ပုဂံ တူရင်းတောင်ထိပ်က ကျောက်ရေကန်ဟောင်းကြီးရဲ့ နံရံပေါ်က ထူးဆန်းတဲ့ အမှတ်အသား

ပုဂံ တူရင်းတောင်ထိပ်က ကျောက်ရေကန်ဟောင်းကြီးရဲ့ နံရံပေါ်က ထူးဆန်းတဲ့ အမှတ်အသား

လူအရောက် အပေါက်နည်းတဲ့ ပုဂံမှာ ရှိတဲ့ နေရာ တစ်ခု ရေကန်လိုလို ဘာလိုလို ကျောက်တုံးကြီး တစ်ခုကို ထွင်းထားတာ တစ်ဖက်မှာ တော့ပုဂံခေတ်က အုတ်တွေလိုပဲ ရှေ့ဟောင်း အုတ်တွေ တွေ့ရပါတယ်။

ထူးဆန်းနေတာက ဒီကျောက်တုံးပေါ်မှာ ဘယ်သူ ထွင်းထုခဲ့တာလဲ မသိတဲ့ QR Code ပုံစံလိုလို အလယ်မှာကတော့ logo တခုခုနဲ့ တူသလိုလို ဘယ်သူတွေက ဒါကို ဘာအတွက် လုပ်ထားလဲ ဆိုတာတော့ မသိဘူးဗျာ။

လုပ်ထားတာကတော့ သေသေ သပ်သပ်ပဲ။ တချို့နေရာလေးတွေတော့ ပျက်စီးနေ.. ဝင်္ကဘာ ပတ်လမ်းလား ဘာလား? ဒီဘက်ခေတ်မှ ဒါကို ထွင်းထားတာ မဟုတ်တာကတော့ သေချာလောက်တယ်.. အားအားယားယား ဘယ်သူကမှာ ဒီတောင်ပေါ်ကို တက်ပြီး လုပ်မှာတော့ မဟုတ်ဘူး..

ဂြိုဟ်သားတွေ လုပ်ခဲ့တာလား အရင် ဒီနေရာက ဘာကြီးလဲ? ဓမ္မရံကြီး ဘုရားတောင် အီဂျစ်က ပိရစ်မစ်တွေနဲ့ ပုံစံတူလို့ အလောင်းစည်သူမင်း စီးခဲ့တဲ့ ဖောင်စကြာယာဉ်က ယူအက်ဖ်အို လို့ ပြောတာတွေ ရှိခဲ့ဖူးတယ်ဆိုတော့.. နာဆာအဖွဲ့အစည်းထံမှ လျိုဝှက်စွာ ပေါက်ကြားလာတဲ့ ဓါတ်ပုံများထဲမှာ ဓမ္မံရံကြီးဘုရားဓါတ်ပုံ ပါဝင်တယ် ဆိုတာတော့ ဟုတ်တယ်.. ပုဂံ ဘုရားတွေပေါ်မှာ ယူအက်ဖ်အို ပျံဝဲတယ် ဘာတယ် ဆိုတာကတော့ ယုံတမ်းစကားလား ဘာလား သေချာမသိဘူး..

အီဂျစ်မှာ တွေ့ခဲ့တဲ့ ရှေ့ဟောင်းရုပ်ထုလေးလည်း အောက်ဆုံးမှာပြထားတယ်။ ကျွန်တော်တို့တွေ အခုသုံးနေတဲ့ ကျူအာကုတ် ဆိုတာက အဲ့ ရုပ်ထုကနေ ပုံစံကို ကော်ပီ ယူထားတာလို့ ဖတ်ဖူးပါတယ်..

အခုဒါက ဘာမှန်းတော့ မသိဘူး စိတ် ဝင်စားစရာ တော့ကောင်းတယ်.. ဒီနေရာကို ကျွန်တော်သိတာကတော့ ကြာနေပြီ.. တချို့လူတွေလဲဒီနေရာကို သွားတယ် ဓာတ်ပုံရိုက် ကျတယ်။ လူသိတော့ နည်းတယ်။ ဒီနေရာက တုရင်တောင် ဘုရားကြီးရဲ့ တောင်ဘက်မှာ ရှိပါတယ် Google က နေလည်း နေရာကို ပြထားပါတယ်နော်။ ပုဂံရောက်လို့ စိတ်ဝင်စားရင်တော့ သွားကြည့်ပါ.. ဆိုင်ကယ်နဲ့ဆို ပိုအဆင်ပြေတယ်။ (Hla Than Aung)

