသန်းပေါင်းရာချီ ကုန်ကျတဲ့ ဒုံးကျည်စမ်းသပ်မှုလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။

Source & Photo Credit – လင်းသူရိန်

———

ၿပီးခဲ့တဲ့ရက္ကပဲ ေျမာက္ကုိရီးယားမွာ စားနပ္ရိကၡာ စုိးရိမ္ဖုိ႔ေကာင္းေလာက္ေအာင္ ရွားပါးေနၿပီဆုိတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ကိုဗစ္႐ိုက္ခတ္မႈေၾကာင့္ အစားအစာေတြ အဓိကတင္သြင္းတဲ့ တ႐ုတ္၊ အီရန္၊ ႐ုရွားတုိ႔ဘက္ကေန ဆက္သြယ္ေရး လမ္းေၾကာင္းေတြ ျပတ္ေတာက္ခဲ့ပါတယ္။

ေနာက္ၿပီး ခ႐ုိနီေတြဟာ ကုိဗစ္ကပ္ဦးကာလကတည္းက ႏုိင္ငံအတြင္း ဝင္သမွ် စားနပ္ရိကၡာေတြကို ဂုိေထာင္အျပည့္နဲ႔ ဝယ္ယူသုိေလွာင္ခဲ့တာကလည္း ႏုိင္ငံအတြင္း စားနပ္ရိကၡာရွားပါးမႈရဲ႕ တြန္းအားျဖစ္ေစခဲ့ပါတယ္။ ေနာက္ဆုံး စားနပ္ရိကၡာ ျပည့္သူလက္ထဲ ရွားပါးလာခ်ိန္မွာ ခ႐ိုနီေတြဟာ တစ္ရာတန္တဲ့ပစၥည္းကို တစ္ေထာင္နဲ႔ ျပန္လည္ေရာင္းခ်မႈေတြကလည္း အေျခအေနကို ပိုဆုိးေစခဲ့တာပါ။

အခုဆုိ အစားအေသာက္ေတြရဲ႕ ကုန္ေစ်းႏႈန္းေတြဟာ ေခါင္ခုိက္ေနပါၿပီ။ သတင္းေတြအရ ေကာ္ဖီတစ္ပါကင္ပင္လွ်င္ ေပါင္(၇၀)ေလာက္ ေပါက္ေစ်းရွိေနပါသတဲ့။ ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က က်ေရာက္ခဲ့တဲ့ တုိင္ဖြန္းမုန္တုိင္းေတြနဲ႔ ကိုဗစ္ေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈ-

ရပ္ဆုိင္းခဲ့ရတာေတြက လက္ရွိ အခက္အခဲေတြရဲ႕ မူလဇစ္ျမစ္ျဖစ္ေၾကာင္း ပါတီမ်က္ႏွာစုံညီ အစည္းအေဝးမွာ ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူေျပာတာက ေျမျပင္အေျခအေနနဲ႔ ကြာဟေနပါတယ္။ ေနာက္ၿပီး ႏုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြအေနနဲ႔လည္း သူ႕တုိ႔လူမ်ိဳးေတြကို ေလာက္ငေအာင္ ေကၽြးထားႏုိင္ဖုိ႔ မျဖစ္ႏုိင္ဘူးလုိ႔လည္း-

ကင္က ေျပာခဲ့ပါေသးသတဲ့။ Food and Agriculture Organisation of the United Nations (FAO) အဖြဲ႕ရဲ႕ အစီရင္ခံစာမွာေတာ့ ေျမာက္ကိုရီးယားအဖုိ႔ စားစရာ ႏွစ္လေလာက္ပဲ က်န္ေတာ့တယ္လုိ႔ ဆုိထားပါတယ္။ ေျမာက္ကုိရီးယားမွာ (၁၉၉၄)ခုႏွစ္က အငတ္ေဘးႀကီး ႀကဳံခဲ့ဖူးေသးၿပီး၊ ထုိစဥ္က လူဦးေရ (၃)သန္းအထိ ငတ္မြတန္ေသဆုံးခဲ့ရဖူးပါတယ္။

ေခါင္းေဆာင္ကင္ကေတာ့ ျဖစ္ေနတဲ့အေျခအေနကို အေသးစိတ္ ျပည္သူ႕ထံ တင္ျပဖုိ႔ ပ်က္ကြက္ေနဆဲျဖစ္ပါတယ္။ သုိ႔ေပမယ့္ ေနာက္ထပ္လာမယ့္ Arduous March လုိ႔ေခၚတဲ့ အေရးခင္းႀကီးအတြက္ အသင့္ျပင္ထားၾကလုိ႔ ဆုိပါတယ္။ (၉၀)ခုႏွစ္ေတြတုန္းျဖစ္ခဲ့တဲ့ အငတ္ေဘးႀကီးကို Arduous March လုိ႔ အမည္ေပးခဲ့တာပါ။

အဆုိပါ အငတ္ေဘးႀကီးဟာ ကမာၻ႕စီးပြားေရးပ်က္ကပ္ရဲ႕ အရွိန္ေၾကာင့္ ေျမာက္ကုိရီးယားမွာ (၁၉၉၄)ခုႏွစ္ကေန (၁၉၉၈)ခုႏွစ္အထိ ၾကာျမင့္ခဲ့ပါတယ္။ ထုိကာလအေတာအတြင္းမွာ ေျမာက္ကေန ေတာင္ကို ထြက္ေျပးခုိလႈံသူအေရအတြက္ စံခ်ိန္တင္မ်ားျပားခဲ့လုိ႔ တင္းက်ပ္တဲ့ဥပေဒေတြနဲ႔ တားျမစ္ရသည္အထိ ျဖစ္ခဲ့တာပါ။

အခုဆုိ အမ်ားျပည္သူ အဓိကအစားအစာျဖစ္တဲ့ အာလူးဆုိရင္ ယခင္ထက္ (၃)ဆ ေစ်းပုိႀကီးေနပါၿပီ။ ေရေႏြးၾကမ္း လက္ဖက္ေျခာက္အိတ္ဆုိ အမ်ိဳးအစားေပၚမူတည္ၿပီး တစ္အိတ္ကို ေပါင္(၅၀)ေလာက္ထိ ေစ်းေျမာက္ေနပါတယ္။ ႏုိင္ငံ အငတ္ေဘးႀကီး ႀကဳံေနခ်ိန္မွာေတာ့ ေျမာက္ေခါင္းေဆာင္ ကင္က မၾကာေသးခင္က သမၼတဘုိင္ဒင္ကို ၿခိမ္းေျခာက္တဲ့အေနနဲ႔ ေဒၚလာသန္းေပါင္းရာခ်ီ ကုန္က်တဲ့ ဒုံးက်ည္စမ္းသပ္မႈလုပ္ငန္းေတြ ဆက္လက္ လုပ္ေဆာင္မယ္လုိ႔ ဆုိထားပါတယ္။

Source & Photo Credit – လင္းသူရိန္