ဆရာကြီး ေ-ဒါက်တာ သန်းထွန်း ပြောတဲ့… စာဖတ်နည်း

ဆရာကြီး ေ-ဒါက်တာ သန်းထွန်း ပြောတဲ့… စာဖတ်နည်း

စာကို ဘာပြုလို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက် ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။

ဆရာက ဖတ်၊ ကျက်ဆိုတာကို ဖတ်ရကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ်ဆိုတဲ့

အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ်ဆိုတာနဲ့ တွဲပြီးသိလို့၊ ဘယ်စာကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက… “ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်” ဆိုတဲ့စိတ်ဝင်လာသလားမသိပါ။

အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုးဆိုရင် ကျက်လို့ရတာမဟုတ်။ အဓိပ်ပါယျလညျး မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက်ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။

အတန်းကျောင်းမှာ နေခဲ့ရတော့၊ တစ်နှစ် တစ်ခါနှစ်ခါဆိုသလို စာမေးပွဲအောင်ဖို့လိုတယ်လို့ အသိရှိလာတယ်။ အဲဒီအခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲစာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြားမစဉ်းစားမိပါ။ ကိုယ်နဲ့တစ်တန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ

သိပ်စာတော်တဲ့လူပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ်စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တစ်မျိုးပြောရရင် ဒီလိုမြေအနေအထား၊ ဒီလိုရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွားချမ်းသာတယ်လို့သိလာတယ်။ ဒါကြောင့်

လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊

သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။

ထောင့်သုံးရာပြည့်ခေတ်ဆိုတော့
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။

ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်းကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတစ်အုပ်ကို တစ်လ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက

လဝက် သီတင်းတစ်ပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ်။ Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။

H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာတွေဖတ်ပြီး၊ Wells ရေးသမျှအကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကိုဖတ်မိပြီး Hardy ရေးသမျှအကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကိုဖတ်ဖို့

စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။

စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တစ်လ၊ တစ်သီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တစ်ထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ် ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။

မတ်တပ်ဖတ်နေတာ တစ်နာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို “ဖတ်ချင်ယူသွား။ နောက် ပြန် ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ” ဆိုတဲ့အနေနဲ့ ကူညီတယ်။

ကိုယ်ကလည်းအလိုက်သိစွာ မြန်မြန်ဖတ်ရတယ်။ စာကြည့်တိုက်ကစာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင်ဖတ်ဆိုတဲ့ အလေ့အကျင့်ရတယ်။ စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကိုယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့

အတ္ထုပ္ပတ္တိအကျဉ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းကဓာတ်ပုံ၊ မြေပုံနဲ့နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏဖတ်မယ်။ အသေးစိတ်ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ်ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ရတယ်။ ဆုံးဖြတ်ချက်အတိုင်း လုပ်လာတယ်။

ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ မရှိသလောက်ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာတယ်။ နည်းသိလေ အဖတ်များလေ ပညာတိုးလေဆိုတာတွေကို အသေးစိတ် ပြောဖို့မလိုတော့ပါ။ အင်္ဂလိပ်စာအုပ်တစ်အုပ် ဖတ်လို့ကောင်းရင် မြန်မာလို ပြန်ချင်စိတ်ပေါက်တယ်။ ပြန်တယ်။

မြန်မာစာအုပ် တစ်အုပ် ဖတ်လို့ ကြိုက်ရင်၊ အင်္ဂလိပ်လို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ အဲဒီမှာ ဘာအကျိုး ခံစားရသလဲလို့ မေးရင်၊ စာအုပ်တစ်အုပ်ကို ကိုယ်ဖတ်ပြီးရင် ခံစားရတဲ့ ကျေနပ်ချက်ကို ဝေငှချင်တဲ့သဘောလို့ ပြောရမယ်။

ဘုရားလောင်းစိတ် မဟုတ်ပါ နိဗ္ဗာန်ကူးတို့ မလုပ်ပါ။ ဟင် သူပြောတော့ အလွယ်သားပါလားလို့ ထင်မယ်။ လုပ်ကြည့်ပါ။ မလွယ်တာကို သိမယ်။ -ဒေါက်တာသန်းထွန်း

မူရင်းတင်သူအားလေးစားစွာ ဖြင့် credit ပေးပါသည် ခင်ဗျား။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

ဆရာၾကီး ေ-ဒါက္တာ သန္းထြန္း ေျပာတဲ့… စာဖတ္နည္း

စာကို ဘာျပဳလို႔ ဖတ္သလဲ။ အပ်င္းေျပဖို႔၊ ပညာရဖို႔ ဖတ္တယ္။ ငယ္ငယ္ကဆိုရင္ အပ်င္းေျပ ဖတ္တယ္လို႔ ဘယ္မွာ ရွိမလဲ။ ေနာက္ ေျခာက္ႏွစ္သားေလာက္မွာ စာသင္ေက်ာင္း ေရာက္ေတာ့ အပ်င္းေျဖမွာလား၊ ပညာရမွာလားလို႔ ဘာသိ မွာလဲ။

