ဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်

ဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများ နောက်ကွယ်

တစ်ခါက ကျနော့်မိတ်ဆွေတဦး လာတိုင်ပင်ပါတယ် အချိုရည်ထုတ်ရောင်းဖို့ အရင်းနီးနဲနဲနဲ့ အမြတ်များများကျန်တဲ့လုပ်ငန်းတဲ့၊ သူပြောပြတာက ရေကို ဓာတုဗေဒအချိုခဲ၊ အချဉ်ခဲတွေနဲ့ ဖျော်မယ်၊ ပြီးရင် အရောင်ထည့်မယ်၊ နောက်အနံ့ထည့်မယ်၊ ပါကင်ဘူးလှလှလေးနဲ့ဈေးကွက်မှာ ဖြန့်လိုက်ရင် ခဏလေးနဲ့ ချမ်းသာသွားနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြပြီး ကျွန်တော့်ကို အကျိုးတူလုပ်ဖို့ စည်းရုံးခဲ့တယ်။

နမူနာလည်း လုပ်ပြခဲ့ပါတယ်၊ ဆေးသကြားနဲ့ အချဉ်ခဲနဲ့ဖျော်တယ် ပြီးရင် အဝါမှုန့်နဲ့ရောဖျော်တယ်၊ ပြီးရင်ဆေးပုလင်းလေးနဲ့ လိမ္မော်နံထည့်ပြီး ရောမွှေလိုက်တယ်၊ ထူးခြားတဲ့ လိမ္မော်ရနံနဲ့အရသာရှိတဲ့ လိမ္မော်ရည်ပေါ့ဗျာ၊ သူက သောက်ကြည့်ခိုင်းတယ်၊ ကျွန်တော်က သောက်ကြည့်တာ တကယ့်လိမ္မော်ရည်အစစ်အတိုင်းပါဘဲ။

ပြီးတော့ ဒီလိမ္မော်ရည်ကို ကြာရှည်ခံအောင် ဖော်မလင်ထည့် ပုလင်းလှလှ ပါကင်လှလှပိတ်ပြီးရောင်းလိုက်ရင် ရှယ်ဘဲတဲ့၊ တော်လိုက်တာဗျာ၊ သူက ဘယ်လိုလဲ သူနဲ့အကျိုးတူလုပ်မလားလို့ ကျွန်တော့်ကို မေးပါတယ်၊ ကျွန်တော် စဉ်းစားပါတယ် ဒီလိုလိမ္မော်ရည်အတု၊ အခြားအချိုရည်အတုတွေကို ထုတ်လုပ်ပြီးရောင်းရင် သောက်သုံးသူတွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကိုယ်တွေတော့ စီပွားဖြစ်နိုင်တယ်။

လုပ်သင့် မလုပ်သင့် စဉ်းစားရင်း မလုပ်သင့်တဲ့ဘက်ကို ဆုံးဖြတ်မိပါတယ်၊ သူက ကျွန်တော့်ကို သူတတ်ထားတဲ့ chemical ပညာနဲ့ ချမ်းသာစေချင်တာပေါ့၊ ကျွန်တော်ကတော့ ကိုယ်ချမ်းသာပြီး သူများဒုက္ခရောက်မည့် အတွေး၊ အကြံ၊ အပြော၊ အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အကျိုးတူမလုပ်နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ သူ့ရဲ့နည်းပညာများပြန့်ပွားပြီး ဈေးကွက်ထဲမှာ အချိုရည်ပေါင်းစုံကတော့ တောင်ပုံယာပုံပါဘဲ၊ အချိုရည်စက်ရုံတွေသွားစောင့်ကြည့် ဘာလိမ္မော်၊ ဘာသံပုရာ၊ ဘာအသီးမှ အထဲကိုသွင်းတာ မတွေ့ရသလို၊ ဘယ်နေရာမှာမှ စက်ရုံတွေက အသီးအနှံဝယ်တာ မတွေ့ရပါဘူး၊ အဲအချိုရည်စက်ရုံ တွေမှာ အလုပ်ဆင်းဘူးသူတိုင်း သိပါတယ်။

အဲဒါတွေသောက်ပြီး ခလေးတွေမှာ အသဲ၊ ကျောက်ကပ်တွေ ပျက်ဆီး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်နေကြတာလည်း အမြင်ပါဘဲ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နော် အချို့ကလေးတွေ အဲဒီအချိုရည်တွေ မသောက်ကြဘူး၊ သူတို့ မိဘတွေကလည်း ဝယ်မတိုက်ကြဘူး၊ အဲဒါကြောင့် ဘယ်ကလေးတွေက ပိုကျန်းမာနေလည်း ပတ်ဝန်းကျင်ကို လေ့လာရင်သိနိုင်ပါတယ်။ Credit (ကိုကိုမောင်)

