ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ.. )

ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ.. )

ဒီအကြောင်း အရာလေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ Daw Su Lay အကောင့် ပိုင်ရှင်မှ တင်ပြထား တာကို တွေ့ရပါတယ်။ေ လာကမှာ ဒီလို စိတ်ထားလေး ရိုးဖြောင့်တဲ့ ကလေးတွေ လေးစားဖွယ်ရာ ရှိနေသေးတယ်

ဆိုတာ လေး အများသိအောင် ဒီကလေးကို လေးစား ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေပေးလိုက်ပါသည်။ 73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေး ရပ်ပီး အထဲဝင်သွားတာ

ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကြည့် မကြားတစ်ကြားနဲ့ဆိုတော့ ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်း တယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလှုပ်ပီး

ဝမ်းသာသွားတယ်…တော်သေးတာပေါ့ ကျေးဇူးပါ မောင်လေးရယ် မရီးဖုန်းလေး မင်းနဲ့သာမတွေ့ရင် လိုချင်တဲ့သူတွေ လက်ထဲရောက်နေပီ တစ်ကယ်ဆိုရင် ဒီဖုန်းကို သူယူလို့ရတာပဲ ရိုးသားလိုက် တဲ့ကလေး

ဒီပစ္စည်းကို သူ မမက်မောဘူးတဲ့ ဒီနားမှာ မရီးလိုပဲ ဆိုင်ကယ်ထဲ ဖုန်းတွေကျန် ကျန်ခဲ့တာ သားနဲ့တွေ့တဲ့သူတွေဆိုပြန် ရတာပေါ့ မရီးရယ် သူများဆိုပြန် ရမှာမဟုတ်ဘူး မရီးလဲနောက်ဆို ဂရုစိုက်ပါနော်

သူစိတ်ပူ စကားပြောအပြီး မေးခွန်းလေးမေး မိတယ် မောင်လေးရေ ခုလို မုန့်ဖိုးတောင်းရတာ အစဉ်ပြေလား သူတမ်းမဖြေနိုင်ပဲ ခေါင်းလေးငုံ့ ချခါ မျက်ရည်လေး ဝဲလာပီး မရီးရယ် အစဉ်မပြေပါဘူး တစ်ရာနှစ်ရာကို

လူတွေကမေ ပးချင်ပါဘူး သားလဲ ခုလို မျိုးမလုပ်ချင်ဘူး ဒါပေမဲ့ သားတို့မိသားစုက ပိုက်ဆံမရှိဘူးလေ အပြင် အလုပ် လုပ်ဖို့ကျ သားကငယ်တော့ သားအရွယ်နဲ့ အပြင်အလုပ်လဲ ဘယ်အလုပ် မှမခေါ်ဘူးလေ

စိတ်ချပါ မရီး သားကြီးရင် အလုပ်လုပ်တော့မှာ ညီလေးကိုလဲ ကျောင်းထားမှာဘာ သူ့မှာရည်ရွယ်ချက်တွေ အိမ်မက်တွေ ရှိနေတယ်… မရီးဖုန်းနံပါတ် ယူသွားနော် တစ်စုံတစ်ခုအခက်အခဲ အကူအညီ

ရှိလာရင် မရီးစီအချိန် မရွေးဆက်သွယ်နော် မရီးအတတ်နိုင် ဆုံးထိကူညီပေးမယ်နော် မနက်ဖြန် မရီး ဒီဘက်ကို ဒီချိန်လောက်ပြန် လာခဲ့မယ်နော်…..အများကြီးမ ကူညီနိုင်တောင် မရီးတတ်နိုင်သလောက်

ကူညီပေးမယ်နော် မနက်ဖြန်မတွေ့ရင် မရီး မတွေ့မချင်းပြန် လာရှာမယ်နော်…… မရီးကို ဓာတ်ပုံလေးရိုက်ပီး တင်ခွင့်ပြုလို့ ကျေးဇူးပါနော်…။

crd,Daw Su Lay

Zawgyi












crd,Daw Su Lay