မင်းတုန်းမင်းကို လာဖူးမျှော်သော နဂါးမင်းနှင့် နဂါးမင်း၏တမန်တော် မောင်ရဲ

မင်းတုန်းမင်းနှင့် နဂါးမင်း၏တမန်တော် မောင်ရဲ

မင်းတုန်းမင်း လက်ထက်တွင် နဂါးမင်းက စေလွှတ်လိုက်သည်ဆိုသော နဂါးမင်း၏ တမန်တော် မောင်ရဲ ဆိုသူ နန်းတွင်းသို့ ရောက်ရှိလာခဲ့၏။ ဤအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တတိယတွဲ) စာ ၂၆၆ တွင် အောက်ပါအတိုင်း တွေ့ရှိရ၏။

“ထိုနှစ် နတ်တော်လ (၁၈၇၂ ဒီဇင်ဘာလ) ပဲခူးနေ အသက်လေးဆယ်အရွယ် မောငျရဲဆျိုသူ ဆင်းရဲသားဘာဝ ဆားကျင်းလုပ်ဆောင်၍ အသက်မွေးနေစဉ် နဂါးတစ်ဦးက မြန်မာဘုရင် ဧကရာဇ်မင်းမြတ်သည် မင်းကျင့်တရားနှင့်အညီ တိုင်းနေပြည်သူ ရှင်လူရဟန်းတို့ကို စိုးအုပ်တော်မူလျက် သာသနာတော်ကို အလွန်အကြူး ချီးမြှင့်တော်မူသော မင်းတရားကြီးဖြစ်၍ ကျွန်တော်မျိုးခံ ရောက်လိုသည်။

ရွှေနန်းတော်သို့ မောင်ရဲ ဆိုက်ရောက်သည့်နောက် တစ်လခန့်ကြာလျှင် ရှေ့တော်သို့ အဖူးအမြော် ကန်တော့ဝင်မည်။ နဂါးတို့မည်သည် အသရေရှိသော အရပ်မှာ နေထိုင်မည်ဖြစ်၍ မင်္ဂလာရှိသော နေရာတွင် ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေကန်ကြီး အသစ်တစ်ခု ပြုလုပ်ဆော်ဖန် ထားစေရမည်အကြောင်းနှင့် နဂါးတမန် မောင်ရဲကို ရှိခိုးသံတော်ဦးတင် စေလွှတ်ရာ မောင်ရဲသည် မန္တလေး ရတနာပုံ ရွှေပြည်တော်သို့ ဆိုက်ရောက်၊ တံခါးနီတော်တံခါးတွင် မှူးတော်မတ်တော် ဆင်းရဲသား ကျွန်တော်မျိုးတို့ ထွက်ဝင်မြဲ မလွယ်ပေါက်က မဝင်၊ တံခါးတော်က ဝင်သောကြောင့် တံခါးနီ အမှုထမ်းတို့က ဖမ်းဆီးရာ နဂါးမင်း၏ တမန်တော် ဖြစ်ကြောင်းကို ပြောဆို၍ တံခါးနီဗိုလ်က ဝင်စေခွင့်ပြုပြီးကာလ ရှေ့တော်သို့သွင်းစေ အမိန့်တော်မြတ် မှတ်တော်မူ၍ ရှေ့တော်သို့ သွင်းဆက်ရာ နဂါးမှာထားသော အကြောင်းအရာများကို တင်လျှောက်ကာလ ဘဝရှင်မင်းတရားကြီးဘုရား ယုံကြည်တော်မူသည်နှင့် မောင်ရဲကို ကံကျွေးအိမ်ရာ လစာရိက္ခာတော် ပေးထားစေ၍ နဂါးနေစေရန် မန္တလေး တောင်ခြေရင်းတွင် ရေကန်ကြီးအသစ် ပြုလုပ်ဆော်ဖန်စေတော်မူ၏။

မောင်ရဲကလည်း တင်လျှောက်သော နေ့ရက်အချိန်တိုင်ရောက်လျှင် မြေနန်းတော်နှင့် အရှင်မိဖုရားခေါင်ကြီး ဘုရားအဆောင်တော်များမှ ညဉ့်အချိန် နဂါးအခိုးအငွေ့ လွှတ်၍ ပြပါလိမ့်မည်။ သုံးကြိမ်မြောက် တင်လျှောက်သောကြောင့် ကြည့်ရှုကြရာ နဂါးအခိုးအရောင် တပြောင်ပြောင် မြင်ကြောင်းများကို တင်လျှောက်ကြသည်။ ရေကန်ကိုလည်း ယခုတိုင် မောင်ရဲကန်ဟု တွင်သည်” ဟူ၍ ဖြစ်ပါသည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးပါ မောင်ရဲအကြောင်းက ဤမျှသာ ဖြစ်ပါသည်။ သို့သော် ၁၈၇၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် မြန်မာသတင်းစာတွင် နဂါးတမန် မောင်ရဲအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။

မောင်ရဲက မင်းတုန်းမင်းလက်ထက် ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံ ပုသိမ်နယ် လပွတ္တာမြို့မှ ဖြစ်သည်။ ဆားချက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရသူ ဆင်းရဲသားတစ်ဦးလည်း ဖြစ်၏။
တစ်နေ့တွင် ဆားဖိုအနီး ရေအိုင်ငယ် တစ်ခုအတွင်းမှ အခိုးအလျှံ အရောင်အဝါများ ထွက်လျက် မုန်တိုင်းကျသကဲ့သို့ ဖြစ်သဖြင့် မောင်ရဲ အံအားသင့်သွား၏။ ရေကန်အတွင်းမှ နတ်ကဲ့သို့ ဝတ်စားထားသော တင့်တယ်သည့် ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာ၏။ မောင်ရဲနှင့် သားမယားတို့က ရှိခိုးမေးမြန်းသောအခါ နဂါးမင်းစင်စစ် ဧကန်ဖြစ်ကြောင်း ဆိုပါသည်။

နဂါးမင်းက- “ငါသည် မြန်မာနေထွက်ဘုရင် အရှင်ဧကရာဇ်မင်းမြတ် စံတော်မူရာ သီဟာသန ရာဇပလ္လင် ဦးကင်းအောက်တွင် စောင့်နေရသည်။ မြန်မာနေထွက်ဘုရင်မင်း၏ လက်ဝဲဘက်ခြေတော်တွင် ငါ့စက်ပါသည်။ လက်ယာဘက်ခြေတော်တွင် မောင်မင်းငရွှေရဲ စက်ပါလေသည်။ သို့ဖြစ်၍ မောင်မင်းကို နှစ်ပေါင်းများစွာ ငါလိုက်၍ရှာသည်ကို ယခုမှ တွေ့ရသည်။ မောင်မင်းလည်း ဤကဲ့သို့ မနေနှင့်။ မြန်မာရှင်ဘုရင်မင်းမြတ်ထံ သွား၍ ကျွန်တော်မျိုး ခံရမည်”-ဟူ၍ မောင်ရဲအား ပြောကြားခဲ့သည် ဆို၏။

မောင်ရဲက မိမိမှာ ဆင်းရဲနွမ်းပါးလွန်းသဖြင့် ဆက်သရန် လက်ဆောင်ပဏ္ဏာများ ဝယ်ယူရန်နှင့် နေပြည်တော်သို့ သွားရောက်နိုင်ရန် လမ်းစရိတ်မျှပင် မရှိပါကြောင်း ပြောကြားသောအခါ နဂါးမင်းက-