ကျောက်ရေကန်ကို တူးရွင်းတောင်အရှေ့ဘက် တောင်တက်လမ်းအတိုင်း ကား (သို့) ဆိုင်ကယ်နဲ့တက်လာခဲ့ပြီး မြေပြန့်လေးမှာတည်ထားတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ရပ်ထားခဲ့လို့ အရှေ့ဘက် တောင်ကြောအတိုင်း မိနစ် နှစ်ဆယ် အစိတ်လောက် တက်လာခဲ့ရင် ကျောက်ရေကန်ဆီကို တည့်တည့်တိုးမှာဖြစ်ပါတယ်။

တောင်တက်လမ်းတစ်လျောက် ကျောက်သားလမ်းတွေဖြစ်လို့ သဘာဝကပေးထားတဲ့ ကျောက်လှေခါးအလား ဖြစ်နေပါတယ်၊ ဒီကျောက်ရေကန်ကို စတွေ့တော့ ဒီလမ်းကမရှိသေးဘူးလို့ဆိုပါတယ်။ တစ်ချို့နေရာမှာ ကျောက်အထပ်ထပ်တွေ၊ တစ်ချို့နေရာမှာ ကျောက်တုံးကြီးတွေနဲ့ တစ်ချို့နေရာမှာတော့ လှေခါးထစ်ပုံစံပေါ်နေကြပါတယ်။

အတက်လမ်းတစ်လျောက် တက်လိုက်နားလိုက်၊ တက်လိုက်နားလိုက်နဲ့ လေး ငါး ကြိမ်လောက်တော့ နားခဲ့ရပါတယ်၊ ဆက်တိုက်တက်မယ်ဆိုရင်တော့ အမောဖောက်နိုင်တယ်။ တောင်တက်နေရင်းက နောက်ကြောဘက်ပြန်ကြည့်လိုက်ရင် မိမိရဲ့ကြောဘက်တည့်တည့်မှာ တူရွင်းတောင်ဘုရားကို သပ္ပါယ်လှစွာ ဖူးမျှော်ရမှာပါ ဒါကြောင့် မောတဲ့အခါ နောက်ကိုလှည့် ဘုရားဖူးရင်းအမောလည်းဖြေနိုင်တယ်ပေါ့လေ..။

ဒါ့အပြင် တူရွင်းတောင်မြင်ကွင်းနဲ့အတူ တွဲဆက်တည်ရှိနေတဲ့ ပုဂံယဉ်ကျေးမှုအမွေအနှစ်ရှိရာ ပုဂံလွင်ပြင်အကျယ်ကြီးကိုလည်း မျက်စိတစ်ဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်၊ တောင်ရဲ့ အောက်ခြေဘက်မှာတော့ ပုဂံခေတ်ကမြကန်ဟာ ဆည်ငယ်တစ်ခုအသွင်ရှိနေပြီး ဆည်မြောင်တာဘောင်တစ်ခုက မြကန်ကို တိုက်ရိုက်ဆက်သွယ်ထားပါတယ်၊ မြကန်ရဲ့ ခေတ်သစ်ဆည်တစ်ခုဖြစ်ဖို့ရာ အလံပုဂံရဲ့ မူလတည်ရှိခဲ့မှုတွေကို စွန့်လွှတ်ခဲ့ရတာတော့အမှန်ပါ။

မိနစ် ၂၀ လောက် တက်ခဲ့ရင်ပဲ ကျောက်ရေကန်ကြီးသို့ ဆိုတဲ့ ဆိုင်းဘုတ်လေး းတစ်ခုက အပင်တစ်ပင်ရဲ့ အကိုင်းတစ်ခုပေါ်မှာ တွဲလွှဲခိုရင်း ဆီးကြိုလို့လမ်းညွှန်နေပါတယ်။

