
မြန်မာငွေနဲ့ သိန်း ၉၀၀၀ ကျော်ရှိတဲ့ ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးတိုက်ကြက် အသုဘ
ကြက်အမည် ,,ကျောက်မနီဒေယ်ဘတ်၂၂သန်းကြေး ဖလားလုပွဲမှာ အနိုင်ရရှိလို့ဒီကြက်ရဲ့တန်ဖိုးက အော်တို ဘတ်၂၂သန်း တန်ဖိုး ရရှိ သွားပါတယ်
(ထိုင်းမှာ တိုက်ကြက်ကိုတန်ဖိုးဖြတ်နည်းက နိုင်ကြေးအပေါ်မူတည်ပီး တန်ဖိုး သတ်မှတ် ယူကြတာပါ။
နောက်မနီဒယ်သည် ထိုင်းကြက်မျို းစစ်စစ် မဟုတ်ပါ မြန်မာတိုက်ကြက်နဲ့ စပ်ဖောက် ထားတာပါ။ကြက် တစ်ကောင်ကို ခွပ်ရင် ၃ချီ မကျော်ဘူး။
ထိုငးဘတ်ငွေ ၂၂သန်း နဲ့ဝယ်ရင် မြန်မာလူမျိုးတွေ အမြင်မှာတော့ အရူးတွေပဲလို့ ထက်မြင်နေကျမှာ ကျိန်းသေ ကျမှာပါ။
ဒါပေမဲ့ မယုံမရှိကျနဲ့ ဒီတိုက်ကြက်က သူ့ရဲ့ တန်ဖိုးဘတ်၂၂သန်းကို ၁နှစ်၂နှစ်လောက်နဲ့အရင်းပြန်ကြေအာင် ရှာပေးတဲ့ အစွမ်းအစ ရှိပါတယ်။
တကယ်လဲ သူသခင်ကို ရှာဖွေခဲ့ တာပါ ဒီကြက်ကို ကြက်မ မျိုးကောင်းတွေ အများကြီးနဲ့နဲ့ သားဖောက်ရောင်းတာ ကြက်ဥတစ်လုံးကို ဘတ်၂၅ဝဝရောင်းပါတယ်။
သားပေါက် အဖိုအမနှစ်ကောင်ကို ဘတ်၃သောင်းအကယ်၍ ကြက်ဥလဲ မယူချင်ဘူးသားပေါက် လဲ့မယူချင်ဘူး
ကိုယ်ဆီက ကြက်မနဲ့ မျိုးထိုးခ ကြက်မ တစ်ကောင် ဘတ်၂သောင်းပေး ရပါတယ်။ကြက်မအကောင် ၅ဝဝလောက်နဲ့ သေသေချာချာ
မျိုးဆက်ပြီး ကြက်ဥထုတ်ရောင်းနေ တာတောင် ကြက်မဖျင်ကထွက်တာနဲ့ဘတ်2500ပေးပြီးဝယ်ယူမဲ့လူက အဆင်သင့် ရှိတယ်။
မိမိလိုချင်တိုင်းချက်ချင်းဝယ်လို့မရနိုင်ပါဘူးကြိုတင်စာရင်းသွင်းပီးတော့ မိမိအလှည့်ကျအောင်စောင့်နေရမှာပါ။
မနီဒယ်ရဲ့ သားဖောက်အဖို အမမှန်သမျှ အကုန် မွေးနေ့မွေးရ ကနေ့နံ အတိအကျပါရှိမှာပါလက်ရှိ မနီဒယ်ရဲ့ သားဖောက်တွေထဲ ကနေမှ
ဘတ်၁ဝ သန်းဘတ် ၅သန်းတန်ကြေး အဆင့်နာမည်ကြီးတိုက်ကြက်ပေါ်ထွက်နေပါတယ် ထိုင်းနိုင်ငံရဲ့ တိုက်ကြက် လောက မှာတော့ မနီဒယ်ရဲ့ သားဆိုရင် အလိုလို နေရင်းတန်ကြေးမြင့် နေပါတယ်။
မနီဒယ်သည် မသေဆုံးခင်အထိသူသခင်အားဘတ်ငွေ ၂၂သန်းမကသူသခင်ကိုရှာဖွေပေးပြီးသူမိန်းမတွေသူသားတွေ သမီးတွေ မြေးတွေ မြစ်တွေအများကြီးထားခဲ့ပြီးမှ သူသေသွားတာပါဒါကြောင့်မနီဒယ်အားသုဘ လူအသုဘလိုပြုလုပ်ပေးတာပါ။
မြန်မာတိုက်ကြက်မျိုးကောင်းလျှင်ပြိုင်ဘက်တိုက်ကြက်ရဲ့ ခေါင်းနဲ့မျက်လုံးကို အဓိကခွပ်ပြီး အနိုင်ယူပါတယ်တဲ့ဒါကြောင့် လက်ရှိထိုင်းနိုင်ငံကတိုက်ကြက်လောကမှာ တန်းဖိုးကြီးတဲ့
နာမည်ကြီးတဲ့တိုက်ကြက်အများစုထဲမှာ ထိုင်းကြက်မျိုးနဲ့မြန်မာကြက်မျိုးဆက်တဲ့တိုက်ကြက်တွေပိုများသလိုမြန်မာကြက်မျိုးစစ်စစ်တွေလဲ အများကြီးရှိနေပါတယ်။
Credit
Zawgyi
Credit