“မစိုးရိမ်ပါနှင့်။ သုံးနှစ်အတွင်း သူဌေးဖြစ်အောင် မ,စမည်။ ဆားချက်မြဲတိုင်းသာ ချက်နေပါ။ သုံးနှစ်စေ့၍ ငွေကြေးဥစ္စာ ပြည့်စုံသောအခါ ၎င်းဥစ္စာငွေကြေးတို့ကို လှေတွင်တင်၍ ရွှေနန်းရှင် ဘုရင်မင်းမြတ်ထံ အရောက်သွားရမည်။ ရွှေနန်းရှင် ဘုရင်မင်းမြတ်အား နဂါးမင်းက စေလွှတ်သဖြင့် စက်တော်အောက်သို့ ရောက်ပါကြောင်း တင်လျှောက်၍ ပါသမျှ ပစ္စည်းများကို ဆက်သရမည်”

-ဟူ၍ ဆိုလေ၏။

ထို့နောက် နဂါးမင်းက ဆက်လက် ပြောဆိုရာတွင်-

“နန်းတော်သို့ဝင်ရန် တံခါးသုံးတန် ရျှိသညျ။ ထိုတံခါးများတွင် မလွယ်ပေါက်က မဝင်လေနှင့်။ တံခါးပေါက်ကသာ ဝင်လေ။ တံခါးစောင့်တို့က တားမြစ်လျှင် ငါက ထင်ရှားစွာ ကိုယ်ထင်ပြ၍ ပေါက်သတ်မည်။ ရှေ့တော်ရောက်၍ မယုံမကြည် ရှိကြလျှင်လည်း ငါကိုယ်တိုင် ရာဇပလ္လင်အောက်က ထွက်၍ပြမည်။ မောင်မင်း သူကောင်း ဖြစ်လိမ့်မည်” -ဟု ဆိုပါသည်။

မောင်ရဲက နဂါးမင်း ပြောဆိုသမျှကို ဂရုတစိုက် နားထောင်ကာ ကောင်းပါပြီဟု ဝန်ခံလျက် ဆားကို ချက်မြဲချက်နေလေသည်။ မောင်ရဲသည် ယခင်ကနှင့် မတူဘဲ ဆားအရောင်းအဝယ်လုပ်ငန်း တိုးတက်လာသဖြင့် သုံးနှစ်အတွင်း ငွေတစ်သောင်းကျော်၊ နှစ်သောင်းခန့် ချမ်းသာလာသည် ဆိုပါသည်။ သို့ဖြင့် နဂါးပေါ်လာသော ရေကန်ကိုလည်း ပြုပြင်မွမ်းမံပေးလေသည်။ တစ်ညတွင် နဂါးနေသော ရေကန်အတွင်းမှ နတ်စောင်းညင်းကဲ့သို့ သာယာချိုမြသော အသံကို ကြားလိုက်ရသည်။ ထိုည၌ပင် မောင်ရဲ အိပ်မက်တစ်ခု မက်မြင်ပါသည်။

အိပ်မက်ထဲတွင်-

“ငရွှေရဲ သုံးနှစ်စေ့ရောက်သည့်တိုင် မြန်မာရှင်ဘုရင်ထံ မသွား။ နင့်ကို ငါ ပေါက်သတ်ရလိမ့်မည်”

-ဟု နဂါးက ပြောသည် ဆို၏။

အိပ်မက် မြင်မက်သဖြင့် မောင်ရဲ မနေဝံ့တော့။ သို့ဖြင့် အညာသို့ ဆန်တက်ရန် ပြင်ဆင်ရလေတော့၏။ ၁၈၇၂ ခုနှစ် အတွင်းမှာပင် မောင်ရဲက လှေကြီး သုံးစင်းကို ဝယ်ယူကာ လှေထက်တွင် ဆား၊ ငါးပိ၊ ငါးခြောက်များကို လည်းကောင်း၊ ဥစ္စာ ရွှေ ငွေ ပစ္စည်းများကို လည်းကောင်း တင်ဆောင်လျက် သားမယားများနှင့်တကွ နေပြည်တော်သို့ ဆန်တက်သွားလေသည်။ လမ်းခရီးတလျှောက်တွင်လည်း နဂါးမင်း၏ မိန့်မှာချက်အရ ရွှေနန်းရှင်ဘုရားနှင့် တွေ့ဆုံဖူးမြော်ရန် ဆန်တက်လာပြီဖြစ်ကြောင်း သတင်းလွှင့်ခဲ့၏။

ပြည်မြို့သို့ရောက်တော့ အရေးပိုင်က မောင်ရဲအပေါ် သင်္ကာမကင်းဖြစ်ကာ ခေါ်ယူစစ်ဆေး၏။ သို့ဖြင့် ပြည်မြို့တွင် ရက်အနည်းငယ် ကြာသွားရသေး၏။ ပြည်မြို့၌ အစစ်ဆေးခံနေရစဉ်အတွင်း ပုသိမ်မှ ကျောင်းဒကာ တစ်ဦးနှင့် ခင်မင်ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ ကျောင်းဒကာက မောင်ရဲ၏ လှေပဲ့ဘက်ပိုင်းတွင် နဂါးပေါ်နေသည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရပြီးနောက် မောင်ရဲနှင့် သိကျွမ်းသွားကြခြင်း ဖြစ်ပါသည်။ မောင်ရဲက ကျောင်းဒကာကိုပင် နေပြည်တော်သို့ ဦးစွာ ဆန်တက်စေလျက် အကျိုးအကြောင်းကို လျှောက်ထားစေခဲ့သည်။ ပြည်မြို့တွင် အစစ်အဆေးများ ပြီးဆုံးတော့ ဆက်လက်ဆန်တက် ထွက်ခွာကြသည်။

မောင်ရဲတို့လှေ မင်းလှမြို့ အရောက်တွင် ဓာတ်ရုံတော်မှ နေပြည်တော်သို့ ကြေးနန်းရိုက်ပေးပါသည်။ ပုသိမ်ကျောင်းဒကာ၏ တင်လျှောက်ချက်ကြောင့်ပင် နဂါးတမန် မောင်ရဲတို့လှေ မန္တလေးသို့ ဆန်တက်လာပြီဖြစ်ကြောင်း မန္တလေး ရွှေမြို့တော်၌ ဟိုးလေးတကျော် ဖြစ်နေလေသည်။ မောင်ရဲနှင့် နဂါးတို့ ရောက်မည့်နေ့ကိုသာ ကြိုဆိုမျှော်လင့်နေကြသည် ဆိုပါသည်။

သို့ဖြင့် မောင်ရဲ၏ လှေသုံးစင်း ငါးပိ၊ ငါးခြောက်၊ ဆားတို့ကို တင်လျက် ရွှေမြို့တော်သို့ ဆိုက်ရောက်လာလေတော့သည်။ မောင်ရဲသည် မင်းတုန်းမင်းအား ဆက်သရန် နဂါးက မှာထားပေးအပ်လိုက်သော စာလွှာကို ဦးထိပ်တင်ယူလျက် ရွှေနန်းတော်ရှေ့မျက်နှာ ရွေးတော်ယူတံခါးမှ တံခါးနီတော်ကြီးအတွင်းသို့ ဝင်ရောက်ပါလေသည်။

တံခါးနီတော်ကြီးသို့ ဝင်ရောက်ရာတွင် အစောင့်အနေတို့က ဖမ်းဆီး၍ လွှတ်တော်သို့ အပ်လိုက်၏။ မှူးတော်မတ်တော်တို့က မောင်ရဲအား တွေ့ဆုံမေးမြန်းသည်။ ကင်းစဉ်ဝန်၊ ကသည်းမြင်းဝန်၊ ဝန်ထောက်ဦးစံငြိမ်းတို့က စစ်ဆေးသောအခါ မောင်ရဲက မှူးမတ်တို့အား မရိုမသေ ဘုရားမထူးရုံမျှမက မိမိလာရင်းကိစ္စကို ရဲဝံ့စွာပင် ပြောဆိုလေ၏။