Zawgyi

ဘာအသီးအႏွံမွမဝယ္ဘဲ အခ်ိဳရည္ထုတ္ေနၾကတဲ့ ျမန္မာျပည္က စက္႐ုံမ်ား ေနာက္ကြယ္

တစ္ခါက က်ေနာ့္မိတ္ေဆြတဦး လာတိုင္ပင္ပါတယ္ အခ်ိဳရည္ထုတ္ေရာင္းဖို႔ အရင္းနီးနဲနဲနဲ႔ အျမတ္မ်ားမ်ားက်န္တဲ့လုပ္ငန္းတဲ့၊ သူေျပာျပတာက ေရကို ဓာတုေဗဒအခ်ိဳခဲ၊ အခ်ဥ္ခဲေတြနဲ႔ ေဖ်ာ္မယ္၊ ၿပီးရင္ အေရာင္ထည့္မယ္၊ ေနာက္အနံ႔ထည့္မယ္၊ ပါကင္ဘူးလွလွေလးနဲ႔ေစ်းကြက္မွာ ျဖန္႔လိုက္ရင္ ခဏေလးနဲ႔ ခ်မ္းသာသြားႏိုင္တယ္ဆိုတဲ့အေၾကာင္း ေျပာျပၿပီး ကြၽန္ေတာ့္ကို အက်ိဳးတူလုပ္ဖို႔ စည္း႐ုံးခဲ့တယ္။

နမူနာလည္း လုပ္ျပခဲ့ပါတယ္၊ ေဆးသၾကားနဲ႔ အခ်ဥ္ခဲနဲ႔ေဖ်ာ္တယ္ ၿပီးရင္ အဝါမႈန္႔နဲ႔ေရာေဖ်ာ္တယ္၊ ၿပီးရင္ေဆးပုလင္းေလးနဲ႔ လိေမၼာ္နံထည့္ၿပီး ေရာေမႊလိုက္တယ္၊ ထူးျခားတဲ့ လိေမၼာ္ရနံနဲ႔အရသာရွိတဲ့ လိေမၼာ္ရည္ေပါ့ဗ်ာ၊ သူက ေသာက္ၾကည့္ခိုင္းတယ္၊ ကြၽန္ေတာ္က ေသာက္ၾကည့္တာ တကယ့္လိေမၼာ္ရည္အစစ္အတိုင္းပါဘဲ။

ၿပီးေတာ့ ဒီလိေမၼာ္ရည္ကို ၾကာရွည္ခံေအာင္ ေဖာ္မလင္ထည့္ ပုလင္းလွလွ ပါကင္လွလွပိတ္ၿပီးေရာင္းလိုက္ရင္ ရွယ္ဘဲတဲ့၊ ေတာ္လိုက္တာဗ်ာ၊ သူက ဘယ္လိုလဲ သူနဲ႔အက်ိဳးတူလုပ္မလားလို႔ ကြၽန္ေတာ့္ကို ေမးပါတယ္၊ ကြၽန္ေတာ္ စဥ္းစားပါတယ္ ဒီလိုလိေမၼာ္ရည္အတု၊ အျခားအခ်ိဳရည္အတုေတြကို ထုတ္လုပ္ၿပီးေရာင္းရင္ ေသာက္သုံးသူေတြ အႏၲရာယ္ျဖစ္ႏိုင္တယ္၊ ကိုယ္ေတြေတာ့ စီပြားျဖစ္ႏိုင္တယ္။

လုပ္သင့္ မလုပ္သင့္ စဥ္းစားရင္း မလုပ္သင့္တဲ့ဘက္ကို ဆုံးျဖတ္မိပါတယ္၊ သူက ကြၽန္ေတာ့္ကို သူတတ္ထားတဲ့ chemical ပညာနဲ႔ ခ်မ္းသာေစခ်င္တာေပါ့၊ ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်မ္းသာၿပီး သူမ်ားဒုကၡေရာက္မည့္ အေတြး၊ အႀကံ၊ အေျပာ၊ အလုပ္ကို မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတာေၾကာင့္ အက်ိဳးတူမလုပ္ႏိုင္ေၾကာင္း ျငင္းခဲ့ပါတယ္။

ဒါေပမဲ့ ခုခ်ိန္မွာေတာ့ သူ႔ရဲ႕နည္းပညာမ်ားျပန္႔ပြားၿပီး ေစ်းကြက္ထဲမွာ အခ်ိဳရည္ေပါင္းစုံကေတာ့ ေတာင္ပုံယာပုံပါဘဲ၊ အခ်ိဳရည္စက္႐ုံေတြသြားေစာင့္ၾကည့္ ဘာလိေမၼာ္၊ ဘာသံပုရာ၊ ဘာအသီးမွ အထဲကိုသြင္းတာ မေတြ႕ရသလို၊ ဘယ္ေနရာမွာမွ စက္႐ုံေတြက အသီးအႏွံဝယ္တာ မေတြ႕ရပါဘူး၊ အဲအခ်ိဳရည္စက္႐ုံ ေတြမွာ အလုပ္ဆင္းဘူးသူတိုင္း သိပါတယ္။

အဲဒါေတြေသာက္ၿပီး ခေလးေတြမွာ အသဲ၊ ေက်ာက္ကပ္ေတြ ပ်က္ဆီး၊ ဆီးခ်ိဳ၊ ေသြးတိုးေတြ ျဖစ္ေနၾကတာလည္း အျမင္ပါဘဲ၊ ဒါေပမဲ့ ပတ္ဝန္းက်င္ကို ေလ့လာၾကည့္ေနာ္ အခ်ိဳ႕ကေလးေတြ အဲဒီအခ်ိဳရည္ေတြ မေသာက္ၾကဘူး၊ သူတို႔ မိဘေတြကလည္း ဝယ္မတိုက္ၾကဘူး၊ အဲဒါေၾကာင့္ ဘယ္ကေလးေတြက ပိုက်န္းမာေနလည္း ပတ္ဝန္းက်င္ကို ေလ့လာရင္သိႏိုင္ပါတယ္။ Credit (ကိုကိုေမာင္)