(၇)ရက်သားသမီးများကို အခမဲ့ကုသပေးနေသောအခမဲ့ဆေးခန်းအား ခေတ္တခဏပိတ်မည်ဟုပြောြပလာတဲ့ သရုပ်ဆောင်ထူးခန့်ကျော်

(၇)ရက်သားသမီးများကို အခမဲ့ကုသပေးနေသောအခမဲ့ဆေးခန်းအား ခေတ္တခဏပိတ်မည်ဟု ပြောပြလာတဲ့သရုပ်ဆောင်ထူးခန့်ကျော်

ဆရာထူးခန့်ကျော်က (၇)ရက်သားသမီးများ၏ ကျန်းမာရေးကို အခမဲ့ကုသပေးခဲ့ရာ တစ်ရက်ကို လူပေါင်း ၂၀၀ကျော်ထိ နေ့စဉ်ကုသပေးလျက်ရှိပါသည်။ယခုလိုကုသပေးရာမှာ အခမဲ့ကုသပေးနေသော ဆေးခန်းအားခဏပိတ်မည်ဖြစ်ကြောင်းနှင့်ဆေးခန်းပိတ်ရသည့်အကြောင်းများကို လူမှုကွန်ယက်မှာပြောပြထားပါတယ်။

“ကျွန်တော်ထံကုသိုလ်လာရောက်ပေးကာမိမိတို့ရောဂါဝေဒနာများအားလာရောက်ကုသကြသောအမျိုးအပေါင်းသူတော်ကောင်းတို့ခင်ဗျာ..လာမည့်၁လပိုင်းမှာကျွန်တော်၏ကုသပေးမှု့အား ၂ရက် ၁လ ၂၀၂၃နေ့မှစပြီး ၈ရက်နေ့အထိခေတ္တခဏဆေးခန်းပိတ်မည်ဖြစ်ကာ

၉ရက်နေ့တနင်္လာနေ့မှာပြန်လည်ဖွင့်မည်ပါသည်။ဆေးခန်းပိတ်ရသည့်အကြောင်းအရာကတော့ Toliet (အိမ်သာ) ဆောက်လုပ်ရန်ဖြစ်ပါသည်။လာရောက်ကုသသောဝေဒနာရှင်များ များပြားလွန်းလှပါသောကြောင့် Toliet(အိမ်သာ)တစ်လုံးထဲဖြင့်မလုံလောက်ပါ၍ (၂)ခန်းတွဲပြန်လည်ဆောက်လုပ်မည်ဖြစ်ပါသောကြောင့်

ယခုလိုဆေးခန်းခေတ္တခဏပိတ်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။၁လပိုင်း၂ရက်နေ့မှ၆ရက်နေ့အထိဘိုကင်တင်ထားသောအမျိုးများအနေဖြင့်လာမည့်၁၂လပိုင်း၂၆ရက်လာမည့်အပတ်တနင်္လာနေ့မှ ၃၀ရက်သောကြာနေ့များမှာဘိုကင်တင်ထားသောအမျိုးများအဆင်ပြေသလိုလာရောက်ကုသလို့ရပါတယ်နော်..

အခုလိုခေတ္တခဏဆေးခန်းပိတ်လိုက်ရခြင်းဟာအမျိုးများTolietတက်ရာတွင်အားလုံးအဆင်ပြေအောင်ခေတ္တပိတ်ထားလိုက်ရခြင်းဖြစ်ပြီးမင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေဆိုပြီး ပြောပြထားတာပဲဖြစ်ပါသည်။

Zawgyi