မှူးမတ်တို့က နဂါးပေးလိုက်သည်ဆိုသော စာလွှာကို ပြမှသာ ရှေ့တော်သို့ ဝင်ခွင့် လျှောက်တင်ရမည် ဖြစ်ကြောင်းဆိုရာ မောင်ရဲက ငြင်းဆန်လေသည်။ စာလွှာသည် နဂါးမှာထားသည့်အတိုင်း ဘုရင်မင်းမြတ်မှလွဲ၍ မည်သူ့ကိုမျှ မကြားမသိစေအပ်ကြောင်း၊ အကယ်၍ စကားမတည်ဘဲ ပြသမိပါက နဂါးက မိမိအား ပေါက်သတ်မည်ဖြစ်ကြောင်း ပြန်ပြောပြ၏။

နဂါး၏ မှာထားချက်မှာ မင်္ဂလာရှိသော တံခါးမှဝင်၍ ရှေ့တော်သို့ ဦးစွာဝင်ရောက်ရမည်ကို မှာထားချက်အတိုင်း မိမိ လုပ်ဆောင်ရသည် ဖြစ်သဖြင့် နဂါးစာလွှာကို ပြသရန် မဝံ့ပါကြောင်း။ အကယ်၍ မရမနေ ယူဝံ့ကြပါလျှင် ယူကြပါဟု ဆိုလေရာ မည်သူကမျှ မယူဝံ့ကြဟု ဆိုပါသည်။ ကင်းစဉ်ဝန်နှင့် ကသည်းမြင်းဝန်တို့က မောင်ရဲကို ပခန်းမင်းကြီး ဦးရန်ဝေးသို့ လွှဲပြောင်းပေးအပ်လိုက်သောအခါ ပခန်းမင်းကြီးက အသေးစိတ် စစ်ဆေးမေးမြန်းကာ အချုပ်တိုက်တွင်းသို့ ထည့်ထားလိုက်လေ၏။

ထိုညတစ်ချက်တီး ခြောက်မောင်း အချိန်ခန့်တွင် ရွှေနန်းဦးကင်း ရာဇပလ္လင် ပြာသာဒ်တော်၌ လောင်မီးကျသကဲ့သို့ အစိမ်း၊ အဝါ၊ အဖြူ၊ အနီ ရောင်စုံများ တောက်ပထွန်းလင်းလျက် ရှိသည်ကို မြင်တွေ့ကြရလေရာ မင်းတရားကြီးထံ အမြန်ဆုံး လျှောက်ထားကြရသည် ဆို၏။ မင်းတုန်းမင်းတရားကြီးသည် မိဖုရားခေါင်ကြီး စကြာဒေဝီကို ခေါ်တော်မူလျက် အတူတကွ ရှုစားကြရာ မကြုံစဖူးသော အခိုးအလျှံများကို တွေ့မြင်ကြရလေသည်။

သို့ဖြင့် နှစ်ထောင်းအားရ၍ နံနက်ညီလာခံ၌ မောင်ရဲအား ရှေ့တော်သို့ သွင်းရမည်ဟု အမိန့်တော် ချမှတ်လေ၏။ ပြာသာဒ်ဆောင်မှထွက်သော အခိုးအလျှံများမှာ နှစ်ချက်တီး ငါးမောင်းအချိန်မှ ပျောက်ကွယ်သွားလေသည်။ မှူးကြီးမတ်ရာတို့မှာလည်း ထူးခြားသော အခိုးအလျှံ ရောင်စုံတို့အား ကြည့်ရှုကာ ဟိုဟိုသည်သည် ပြောဆိုနေကြလေသည်။

နောက်တစ်နေ့နံနက်တွင် မောင်ရဲကို ရှေ့တော်သို့သွင်း၍ နဂါးမင်း ပေးလိုက်သော တင်လွှာကို ကိုယ်တိုင် ဆက်သစေပါသည်။ မင်းတုန်းမင်းတရားသည် တင်လွှာကို ကြည့်ရှုတော်မူလျက် ရွှင်ကြည်သော စိတ်နှလုံးဖြင့် မောင်ရဲအား မေးမြန်းလေသည်။

“ငရဲရဲ့၊ မောင်မင်း တွေ့သည့် နဂါး ဘယ်လောက်ကြီးသလဲ။ လုံးရပ် အရောင်အသွေး ဘယ်လိုလဲ”

-ဟု မေးလျှင် မောင်ရဲက-

“တင်ပါသည် ဘုရား။ ကျွန်တော်မျိုးနဂါးသည် လုံးပတ် နှစ်ဖက်ခန့် ရှိပါကြောင်း၊ အရှည်မှာ ကျွန်တော်မျိုး အိမ်ပေါ်တွင်လည်း တစ်ပုံခွေ၍ နေပါသည်။ အောက်တစ်ပိုင်း မြေပေါ်မှာလည်း တစ်ပုံကြီးခွေ၍ နေသောကြောင့် အရှည်ကိုတပ်ရာ သံတော်ဦး မတင်ဝံ့ပါ။ အသွေးအရောင်မှာ နီနီတချို့၊ ဈိမျးတခြို့ ရှိပါသည်။ အခိုးအလျှံမှာ သက်တံ့ရောင်ကဲ့သို့ ရှိပါသည်”

-ဟူ၍ လျှောက်တင်ခဲ့သည်။

ထို့နောက် ဘုရင်မင်းမြတ်က မောင်ရဲအား ဘာများ အလိုရှိသနည်းဟု မေးမြန်းလေသည်။ မောင်ရဲက-

“ကျွန်တော်မျိုးမှာ ရွှေ၊ ငွေ၊ မြ၊ ကျောက်သံပတ္တမြား အရာအထူးမှစ၍ အလိုမရှိပါကြောင်း၊ အမှုတော်ကိုသာ ထမ်းရွက်လိုပါကြောင်း၊ နဂါးကိုလည်း အလိုတော်ရှိ၍ တသတော်မူလျှင် မည်သည့်အခါမဆို ရွှေစက်တော်အောက် ရောက်ပါလိမ့်မည်။ မမှန်လျှင် ကျွန်တော်မျိုး သားမယားနှင့်တကွ ရာဇဝတ်ကို ခံပါမည်”
-ဟူ၍ ရဲဝံ့စွာ လျှောက်ထားခဲ့သည်။

မင်းတုန်းမင်းတရားကြီးသည် မြို့တော်ဝန်အား ခေါ်ယူလျက် မောင်ရဲကို ကြည့်ရှုစောင်မရန် အပ်နှံလိုက်သည်။ သရက်ကန် စံနန်းတော် အနီးတွင် ဝင်းအိမ် ကြီးကျယ် ဆောက်လုပ်၍ မောင်ရဲအား အခြွေအရံနှင့်တကွ ထားရှိရန် မိန့်တော်မူကာ အတွင်းတော်သို့ ဝင်သွားလေသည်။ မောင်ရဲမှာလည်း လာရင်းကိစ္စ ပြီးပြီမို့ လူတိုင်းအား ဘုရားထူးတော့၏။

တစ်နေ့တွင် မင်းတုန်းမင်းတရားကြီး ဘုရားရှိခိုးဆောင်၌ ဥပုသ်တော်ခံပြီး ထွက်လာစဉ် နန်းကြမ်းပြင်ထက်တွင် ရုပ်ရည်ချောမော လှပသူ လူရွယ်တစ်ဦး ရှိခိုးခစားနေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ နဂါးဖြစ်ကြောင်း သံတော်ဦးတင်သည် ဆို၏။