Credit to Original Uploader

Zawgyi

ပုဂံ တူရင္းေတာင္ထိပ္က ေက်ာက္ေရကန္ေဟာင္းႀကီးရဲ႕ နံရံေပၚက ထူးဆန္းတဲ့ အမွတ္အသား

လူအေရာက္ အေပါက္နည္းတဲ့ ပုဂံမွာ ရွိတဲ့ ေနရာ တစ္ခု ေရကန္လိုလို ဘာလိုလို ေက်ာက္တုံးႀကီး တစ္ခုကို ထြင္းထားတာ တစ္ဖက္မွာ ေတာ့ပုဂံေခတ္က အုတ္ေတြလိုပဲ ေရွ႕ေဟာင္း အုတ္ေတြ ေတြ႕ရပါတယ္။

ထူးဆန္းေနတာက ဒီေက်ာက္တုံးေပၚမွာ ဘယ္သူ ထြင္းထုခဲ့တာလဲ မသိတဲ့ QR Code ပုံစံလိုလို အလယ္မွာကေတာ့ logo တခုခုနဲ႔ တူသလိုလို ဘယ္သူေတြက ဒါကို ဘာအတြက္ လုပ္ထားလဲ ဆိုတာေတာ့ မသိဘူးဗ်ာ။

လုပ္ထားတာကေတာ့ ေသေသ သပ္သပ္ပဲ။ တခ်ိဳ႕ေနရာေလးေတြေတာ့ ပ်က္စီးေန.. ဝကၤဘာ ပတ္လမ္းလား ဘာလား? ဒီဘက္ေခတ္မွ ဒါကို ထြင္းထားတာ မဟုတ္တာကေတာ့ ေသခ်ာေလာက္တယ္.. အားအားယားယား ဘယ္သူကမွာ ဒီေတာင္ေပၚကို တက္ၿပီး လုပ္မွာေတာ့ မဟုတ္ဘူး..

ၿဂိဳဟ္သားေတြ လုပ္ခဲ့တာလား အရင္ ဒီေနရာက ဘာႀကီးလဲ? ဓမၼရံႀကီး ဘုရားေတာင္ အီဂ်စ္က ပိရစ္မစ္ေတြနဲ႔ ပုံစံတူလို႔ အေလာင္းစည္သူမင္း စီးခဲ့တဲ့ ေဖာင္စၾကာယာဥ္က ယူအက္ဖ္အို လို႔ ေျပာတာေတြ ရွိခဲ့ဖူးတယ္ဆိုေတာ့.. နာဆာအဖြဲ႕အစည္းထံမွ လ်ိဳဝွက္စြာ ေပါက္ၾကားလာတဲ့ ဓါတ္ပုံမ်ားထဲမွာ ဓမၼံရံႀကီးဘုရားဓါတ္ပုံ ပါဝင္တယ္ ဆိုတာေတာ့ ဟုတ္တယ္.. ပုဂံ ဘုရားေတြေပၚမွာ ယူအက္ဖ္အို ပ်ံဝဲတယ္ ဘာတယ္ ဆိုတာကေတာ့ ယုံတမ္းစကားလား ဘာလား ေသခ်ာမသိဘူး..

အီဂ်စ္မွာ ေတြ႕ခဲ့တဲ့ ေရွ႕ေဟာင္း႐ုပ္ထုေလးလည္း ေအာက္ဆုံးမွာျပထားတယ္။ ကြၽန္ေတာ္တို႔ေတြ အခုသုံးေနတဲ့ က်ဴအာကုတ္ ဆိုတာက အဲ့ ႐ုပ္ထုကေန ပုံစံကို ေကာ္ပီ ယူထားတာလို႔ ဖတ္ဖူးပါတယ္..

အခုဒါက ဘာမွန္းေတာ့ မသိဘူး စိတ္ ဝင္စားစရာ ေတာ့ေကာင္းတယ္.. ဒီေနရာကို ကြၽန္ေတာ္သိတာကေတာ့ ၾကာေနၿပီ.. တခ်ိဳ႕လူေတြလဲဒီေနရာကို သြားတယ္ ဓာတ္ပုံ႐ိုက္ က်တယ္။ လူသိေတာ့ နည္းတယ္။ ဒီေနရာက တုရင္ေတာင္ ဘုရားႀကီးရဲ႕ ေတာင္ဘက္မွာ ရွိပါတယ္ Google က ေနလည္း ေနရာကို ျပထားပါတယ္ေနာ္။ ပုဂံေရာက္လို႔ စိတ္ဝင္စားရင္ေတာ့ သြားၾကည့္ပါ.. ဆိုင္ကယ္နဲ႔ဆို ပိုအဆင္ေျပတယ္။ (Hla Than Aung)

