လူကြိုက်များတဲ့ အားဖြည့်အချိုရည် အတုလုပ် ရောင်းချနေသူတွေကို မိပြီ…

လူကြိုက်များတဲ့ အားဖြည့်အချိုရည် အတုလုပ် ရောင်းချနေသူတွေကို မိပြီ..

၂၀၂၁-ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ ည (၉) နာရီ (၁၅) မိနစ်အချိန်၊ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက် (၁၀)၊ ၆၂ လမ်း၊ ၁၆ လမ်း × ၁၇ လမ်း ကြားရှိ ဦးပီကူးမား (ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက် (၆၅) နှစ်၏ နေအိမ်၌ အားဖြည့်အချိုရည်အတုများ ပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးမိခဲ့ပါသည်။

ထိုသို့‌ဖော်ထုတ်ဖမ်းဆီးမိရာတွင်.. ဦးပီကူးမား (ဘ) ဦးကေ့စ်ဗဟာဒူး၏ နေအိမ်တိုက်ခန်းအပေါ်ထပ် (၄) လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး (၃) လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါဖော်ထုတ်စစ်‌ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်မြစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ဇင်မြင့်၊ အမှတ် (၁) နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အေးလွင်၊ နယ်ထိန်းအရာရှိဒုရဲအုပ်အောင်ကျော်မျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းမြင့်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာဖြိုးဝေမောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးချစ်အောင်နှင့် ရာအိမ်မှူးများကပူးပေါင်း၍ ဦးပီကူးမား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေ စစ်ဆေးကြခြင်းဖြစ်သည်။

ဆက်စပ်ပစ္စည်းများ

ဇော်လင်းဦး(အောင်/စံ)

Zawgyi ;

လူႀကိဳက္မ်ားတဲ့ အားျဖည့္အခ်ိဳရည္ အတုလုပ္ ေရာင္းခ်ေနသူေတြကို မိၿပီ..

၂၀၂၁-ခုႏွစ္၊ ဇန္နဝါရီလ (၁၄) ရက္ေန႔ ည (၉) နာရီ (၁၅) မိနစ္အခ်ိန္၊ မႏၲေလး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္၊ အကြက္ (၁၀)၊ ၆၂ လမ္း၊ ၁၆ လမ္း × ၁၇ လမ္း ၾကားရွိ ဦးပီကူးမား (ဘ) ဦးေက့စ္ဗဟာဒူး၊ အသက္ (၆၅) ႏွစ္၏ ေနအိမ္၌ အားျဖည့္အခ်ိဳရည္အတုမ်ား ျပဳလုပ္ေနမႈအား ေဖာ္ထုတ္ဖမ္းဆီးမိခဲ့ပါသည္။

ထိုသို႔‌ေဖာ္ထုတ္ဖမ္းဆီးမိရာတြင္.. ဦးပီကူးမား (ဘ) ဦးေက့စ္ဗဟာဒူး၏ ေနအိမ္တိုက္ခန္းအေပၚထပ္ (၄) လႊာတြင္ အားျဖည့္အခ်ိဳရည္ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ဘြိဳင္လာအိုး (၃) လုံး၊ ေဖ်ာ္စပ္ရာတြင္ အသုံးျပဳသည့္ ေလွာင္ကန္အႀကီးတစ္ခုႏွင့္ အခ်ိဳရည္အတုျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြစစ္ေဆးေတြ႕ရွိခဲ့သည္။

အဆိုပါေဖာ္ထုတ္စစ္‌ေဆးရာတြင္ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ မႈခင္းအကူဌာနစုမွ ရဲအုပ္ထြန္းထြန္းႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ မႏၲေလးခ႐ိုင္မႈခင္းႏွိမ္ႏွင္းေရးဌာနစိတ္မွ ရဲအုပ္ျမစိုးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးေက်ာ္ဇင္ျမင့္၊ အမွတ္ (၁) နယ္ေျမရဲစခန္းမွ စခန္းမႉးရဲအုပ္ေအးလြင္၊ နယ္ထိန္းအရာရွိဒုရဲအုပ္ေအာင္ေက်ာ္မ်ိဳးႏွင့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနခြဲ (မႏၲေလး) မွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေအးၿငိမ္းျမတ္၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးစိုင္းဘုန္းျမင့္ေက်ာ္ႏွင့္ ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဦးစီးအရာရွိေဒါက္တာၿဖိဳးေဝေမာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးခ်စ္ေအာင္ႏွင့္ ရာအိမ္မႉးမ်ားကပူးေပါင္း၍ ဦးပီကူးမား၏ ေနအိမ္သို႔ဝင္ေရာက္ရွာေဖြ စစ္ေဆးၾကျခင္းျဖစ္သည္။

ေဇာ္လင္းဦး(ေအာင္/စံ)