ထိုလူရွယ်သည် ခေါင်းပေါင်းနီ ပေါင်းထားပြီး အင်္ကျီဖြူ ထိုင်မသိမ်း ဝတ်ထားသည် ဆိုပါသည်။ မင်းတရားကြီးသည် အသေအချာ ရှုစားလျက် အတွင်းတော်သို့ ဝင်သွားလေသည်။
မောင်ရဲအား ခြံကြီးဝင်းကြီးနှင့် သူကောင်းပြုထားသကဲ့သို့ နဂါးနေရန်အတွက် ရေကန်ကြီး တစ်ကန်ကိုလည်း တူးဖော်ပေးခဲ့၏။ ရေကန်ကြီးမှာ မန္တလေး တောင်ခြေ၌ ရှိခဲ့ဖူးပြီး နောက်ပိုင်း၌ ကောသွားကာ နွားစားကျက်ကြီး ဖြစ်သွားပါသည်။

ဤတွင် မောင်ရဲအကြောင်း မှတ်သားချက် ပုရပိုက်မှတ်တမ်း တစ်စောင်ကိုလည်း တွေ့ရှိရပေရာ ပုရပိုက်မှတ်တမ်း အရဆိုလျှင် မောင်ရဲမှာ ကျပင်းမြို့ဇာတိဖြစ်ပြီး ဆင်ဖြူကျွန်းတွင် ကြီးပြင်းခဲ့သူ ဖြစ်၏။ ကြွေး ၈၀ တင်သဖြင့် အောက်ပြည်အောက်ရွာသို့ ထွက်ခွာသွားလေရာ အောက်ပြည်၌လည်း ကြွေးနှင့်မကင်း ဖြစ်ရပြန်လေသည်။ လပွတ္တာနှင့် ခရီးလေးတိုင်အကွာရှိ ဆားချက်လုပ်ငန်း လုပ်ကိုင်ရာ အရပ်သို့ရောက်မှ မောင်ရဲ၏ ဘဝအခြေအနေက ပြောင်းလဲသွားတော့သည်။

မောင်ရဲသည် အညာသားဖြစ်၍ အပူဒဏ်ကို ခံနိုင်သူ ဖြစ်သည့်အလျောက် ဆားချက်အလုပ် ဝင်လုပ်ရာမှ ၁၅၀၀ ခန့် ချမ်းသာလာသည် ဆို၏။ ထို့နောက် နေပြည်တော်သို့ ဆန်တက်ရန် ပစ္စည်းများကို ဝယ်ယူပါသည်။ ပစ္စည်း စာရင်းမှာ လှေ ၆၂၁၊ ဆား ၁၀၀၀၊ ငါးပိကောင် ၁၅၀၊ စိမ်းစားငါးပိ ၄၀၊ ငါးခြောက်၊ နှစ်လုံးပြူးသေနတ် တစ်လက်တို့ ဖြစ်ကြ၏။ မောင်ရဲတို့ မိသားစု လေးဦး နေပြည်တော်သို့ သွားရောက်ကြစဉ် ပစ္စည်း စာရင်း၌ နှစ်လုံးပြူးသေနတ် တစ်လက် ပါနေသည်မှာလည်း ထူးခြားနေပါသည်။

ပုရပိုက်မှတ်တမ်းအရ ၁၈၇၂ ခုနှစ် စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီ မထိုးမီ ရွှေမြို့တော်သို့ ရောက်ရှိခဲ့ကြ၏။ နန်းတော်ပြာသာဒ်၌ အခိုးအလျှံများ ပြသည့်နေ့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်း ဖြစ်၏။ စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း သပျိတျလုံးခနျ့ ဝင်းထိန်ကာ ပြာသာဒ်တော် စတုတ္ထဘုံသို့ တက်၍ ပျောက်ကွယ်သွားသည်။

မောင်ရဲကို မင်းတုန်းမင်း တွေ့ဆုံသော ရက်စွဲမှာ ၁၈၇၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်၌ ဖြစ်ပါသည်။ နဂါးမင်း၏ မှာထားလွှာကို ကန္နီအတွင်းဝန် ဦးဝိုက်မှတစ်ဆင့် မင်းတရားထံ ဆက်သရ၏။ မင်းတရားကြီးက ဗြာဟ္မဏ ပုဏ္ဏား ပညာရှိများကို စစ်ဆေးစေရာ ဟုတ်မှန်ကြောင်း ပြောသဖြင့် ပုဏ္ဏားပညာရှိတို့အား ရွှေစလွယ် ၆ လွယ် ပေးသနားခဲ့သည်။

၁၈၇၂ ခုနှစ် ဒီဇင်ဘာ ၆ ရက် နေ့စွဲပါ မြန်မာသတင်းစာတွင် ကန်တော့ခံ ဝင်ရောက်သူ နဂါးတမန် မောင်ရဲအား မင်းတရားကြီးက ဆုတော်များ ပေးသနားကြောင်း သတင်းတိုတစ်ပုဒ် ထပ်မံပါဝင်ခဲ့ပါသည်။ မင်းတရားကြီးက ငွေ ၃၀၀၊ ပုဆိုး ၂ ထည်နှင့် ခေါင်းပေါင်း ၂ အုပ်ကို ပေးသနားခဲ့ပါသည်။ ထို့နောက် မောင်ရဲသည် သားမယားများအား နေပြည်တော်တွင် ထားရစ်ကာ အောက်ပြည်အောက်ရွာသို့ စုန်ဆင်းသွားတော့၏။

နောက်ပိုင်းတွင် နဂါးသတင်းကိုသော်လည်းကောင်း၊ နဂါးတမန် မောင်ရဲ သတင်းကိုသော်လည်းကောင်း မကြားမသိရတော့ချေ။

Ref: တင်နိုင်တိုး( ရာဇဝင်ထဲကဖြစ်ရပ်ဆန်းများ)

Zawgyi

မင္းတုန္းမင္းႏွင့္ နဂါးမင္း၏တမန္ေတာ္ ေမာင္ရဲ

မင္းတုန္းမင္း လက္ထက္တြင္ နဂါးမင္းက ေစလႊတ္လိုက္သည္ဆိုေသာ နဂါးမင္း၏ တမန္ေတာ္ ေမာင္ရဲ ဆိုသူ နန္းတြင္းသို႔ ေရာက္ရွိလာခဲ့၏။ ဤအေၾကာင္းကို ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီး (တတိယတြဲ) စာ ၂၆၆ တြင္ ေအာက္ပါအတိုင္း ေတြ႕ရွိရ၏။

“ထိုႏွစ္ နတ္ေတာ္လ (၁၈၇၂ ဒီဇင္ဘာလ) ပဲခူးေန အသက္ေလးဆယ္အ႐ြယ္ ေမာင်ရဲဆ်ိဳသူ ဆင္းရဲသားဘာဝ ဆားက်င္းလုပ္ေဆာင္၍ အသက္ေမြးေနစဥ္ နဂါးတစ္ဦးက ျမန္မာဘုရင္ ဧကရာဇ္မင္းျမတ္သည္ မင္းက်င့္တရားႏွင့္အညီ တိုင္းေနျပည္သူ ရွင္လူရဟန္းတို႔ကို စိုးအုပ္ေတာ္မူလ်က္ သာသနာေတာ္ကို အလြန္အၾကဴး ခ်ီးျမႇင့္ေတာ္မူေသာ မင္းတရားႀကီးျဖစ္၍ ကြၽန္ေတာ္မ်ိဳးခံ ေရာက္လိုသည္။