ေက်ာက္ေရကန္ကို တူး႐ြင္းေတာင္အေရွ႕ဘက္ ေတာင္တက္လမ္းအတိုင္း ကား (သို႔) ဆိုင္ကယ္နဲ႔တက္လာခဲ့ၿပီး ေျမျပန္႔ေလးမွာတည္ထားတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ရပ္ထားခဲ့လို႔ အေရွ႕ဘက္ ေတာင္ေၾကာအတိုင္း မိနစ္ ႏွစ္ဆယ္ အစိတ္ေလာက္ တက္လာခဲ့ရင္ ေက်ာက္ေရကန္ဆီကို တည့္တည့္တိုးမွာျဖစ္ပါတယ္။

ေတာင္တက္လမ္းတစ္ေလ်ာက္ ေက်ာက္သားလမ္းေတြျဖစ္လို႔ သဘာဝကေပးထားတဲ့ ေက်ာက္ေလွခါးအလား ျဖစ္ေနပါတယ္၊ ဒီေက်ာက္ေရကန္ကို စေတြ႕ေတာ့ ဒီလမ္းကမရွိေသးဘူးလို႔ဆိုပါတယ္။ တစ္ခ်ိဳ႕ေနရာမွာ ေက်ာက္အထပ္ထပ္ေတြ၊ တစ္ခ်ိဳ႕ေနရာမွာ ေက်ာက္တုံးႀကီးေတြနဲ႔ တစ္ခ်ိဳ႕ေနရာမွာေတာ့ ေလွခါးထစ္ပုံစံေပၚေနၾကပါတယ္။

အတက္လမ္းတစ္ေလ်ာက္ တက္လိုက္နားလိုက္၊ တက္လိုက္နားလိုက္နဲ႔ ေလး ငါး ႀကိမ္ေလာက္ေတာ့ နားခဲ့ရပါတယ္၊ ဆက္တိုက္တက္မယ္ဆိုရင္ေတာ့ အေမာေဖာက္ႏိုင္တယ္။ ေတာင္တက္ေနရင္းက ေနာက္ေၾကာဘက္ျပန္ၾကည့္လိုက္ရင္ မိမိရဲ႕ေၾကာဘက္တည့္တည့္မွာ တူ႐ြင္းေတာင္ဘုရားကို သပၸါယ္လွစြာ ဖူးေမွ်ာ္ရမွာပါ ဒါေၾကာင့္ ေမာတဲ့အခါ ေနာက္ကိုလွည့္ ဘုရားဖူးရင္းအေမာလည္းေျဖႏိုင္တယ္ေပါ့ေလ..။

ဒါ့အျပင္ တူ႐ြင္းေတာင္ျမင္ကြင္းနဲ႔အတူ တြဲဆက္တည္ရွိေနတဲ့ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ရွိရာ ပုဂံလြင္ျပင္အက်ယ္ႀကီးကိုလည္း မ်က္စိတစ္ဆုံးေတြ႕ျမင္ရမွာျဖစ္ပါတယ္၊ ေတာင္ရဲ႕ ေအာက္ေျခဘက္မွာေတာ့ ပုဂံေခတ္ကျမကန္ဟာ ဆည္ငယ္တစ္ခုအသြင္ရွိေနၿပီး ဆည္ေျမာင္တာေဘာင္တစ္ခုက ျမကန္ကို တိုက္႐ိုက္ဆက္သြယ္ထားပါတယ္၊ ျမကန္ရဲ႕ ေခတ္သစ္ဆည္တစ္ခုျဖစ္ဖို႔ရာ အလံပုဂံရဲ႕ မူလတည္ရွိခဲ့မႈေတြကို စြန္႔လႊတ္ခဲ့ရတာေတာ့အမွန္ပါ။

မိနစ္ ၂၀ ေလာက္ တက္ခဲ့ရင္ပဲ ေက်ာက္ေရကန္ႀကီးသို႔ ဆိုတဲ့ ဆိုင္းဘုတ္ေလး းတစ္ခုက အပင္တစ္ပင္ရဲ႕ အကိုင္းတစ္ခုေပၚမွာ တြဲလႊဲခိုရင္း ဆီးႀကိဳလို႔လမ္းၫႊန္ေနပါတယ္။

Credit to Original Uploader