စျေးအနည်းငယ်ပြန်ကျလာတဲ့ ပြည်တွင်းကြက်သွန်နီများ

ဈေးအနည်းငယ်ပြန်ကျလာတဲ့ ပြည်တွင်းကြက်သွန်နီများ

လက်လီဈေးကွက်အတွင်းမှာကြက်သွန်နီဈေးနှုန်းများတစ်ပိဿာ ၅၀၀၀ကျပ်ကနေ ၄၀၀၀ကျပ်အထိ ပြန်လည်ကျဆင်းလာနေကြောင်းဈေးကွက်အတွင်းကသိရပါတယ်။လက်ရှိဈေးကွက်ထဲမှာ ကြက်သွန်အကြီးတစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်ပြီး

ကြက်သွန်အသေးတစ်ပိဿာ ၃၀၀၀ ကျပ်ရှိဈေးနဲ့အရောင်းအဝယ်ရှိနေတယ်လို့ဆိုပါတယ်။” ဈေးတွေက အရင်တစ်ပတ်ကထက်တော့ကျလာတယ်။ဈေးကျတယ်ဆိုတာနဲ့အရောင်းအဝယ်ကတော့တန်းဖြစ်လာပါတယ်။

ကြက်သွန်နီလက်ကားဈေးကွက်ဖြစ်တဲ့ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်းကြက်သွန်ကားအစီးရေ နေ့စဉ်၂၅စီးဝန်းကျင်ဝင်ရောက်နေကြောင်းတစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်နေပြီး

မြို့ပေါ်မှာရှိ ကြက်သွန်ကုန်သည်သိုလှောင်ရုံများမှာကြက်သွန်နီပိဿာပျမ်းမျှ(၁)ပတ်အတွင်းကုန်ချိန် (၃)သိန်းခွဲဝန်းကျင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ကြက်သွန်ဈေးကျလာခြင်းမှာကြက်သွန်ထွက်ရှိချိန်ကြက်သွန်သစ်ပေါ်ချိန်အတွင်းကုန်ချိန်များလာခြင်းကြောင့်

ဖြစ်ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရပါတယ်။အကျဈေးစောင့်နေသလိုပဲဝယ်တဲ့သူတစ်အားများတယ်။ကြက်သွန်တစ်အိတ်ကိုအရင်ကဖောက်ပြီးတာနဲ့တစ်ပတ်လောက်ရောင်းရတာအခုတော့၂ရက်အတွင်းခဏလေးနဲ့ရောင်းရတယ်လို့” အင်းစိန်မြို့နယ်အတွင်းက လက်လီကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

Zawgyi