ေ႐ႊနန္းေတာ္သို႔ ေမာင္ရဲ ဆိုက္ေရာက္သည့္ေနာက္ တစ္လခန္႔ၾကာလွ်င္ ေရွ႕ေတာ္သို႔ အဖူးအေျမာ္ ကန္ေတာ့ဝင္မည္။ နဂါးတို႔မည္သည္ အသေရရွိေသာ အရပ္မွာ ေနထိုင္မည္ျဖစ္၍ မဂၤလာရွိေသာ ေနရာတြင္ ၾကာမ်ိဳးငါးပါးႏွင့္ ျပည့္စုံေသာ ေရကန္ႀကီး အသစ္တစ္ခု ျပဳလုပ္ေဆာ္ဖန္ ထားေစရမည္အေၾကာင္းႏွင့္ နဂါးတမန္ ေမာင္ရဲကို ရွိခိုးသံေတာ္ဦးတင္ ေစလႊတ္ရာ ေမာင္ရဲသည္ မႏၲေလး ရတနာပုံ ေ႐ႊျပည္ေတာ္သို႔ ဆိုက္ေရာက္၊ တံခါးနီေတာ္တံခါးတြင္ မႉးေတာ္မတ္ေတာ္ ဆင္းရဲသား ကြၽန္ေတာ္မ်ိဳးတို႔ ထြက္ဝင္ၿမဲ မလြယ္ေပါက္က မဝင္၊ တံခါးေတာ္က ဝင္ေသာေၾကာင့္ တံခါးနီ အမႈထမ္းတို႔က ဖမ္းဆီးရာ နဂါးမင္း၏ တမန္ေတာ္ ျဖစ္ေၾကာင္းကို ေျပာဆို၍ တံခါးနီဗိုလ္က ဝင္ေစခြင့္ျပဳၿပီးကာလ ေရွ႕ေတာ္သို႔သြင္းေစ အမိန္႔ေတာ္ျမတ္ မွတ္ေတာ္မူ၍ ေရွ႕ေတာ္သို႔ သြင္းဆက္ရာ နဂါးမွာထားေသာ အေၾကာင္းအရာမ်ားကို တင္ေလွ်ာက္ကာလ ဘဝရွင္မင္းတရားႀကီးဘုရား ယုံၾကည္ေတာ္မူသည္ႏွင့္ ေမာင္ရဲကို ကံေကြၽးအိမ္ရာ လစာရိကၡာေတာ္ ေပးထားေစ၍ နဂါးေနေစရန္ မႏၲေလး ေတာင္ေျခရင္းတြင္ ေရကန္ႀကီးအသစ္ ျပဳလုပ္ေဆာ္ဖန္ေစေတာ္မူ၏။

ေမာင္ရဲကလည္း တင္ေလွ်ာက္ေသာ ေန႔ရက္အခ်ိန္တိုင္ေရာက္လွ်င္ ေျမနန္းေတာ္ႏွင့္ အရွင္မိဖုရားေခါင္ႀကီး ဘုရားအေဆာင္ေတာ္မ်ားမွ ညဥ့္အခ်ိန္ နဂါးအခိုးအေငြ႕ လႊတ္၍ ျပပါလိမ့္မည္။ သုံးႀကိမ္ေျမာက္ တင္ေလွ်ာက္ေသာေၾကာင့္ ၾကည့္ရႈၾကရာ နဂါးအခိုးအေရာင္ တေျပာင္ေျပာင္ ျမင္ေၾကာင္းမ်ားကို တင္ေလွ်ာက္ၾကသည္။ ေရကန္ကိုလည္း ယခုတိုင္ ေမာင္ရဲကန္ဟု တြင္သည္” ဟူ၍ ျဖစ္ပါသည္။

ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီးပါ ေမာင္ရဲအေၾကာင္းက ဤမွ်သာ ျဖစ္ပါသည္။ သို႔ေသာ္ ၁၈၇၂ ခုႏွစ္ ေအာက္တိုဘာ ၄ ရက္ေန႔ထုတ္ ျမန္မာသတင္းစာတြင္ နဂါးတမန္ ေမာင္ရဲအေၾကာင္းကို ျပည့္ျပည့္စုံစုံ ေဖာ္ျပထား၏။

ေမာင္ရဲက မင္းတုန္းမင္းလက္ထက္ ၿဗိတိသွ်ပိုင္ ေအာက္ျမန္မာႏိုင္ငံ ပုသိမ္နယ္ လပြတၱာၿမိဳ႕မွ ျဖစ္သည္။ ဆားခ်က္လုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳရသူ ဆင္းရဲသားတစ္ဦးလည္း ျဖစ္၏။
တစ္ေန႔တြင္ ဆားဖိုအနီး ေရအိုင္ငယ္ တစ္ခုအတြင္းမွ အခိုးအလွ်ံ အေရာင္အဝါမ်ား ထြက္လ်က္ မုန္တိုင္းက်သကဲ့သို႔ ျဖစ္သျဖင့္ ေမာင္ရဲ အံအားသင့္သြား၏။ ေရကန္အတြင္းမွ နတ္ကဲ့သို႔ ဝတ္စားထားေသာ တင့္တယ္သည့္ ပုဂၢိဳလ္တစ္ဦး ထြက္ေပၚလာ၏။ ေမာင္ရဲႏွင့္ သားမယားတို႔က ရွိခိုးေမးျမန္းေသာအခါ နဂါးမင္းစင္စစ္ ဧကန္ျဖစ္ေၾကာင္း ဆိုပါသည္။

နဂါးမင္းက- “ငါသည္ ျမန္မာေနထြက္ဘုရင္ အရွင္ဧကရာဇ္မင္းျမတ္ စံေတာ္မူရာ သီဟာသန ရာဇပလႅင္ ဦးကင္းေအာက္တြင္ ေစာင့္ေနရသည္။ ျမန္မာေနထြက္ဘုရင္မင္း၏ လက္ဝဲဘက္ေျခေတာ္တြင္ ငါ့စက္ပါသည္။ လက္ယာဘက္ေျခေတာ္တြင္ ေမာင္မင္းငေ႐ႊရဲ စက္ပါေလသည္။ သို႔ျဖစ္၍ ေမာင္မင္းကို ႏွစ္ေပါင္းမ်ားစြာ ငါလိုက္၍ရွာသည္ကို ယခုမွ ေတြ႕ရသည္။ ေမာင္မင္းလည္း ဤကဲ့သို႔ မေနႏွင့္။ ျမန္မာရွင္ဘုရင္မင္းျမတ္ထံ သြား၍ ကြၽန္ေတာ္မ်ိဳး ခံရမည္”-ဟူ၍ ေမာင္ရဲအား ေျပာၾကားခဲ့သည္ ဆို၏။

ေမာင္ရဲက မိမိမွာ ဆင္းရဲႏြမ္းပါးလြန္းသျဖင့္ ဆက္သရန္ လက္ေဆာင္ပဏၰာမ်ား ဝယ္ယူရန္ႏွင့္ ေနျပည္ေတာ္သို႔ သြားေရာက္ႏိုင္ရန္ လမ္းစရိတ္မွ်ပင္ မရွိပါေၾကာင္း ေျပာၾကားေသာအခါ နဂါးမင္းက-

“မစိုးရိမ္ပါႏွင့္။ သုံးႏွစ္အတြင္း သူေဌးျဖစ္ေအာင္ မ,စမည္။ ဆားခ်က္ၿမဲတိုင္းသာ ခ်က္ေနပါ။ သုံးႏွစ္ေစ့၍ ေငြေၾကးဥစၥာ ျပည့္စုံေသာအခါ ၎ဥစၥာေငြေၾကးတို႔ကို ေလွတြင္တင္၍ ေ႐ႊနန္းရွင္ ဘုရင္မင္းျမတ္ထံ အေရာက္သြားရမည္။ ေ႐ႊနန္းရွင္ ဘုရင္မင္းျမတ္အား နဂါးမင္းက ေစလႊတ္သျဖင့္ စက္ေတာ္ေအာက္သို႔ ေရာက္ပါေၾကာင္း တင္ေလွ်ာက္၍ ပါသမွ် ပစၥည္းမ်ားကို ဆက္သရမည္”

