
အရေးတော်ပုံအောင်မြင်ဖို့ ကြာမြင့်နေရတဲ့ အကြောင်းအရင်းကို စိတ်မကောင်းစွာပြောပြလာတဲ့ လူရွှင်တော် တိုင်းကျော်
ပြည်သူချစ်ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်လို့ဆိုလိုက်တာနဲ့ ဟား(၅)ကောင် ညီအကိုတွေခေါ်ကြတဲ့ စောက်မှေး ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာလေး ပြေးမြင်မိမှာ အမှန်ပါပဲ။ ဟား(၅)အဖွဲ့ရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်ပြီး မိမိတို့လူရွှင်တော်အဖွဲ့ကို တစ်ညီတစ်ညွတ်ထဲရှိနေစေဖို့ ကိုယ်တိုင်ရှေ့ဆောင်လမ်းပြကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။
ဟား(၅)အဖွဲ့ကတော့ လက်ရှိပရိတ်သတ်တွေကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။
ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြကြောင်း လူမှုကွန်ယက်ကတဆင့် သိရပါတယ်။ယနေ့မှာတော့ ပြည်သူတွေလိုချင်နေကြတဲ့ အရေးတော်ပုံအောင်မြင်ရေး ကြာမြင့်နေရတဲ့ အကြောင်းကို ယခုလို ရေးသားဖော်ပြလာခဲ့ပါတယ်။
“ကျွန်တော့် အနာဂါတ် . . . . …ခင်ဗျား အနာဂါတ် . .. …..ကျွန်တော့် မိသားစု အနာဂါတ် …. ..ခင်ဗျား မိသားစု အနာဂါတ် …….တိုင်းပြည် မှာ ရှိတဲ့ မိသားစုအားလုံးရဲ့အနာဂါတ်တွေ ဖျက်စီး လုယူ ခံလိုက်ရတာ တောင် တချို့ မသိချင်ယောင်ဆောင် နေကြလို့ကျွန်တော် တို့ အောင်ပွဲက ကြာသင့်ဘဲ ကြာနေတာ . .”ဆိုပြီး စိတ်မကောင်းစွာနဲ့ အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးအောင်ပွဲ အလှမ်းဝေးနေရတဲ့အကြောင်း ရေးသားလာခဲ့ပါတယ်။
Crd – YaungChi
———–
အေရးေတာ္ပုံေအာင္ျမင္ဖို႔ ၾကာျမင့္ေနရတဲ့ အေၾကာင္းအရင္းကို စိတ္မေကာင္းစြာေျပာျပလာတဲ့ လူ႐ႊင္ေတာ္ တိုင္းေက်ာ္
ျပည္သူခ်စ္ဟာသလူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္တဲ့ တိုင္းေက်ာ္လို႔ဆိုလိုက္တာနဲ႔ ဟား(၅)ေကာင္ ညီအကိုေတြေခၚၾကတဲ့ ေစာက္ေမွး ဆိုတဲ့ စပ္ၿဖဲၿဖဲမ်က္ႏွာေလး ေျပးျမင္မိမွာ အမွန္ပါပဲ။ ဟား(၅)အဖြဲ႕ရဲ႕ ေခါင္းေဆာင္းတစ္ဦးျဖစ္ၿပီး မိမိတို႔လူ႐ႊင္ေတာ္အဖြဲ႕ကို တစ္ညီတစ္ၫြတ္ထဲရွိေနေစဖို႔ ကိုယ္တိုင္ေရွ႕ေဆာင္လမ္းျပေကာင္းသူတစ္ဦးလည္းျဖစ္ပါတယ္။
ဟား(၅)အဖြဲ႕ကေတာ့ လက္ရွိပရိတ္သတ္ေတြၾကားမွာ ေျပာစမွတ္ျပဳေနရတဲ့ ဟာသလူ႐ႊင္ေတာ္အဖြဲ႕ပဲျဖစ္ပါတယ္။ေတာထဲမွာ မိမိတို႔ေနထိုင္ရပုံေတြကို ပရိတ္သတ္ေတြကို ခ်ျပေလ့ရွိၿပီး ဇြဲမေလ်ာ့ပဲ ဆက္လက္တိုက္ပြဲဝင္ေတာ္လွန္ၾကဖို႔ မၾကာခဏ တိုက္တြန္းေလ့ရွိပါတယ္။
ညီအကိုရင္းကဲ့သို႔ ခ်စ္ခင္ၾကတဲ့ ဟား ၅ေကာင္ညီအကိုေတြကေတာ့ အာဏာရွင္ကို ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့တုန္းကလည္း အတူတူျဖစ္ၿပီး လြတ္ေျမာက္နယ္ေျမမွာလည္း ညီအကိုေတြ အတူတူပဲ သင္တန္းတက္ေရာက္လ်က္ရွိၾကေၾကာင္း လူမႈကြန္ယက္ကတဆင့္ သိရပါတယ္။ယေန႔မွာေတာ့ ျပည္သူေတြလိုခ်င္ေနၾကတဲ့ အေရးေတာ္ပုံေအာင္ျမင္ေရး ၾကာျမင့္ေနရတဲ့ အေၾကာင္းကို ယခုလို ေရးသားေဖာ္ျပလာခဲ့ပါတယ္။
“ကြၽန္ေတာ့္ အနာဂါတ္ . . . . …ခင္ဗ်ား အနာဂါတ္ . .. …..ကြၽန္ေတာ့္ မိသားစု အနာဂါတ္ …. ..ခင္ဗ်ား မိသားစု အနာဂါတ္ …….တိုင္းျပည္ မွာ ရွိတဲ့ မိသားစုအားလုံးရဲ႕အနာဂါတ္ေတြ ဖ်က္စီး လုယူ ခံလိုက္ရတာ ေတာင္ တခ်ိဳ႕ မသိခ်င္ေယာင္ေဆာင္ ေနၾကလို႔ကြၽန္ေတာ္ တို႔ ေအာင္ပြဲက ၾကာသင့္ဘဲ ၾကာေနတာ . .”ဆိုၿပီး စိတ္မေကာင္းစြာနဲ႔ အာဏာရွင္အျမစ္ျပတ္ေတာ္လွန္ေရးေအာင္ပြဲ အလွမ္းေဝးေနရတဲ့အေၾကာင္း ေရးသားလာခဲ့ပါတယ္။
Crd – YaungChi