-ဟူ၍ ဆိုေလ၏။

ထို႔ေနာက္ နဂါးမင္းက ဆက္လက္ ေျပာဆိုရာတြင္-

“နန္းေတာ္သို႔ဝင္ရန္ တံခါးသုံးတန္ ရွ်ိသည်။ ထိုတံခါးမ်ားတြင္ မလြယ္ေပါက္က မဝင္ေလႏွင့္။ တံခါးေပါက္ကသာ ဝင္ေလ။ တံခါးေစာင့္တို႔က တားျမစ္လွ်င္ ငါက ထင္ရွားစြာ ကိုယ္ထင္ျပ၍ ေပါက္သတ္မည္။ ေရွ႕ေတာ္ေရာက္၍ မယုံမၾကည္ ရွိၾကလွ်င္လည္း ငါကိုယ္တိုင္ ရာဇပလႅင္ေအာက္က ထြက္၍ျပမည္။ ေမာင္မင္း သူေကာင္း ျဖစ္လိမ့္မည္” -ဟု ဆိုပါသည္။

ေမာင္ရဲက နဂါးမင္း ေျပာဆိုသမွ်ကို ဂ႐ုတစိုက္ နားေထာင္ကာ ေကာင္းပါၿပီဟု ဝန္ခံလ်က္ ဆားကို ခ်က္ၿမဲခ်က္ေနေလသည္။ ေမာင္ရဲသည္ ယခင္ကႏွင့္ မတူဘဲ ဆားအေရာင္းအဝယ္လုပ္ငန္း တိုးတက္လာသျဖင့္ သုံးႏွစ္အတြင္း ေငြတစ္ေသာင္းေက်ာ္၊ ႏွစ္ေသာင္းခန္႔ ခ်မ္းသာလာသည္ ဆိုပါသည္။ သို႔ျဖင့္ နဂါးေပၚလာေသာ ေရကန္ကိုလည္း ျပဳျပင္မြမ္းမံေပးေလသည္။ တစ္ညတြင္ နဂါးေနေသာ ေရကန္အတြင္းမွ နတ္ေစာင္းညင္းကဲ့သို႔ သာယာခ်ိဳျမေသာ အသံကို ၾကားလိုက္ရသည္။ ထိုည၌ပင္ ေမာင္ရဲ အိပ္မက္တစ္ခု မက္ျမင္ပါသည္။

အိပ္မက္ထဲတြင္-

“ငေ႐ႊရဲ သုံးႏွစ္ေစ့ေရာက္သည့္တိုင္ ျမန္မာရွင္ဘုရင္ထံ မသြား။ နင့္ကို ငါ ေပါက္သတ္ရလိမ့္မည္”

-ဟု နဂါးက ေျပာသည္ ဆို၏။

အိပ္မက္ ျမင္မက္သျဖင့္ ေမာင္ရဲ မေနဝံ့ေတာ့။ သို႔ျဖင့္ အညာသို႔ ဆန္တက္ရန္ ျပင္ဆင္ရေလေတာ့၏။ ၁၈၇၂ ခုႏွစ္ အတြင္းမွာပင္ ေမာင္ရဲက ေလွႀကီး သုံးစင္းကို ဝယ္ယူကာ ေလွထက္တြင္ ဆား၊ ငါးပိ၊ ငါးေျခာက္မ်ားကို လည္းေကာင္း၊ ဥစၥာ ေ႐ႊ ေငြ ပစၥည္းမ်ားကို လည္းေကာင္း တင္ေဆာင္လ်က္ သားမယားမ်ားႏွင့္တကြ ေနျပည္ေတာ္သို႔ ဆန္တက္သြားေလသည္။ လမ္းခရီးတေလွ်ာက္တြင္လည္း နဂါးမင္း၏ မိန္႔မွာခ်က္အရ ေ႐ႊနန္းရွင္ဘုရားႏွင့္ ေတြ႕ဆုံဖူးေျမာ္ရန္ ဆန္တက္လာၿပီျဖစ္ေၾကာင္း သတင္းလႊင့္ခဲ့၏။

ျပည္ၿမိဳ႕သို႔ေရာက္ေတာ့ အေရးပိုင္က ေမာင္ရဲအေပၚ သကၤာမကင္းျဖစ္ကာ ေခၚယူစစ္ေဆး၏။ သို႔ျဖင့္ ျပည္ၿမိဳ႕တြင္ ရက္အနည္းငယ္ ၾကာသြားရေသး၏။ ျပည္ၿမိဳ႕၌ အစစ္ေဆးခံေနရစဥ္အတြင္း ပုသိမ္မွ ေက်ာင္းဒကာ တစ္ဦးႏွင့္ ခင္မင္ရင္းႏွီး ကြၽမ္းဝင္ခဲ့သည္။ ေက်ာင္းဒကာက ေမာင္ရဲ၏ ေလွပဲ့ဘက္ပိုင္းတြင္ နဂါးေပၚေနသည္ကို ထင္ရွားစြာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေမာင္ရဲႏွင့္ သိကြၽမ္းသြားၾကျခင္း ျဖစ္ပါသည္။ ေမာင္ရဲက ေက်ာင္းဒကာကိုပင္ ေနျပည္ေတာ္သို႔ ဦးစြာ ဆန္တက္ေစလ်က္ အက်ိဳးအေၾကာင္းကို ေလွ်ာက္ထားေစခဲ့သည္။ ျပည္ၿမိဳ႕တြင္ အစစ္အေဆးမ်ား ၿပီးဆုံးေတာ့ ဆက္လက္ဆန္တက္ ထြက္ခြာၾကသည္။

ေမာင္ရဲတို႔ေလွ မင္းလွၿမိဳ႕ အေရာက္တြင္ ဓာတ္႐ုံေတာ္မွ ေနျပည္ေတာ္သို႔ ေၾကးနန္း႐ိုက္ေပးပါသည္။ ပုသိမ္ေက်ာင္းဒကာ၏ တင္ေလွ်ာက္ခ်က္ေၾကာင့္ပင္ နဂါးတမန္ ေမာင္ရဲတို႔ေလွ မႏၲေလးသို႔ ဆန္တက္လာၿပီျဖစ္ေၾကာင္း မႏၲေလး ေ႐ႊၿမိဳ႕ေတာ္၌ ဟိုးေလးတေက်ာ္ ျဖစ္ေနေလသည္။ ေမာင္ရဲႏွင့္ နဂါးတို႔ ေရာက္မည့္ေန႔ကိုသာ ႀကိဳဆိုေမွ်ာ္လင့္ေနၾကသည္ ဆိုပါသည္။

သို႔ျဖင့္ ေမာင္ရဲ၏ ေလွသုံးစင္း ငါးပိ၊ ငါးေျခာက္၊ ဆားတို႔ကို တင္လ်က္ ေ႐ႊၿမိဳ႕ေတာ္သို႔ ဆိုက္ေရာက္လာေလေတာ့သည္။ ေမာင္ရဲသည္ မင္းတုန္းမင္းအား ဆက္သရန္ နဂါးက မွာထားေပးအပ္လိုက္ေသာ စာလႊာကို ဦးထိပ္တင္ယူလ်က္ ေ႐ႊနန္းေတာ္ေရွ႕မ်က္ႏွာ ေ႐ြးေတာ္ယူတံခါးမွ တံခါးနီေတာ္ႀကီးအတြင္းသို႔ ဝင္ေရာက္ပါေလသည္။

တံခါးနီေတာ္ႀကီးသို႔ ဝင္ေရာက္ရာတြင္ အေစာင့္အေနတို႔က ဖမ္းဆီး၍ လႊတ္ေတာ္သို႔ အပ္လိုက္၏။ မႉးေတာ္မတ္ေတာ္တို႔က ေမာင္ရဲအား ေတြ႕ဆုံေမးျမန္းသည္။ ကင္းစဥ္ဝန္၊ ကသည္းျမင္းဝန္၊ ဝန္ေထာက္ဦးစံၿငိမ္းတို႔က စစ္ေဆးေသာအခါ ေမာင္ရဲက မႉးမတ္တို႔အား မ႐ိုမေသ ဘုရားမထူး႐ုံမွ်မက မိမိလာရင္းကိစၥကို ရဲဝံ့စြာပင္ ေျပာဆိုေလ၏။

မႉးမတ္တို႔က နဂါးေပးလိုက္သည္ဆိုေသာ စာလႊာကို ျပမွသာ ေရွ႕ေတာ္သို႔ ဝင္ခြင့္ ေလွ်ာက္တင္ရမည္ ျဖစ္ေၾကာင္းဆိုရာ ေမာင္ရဲက ျငင္းဆန္ေလသည္။ စာလႊာသည္ နဂါးမွာထားသည့္အတိုင္း ဘုရင္မင္းျမတ္မွလြဲ၍ မည္သူ႔ကိုမွ် မၾကားမသိေစအပ္ေၾကာင္း၊ အကယ္၍ စကားမတည္ဘဲ ျပသမိပါက နဂါးက မိမိအား ေပါက္သတ္မည္ျဖစ္ေၾကာင္း ျပန္ေျပာျပ၏။

နဂါး၏ မွာထားခ်က္မွာ မဂၤလာရွိေသာ တံခါးမွဝင္၍ ေရွ႕ေတာ္သို႔ ဦးစြာဝင္ေရာက္ရမည္ကို မွာထားခ်က္အတိုင္း မိမိ လုပ္ေဆာင္ရသည္ ျဖစ္သျဖင့္ နဂါးစာလႊာကို ျပသရန္ မဝံ့ပါေၾကာင္း။ အကယ္၍ မရမေန ယူဝံ့ၾကပါလွ်င္ ယူၾကပါဟု ဆိုေလရာ မည္သူကမွ် မယူဝံ့ၾကဟု ဆိုပါသည္။ ကင္းစဥ္ဝန္ႏွင့္ ကသည္းျမင္းဝန္တို႔က ေမာင္ရဲကို ပခန္းမင္းႀကီး ဦးရန္ေဝးသို႔ လႊဲေျပာင္းေပးအပ္လိုက္ေသာအခါ ပခန္းမင္းႀကီးက အေသးစိတ္ စစ္ေဆးေမးျမန္းကာ အခ်ဳပ္တိုက္တြင္းသို႔ ထည့္ထားလိုက္ေလ၏။

ထိုညတစ္ခ်က္တီး ေျခာက္ေမာင္း အခ်ိန္ခန္႔တြင္ ေ႐ႊနန္းဦးကင္း ရာဇပလႅင္ ျပာသာဒ္ေတာ္၌ ေလာင္မီးက်သကဲ့သို႔ အစိမ္း၊ အဝါ၊ အျဖဴ၊ အနီ ေရာင္စုံမ်ား ေတာက္ပထြန္းလင္းလ်က္ ရွိသည္ကို ျမင္ေတြ႕ၾကရေလရာ မင္းတရားႀကီးထံ အျမန္ဆုံး ေလွ်ာက္ထားၾကရသည္ ဆို၏။ မင္းတုန္းမင္းတရားႀကီးသည္ မိဖုရားေခါင္ႀကီး စၾကာေဒဝီကို ေခၚေတာ္မူလ်က္ အတူတကြ ရႈစားၾကရာ မႀကဳံစဖူးေသာ အခိုးအလွ်ံမ်ားကို ေတြ႕ျမင္ၾကရေလသည္။

သို႔ျဖင့္ ႏွစ္ေထာင္းအားရ၍ နံနက္ညီလာခံ၌ ေမာင္ရဲအား ေရွ႕ေတာ္သို႔ သြင္းရမည္ဟု အမိန္႔ေတာ္ ခ်မွတ္ေလ၏။ ျပာသာဒ္ေဆာင္မွထြက္ေသာ အခိုးအလွ်ံမ်ားမွာ ႏွစ္ခ်က္တီး ငါးေမာင္းအခ်ိန္မွ ေပ်ာက္ကြယ္သြားေလသည္။ မႉးႀကီးမတ္ရာတို႔မွာလည္း ထူးျခားေသာ အခိုးအလွ်ံ ေရာင္စုံတို႔အား ၾကည့္ရႈကာ ဟိုဟိုသည္သည္ ေျပာဆိုေနၾကေလသည္။

ေနာက္တစ္ေန႔နံနက္တြင္ ေမာင္ရဲကို ေရွ႕ေတာ္သို႔သြင္း၍ နဂါးမင္း ေပးလိုက္ေသာ တင္လႊာကို ကိုယ္တိုင္ ဆက္သေစပါသည္။ မင္းတုန္းမင္းတရားသည္ တင္လႊာကို ၾကည့္ရႈေတာ္မူလ်က္ ႐ႊင္ၾကည္ေသာ စိတ္ႏွလုံးျဖင့္ ေမာင္ရဲအား ေမးျမန္းေလသည္။

“ငရဲရဲ႕၊ ေမာင္မင္း ေတြ႕သည့္ နဂါး ဘယ္ေလာက္ႀကီးသလဲ။ လုံးရပ္ အေရာင္အေသြး ဘယ္လိုလဲ”

-ဟု ေမးလွ်င္ ေမာင္ရဲက-

“တင္ပါသည္ ဘုရား။ ကြၽန္ေတာ္မ်ိဳးနဂါးသည္ လုံးပတ္ ႏွစ္ဖက္ခန္႔ ရွိပါေၾကာင္း၊ အရွည္မွာ ကြၽန္ေတာ္မ်ိဳး အိမ္ေပၚတြင္လည္း တစ္ပုံေခြ၍ ေနပါသည္။ ေအာက္တစ္ပိုင္း ေျမေပၚမွာလည္း တစ္ပုံႀကီးေခြ၍ ေနေသာေၾကာင့္ အရွည္ကိုတပ္ရာ သံေတာ္ဦး မတင္ဝံ့ပါ။ အေသြးအေရာင္မွာ နီနီတခ်ိဳ႕၊ ဈိမ်းတၿခိဳ႕ ရွိပါသည္။ အခိုးအလွ်ံမွာ သက္တံ့ေရာင္ကဲ့သို႔ ရွိပါသည္”

-ဟူ၍ ေလွ်ာက္တင္ခဲ့သည္။

ထို႔ေနာက္ ဘုရင္မင္းျမတ္က ေမာင္ရဲအား ဘာမ်ား အလိုရွိသနည္းဟု ေမးျမန္းေလသည္။ ေမာင္ရဲက-

“ကြၽန္ေတာ္မ်ိဳးမွာ ေ႐ႊ၊ ေငြ၊ ျမ၊ ေက်ာက္သံပတၱျမား အရာအထူးမွစ၍ အလိုမရွိပါေၾကာင္း၊ အမႈေတာ္ကိုသာ ထမ္း႐ြက္လိုပါေၾကာင္း၊ နဂါးကိုလည္း အလိုေတာ္ရွိ၍ တသေတာ္မူလွ်င္ မည္သည့္အခါမဆို ေ႐ႊစက္ေတာ္ေအာက္ ေရာက္ပါလိမ့္မည္။ မမွန္လွ်င္ ကြၽန္ေတာ္မ်ိဳး သားမယားႏွင့္တကြ ရာဇဝတ္ကို ခံပါမည္”
-ဟူ၍ ရဲဝံ့စြာ ေလွ်ာက္ထားခဲ့သည္။

မင္းတုန္းမင္းတရားႀကီးသည္ ၿမိဳ႕ေတာ္ဝန္အား ေခၚယူလ်က္ ေမာင္ရဲကို ၾကည့္ရႈေစာင္မရန္ အပ္ႏွံလိုက္သည္။ သရက္ကန္ စံနန္းေတာ္ အနီးတြင္ ဝင္းအိမ္ ႀကီးက်ယ္ ေဆာက္လုပ္၍ ေမာင္ရဲအား အေႁခြအရံႏွင့္တကြ ထားရွိရန္ မိန္႔ေတာ္မူကာ အတြင္းေတာ္သို႔ ဝင္သြားေလသည္။ ေမာင္ရဲမွာလည္း လာရင္းကိစၥ ၿပီးၿပီမို႔ လူတိုင္းအား ဘုရားထူးေတာ့၏။

တစ္ေန႔တြင္ မင္းတုန္းမင္းတရားႀကီး ဘုရားရွိခိုးေဆာင္၌ ဥပုသ္ေတာ္ခံၿပီး ထြက္လာစဥ္ နန္းၾကမ္းျပင္ထက္တြင္ ႐ုပ္ရည္ေခ်ာေမာ လွပသူ လူ႐ြယ္တစ္ဦး ရွိခိုးခစားေနသည္ကို ေတြ႕ရသျဖင့္ ေမးျမန္းရာ နဂါးျဖစ္ေၾကာင္း သံေတာ္ဦးတင္သည္ ဆို၏။

ထိုလူ႐ြယ္သည္ ေခါင္းေပါင္းနီ ေပါင္းထားၿပီး အက်ႌျဖဴ ထိုင္မသိမ္း ဝတ္ထားသည္ ဆိုပါသည္။ မင္းတရားႀကီးသည္ အေသအခ်ာ ရႈစားလ်က္ အတြင္းေတာ္သို႔ ဝင္သြားေလသည္။
ေမာင္ရဲအား ၿခံႀကီးဝင္းႀကီးႏွင့္ သူေကာင္းျပဳထားသကဲ့သို႔ နဂါးေနရန္အတြက္ ေရကန္ႀကီး တစ္ကန္ကိုလည္း တူးေဖာ္ေပးခဲ့၏။ ေရကန္ႀကီးမွာ မႏၲေလး ေတာင္ေျခ၌ ရွိခဲ့ဖူးၿပီး ေနာက္ပိုင္း၌ ေကာသြားကာ ႏြားစားက်က္ႀကီး ျဖစ္သြားပါသည္။

ဤတြင္ ေမာင္ရဲအေၾကာင္း မွတ္သားခ်က္ ပုရပိုက္မွတ္တမ္း တစ္ေစာင္ကိုလည္း ေတြ႕ရွိရေပရာ ပုရပိုက္မွတ္တမ္း အရဆိုလွ်င္ ေမာင္ရဲမွာ က်ပင္းၿမိဳ႕ဇာတိျဖစ္ၿပီး ဆင္ျဖဴကြၽန္းတြင္ ႀကီးျပင္းခဲ့သူ ျဖစ္၏။ ေႂကြး ၈၀ တင္သျဖင့္ ေအာက္ျပည္ေအာက္႐ြာသို႔ ထြက္ခြာသြားေလရာ ေအာက္ျပည္၌လည္း ေႂကြးႏွင့္မကင္း ျဖစ္ရျပန္ေလသည္။ လပြတၱာႏွင့္ ခရီးေလးတိုင္အကြာရွိ ဆားခ်က္လုပ္ငန္း လုပ္ကိုင္ရာ အရပ္သို႔ေရာက္မွ ေမာင္ရဲ၏ ဘဝအေျခအေနက ေျပာင္းလဲသြားေတာ့သည္။

ေမာင္ရဲသည္ အညာသားျဖစ္၍ အပူဒဏ္ကို ခံႏိုင္သူ ျဖစ္သည့္အေလ်ာက္ ဆားခ်က္အလုပ္ ဝင္လုပ္ရာမွ ၁၅၀၀ ခန္႔ ခ်မ္းသာလာသည္ ဆို၏။ ထို႔ေနာက္ ေနျပည္ေတာ္သို႔ ဆန္တက္ရန္ ပစၥည္းမ်ားကို ဝယ္ယူပါသည္။ ပစၥည္း စာရင္းမွာ ေလွ ၆၂၁၊ ဆား ၁၀၀၀၊ ငါးပိေကာင္ ၁၅၀၊ စိမ္းစားငါးပိ ၄၀၊ ငါးေျခာက္၊ ႏွစ္လုံးျပဴးေသနတ္ တစ္လက္တို႔ ျဖစ္ၾက၏။ ေမာင္ရဲတို႔ မိသားစု ေလးဦး ေနျပည္ေတာ္သို႔ သြားေရာက္ၾကစဥ္ ပစၥည္း စာရင္း၌ ႏွစ္လုံးျပဴးေသနတ္ တစ္လက္ ပါေနသည္မွာလည္း ထူးျခားေနပါသည္။

ပုရပိုက္မွတ္တမ္းအရ ၁၈၇၂ ခုႏွစ္ စက္တင္ဘာ ၁၃ ရက္ နံနက္ ၆ နာရီ မထိုးမီ ေ႐ႊၿမိဳ႕ေတာ္သို႔ ေရာက္ရွိခဲ့ၾက၏။ နန္းေတာ္ျပာသာဒ္၌ အခိုးအလွ်ံမ်ား ျပသည့္ေန႔မွာ စက္တင္ဘာလ ၁၄ ရက္ေန႔ ညပိုင္း ျဖစ္၏။ စက္တင္ဘာလ ၁၅ ရက္ေန႔တြင္လည္း သပ်ိတ်လုံးခန်႕ ဝင္းထိန္ကာ ျပာသာဒ္ေတာ္ စတုတၳဘုံသို႔ တက္၍ ေပ်ာက္ကြယ္သြားသည္။

ေမာင္ရဲကို မင္းတုန္းမင္း ေတြ႕ဆုံေသာ ရက္စြဲမွာ ၁၈၇၂ ခုႏွစ္ စက္တင္ဘာ ၁၆ ရက္၌ ျဖစ္ပါသည္။ နဂါးမင္း၏ မွာထားလႊာကို ကႏၷီအတြင္းဝန္ ဦးဝိုက္မွတစ္ဆင့္ မင္းတရားထံ ဆက္သရ၏။ မင္းတရားႀကီးက ျဗာဟၼဏ ပုဏၰား ပညာရွိမ်ားကို စစ္ေဆးေစရာ ဟုတ္မွန္ေၾကာင္း ေျပာသျဖင့္ ပုဏၰားပညာရွိတို႔အား ေ႐ႊစလြယ္ ၆ လြယ္ ေပးသနားခဲ့သည္။

၁၈၇၂ ခုႏွစ္ ဒီဇင္ဘာ ၆ ရက္ ေန႔စြဲပါ ျမန္မာသတင္းစာတြင္ ကန္ေတာ့ခံ ဝင္ေရာက္သူ နဂါးတမန္ ေမာင္ရဲအား မင္းတရားႀကီးက ဆုေတာ္မ်ား ေပးသနားေၾကာင္း သတင္းတိုတစ္ပုဒ္ ထပ္မံပါဝင္ခဲ့ပါသည္။ မင္းတရားႀကီးက ေငြ ၃၀၀၊ ပုဆိုး ၂ ထည္ႏွင့္ ေခါင္းေပါင္း ၂ အုပ္ကို ေပးသနားခဲ့ပါသည္။ ထို႔ေနာက္ ေမာင္ရဲသည္ သားမယားမ်ားအား ေနျပည္ေတာ္တြင္ ထားရစ္ကာ ေအာက္ျပည္ေအာက္႐ြာသို႔ စုန္ဆင္းသြားေတာ့၏။

ေနာက္ပိုင္းတြင္ နဂါးသတင္းကိုေသာ္လည္းေကာင္း၊ နဂါးတမန္ ေမာင္ရဲ သတင္းကိုေသာ္လည္းေကာင္း မၾကားမသိရေတာ့ေခ်။

Ref: တင္ႏိုင္တိုး( ရာဇဝင္ထဲကျဖစ္ရပ္ဆန္းမ်ား)