ဆရာက ဖတ္၊ က်က္ဆိုတာကို ဖတ္ရက်က္ရတယ္။ အဲဒီအခါက ဉာဏ္ေကာင္းဖို႔လိုတယ္။ စာရဖို႔ ခဏပဲ က်က္ရတယ္ဆိုရင္ က်က္ဖို႔ဝန္မေလးဘူး။ ဉာဏ္ထိုင္းရင္ စာမရႏိုင္လို႔ ပ်င္းလာတယ္။ မက်က္ခ်င္ဘူး ဆိုပါေတာ့။ စာရရင္ အစားေကြၽးမယ္ဆိုတဲ့

အစ္ကို၊ အစ္မ၊ အေဒၚ၊ ဦးေလး၊ မိဘ၊ ဘိုးဘြားနဲ႔ႀကဳံရင္ ေပ်ာ္တာေပါ့။ စာရရင္ ဆုရတယ္ဆိုတာနဲ႔ တြဲၿပီးသိလို႔၊ ဘယ္စာက်က္ရမလဲလို႔ေတာင္ ေမးလိုက္ေသးတယ္။ ဆိုလိုတာက… “ငါ စာရလြယ္တယ္၊ မယုံရင္ စမ္းၾကည့္” ဆိုတဲ့စိတ္ဝင္လာသလားမသိပါ။

အေသအခ်ာေတာ့ မေျပာတတ္ပါ။ ဘုရားရွိခိုးဆိုရင္ က်က္လို႔ရတာမဟုတ္။ အဓိပ္ပါယ်လည်း မသိ။ သူမ်ားဆိုတာ ၾကား႐ုံနဲ႔ ရတာ ျဖစ္ပါတယ္။ ဒီလိုဆိုရင္ စာဖတ္တာ အပ်င္းေျဖဖို႔လား၊ ပညာရဖို႔လား ဆိုတာ ခြဲမသိပါ။ အသက္ဆယ္ႏွစ္ေက်ာ္အထိ ျဖစ္ပါတယ္။

အတန္းေက်ာင္းမွာ ေနခဲ့ရေတာ့၊ တစ္ႏွစ္ တစ္ခါႏွစ္ခါဆိုသလို စာေမးပြဲေအာင္ဖို႔လိုတယ္လို႔ အသိရွိလာတယ္။ အဲဒီအခါမွာလည္း စာေမးပြဲ ေအာင္ဖို႔ပဲစာက်က္တယ္။ ပညာရတာပါကလားလို႔ ကြဲကြဲျပားျပား ခြဲခြဲျခားျခားမစဥ္းစားမိပါ။ ကိုယ္နဲ႔တစ္တန္းတည္းေနတဲ့ ေက်ာင္းသားေတြထဲမွာ

သိပ္စာေတာ္တဲ့လူပါတယ္။ အားမက်ပါ။ သခ်ၤာကိုလည္း သိပ္စိတ္မဝင္စားပါ။ ပထဝီဝင္ကို သေဘာက်တယ္။ တစ္မ်ိဳးေျပာရရင္ ဒီလိုေျမအေနအထား၊ ဒီလိုရာသီဥတု၊ ဒီလိုပတ္ဝန္းက်င္နဲ႔ ဒီလိုလူ အမ်ားႀကိဳးစားရင္ တိုးတက္ႀကီးပြားခ်မ္းသာတယ္လို႔သိလာတယ္။ ဒါေၾကာင့္

လက္ေတြ႕ လုပ္ကိုင္ ေဆာင္႐ြက္ ေအာင္ျမင္ပုံကို ႏွစ္သက္တယ္။ သမိုင္းက သူမ်ားႏိုင္ငံနဲ႔ ယွဥ္ၾကည့္ရင္ တို႔က ရင္ေပါင္တန္း တိုးတက္ သလား၊ လိုက္မမီေအာင္ ကြာဟေနသလား ဆိုတာေတြ၊ သိလာတယ္။ ဒါ့ေၾကာင့္ သမိုင္းကို စိတ္ဝင္စားတယ္၊

သမိုင္း ရယ္၊ ပထဝီဝင္ရယ္ ေပါင္းစပ္ရင္ ေဘာဂေဗဒပညာဆိုတာ ရွိေသးတယ္။ အလားတူ စိတ္ဝင္စားစရာ ျဖစ္တယ္လို႔ ေတြ႕လာတယ္။တကၠသိုလ္ ေရာက္တဲ့အခါ ပထဝီဝင္၊ ေဘာဂေဗဒနဲ႔ သမိုင္းဘာသာတြဲကို ယူလိုက္တယ္။

ေထာင့္သုံးရာျပည့္ေခတ္ဆိုေတာ့
နယ္ခ်ဲ႕ဆန႔္က်င္ေရး၊ အမ်ိဳးသားေရးဆိုတာေတြ နားေထာင္ခ်င္လာတယ္။ ႏိုင္ငံေရးတရားပြဲ ဆိုရင္ သြားတယ္။ ေဟာတဲ့ သူကို သိပ္အထင္ႀကီးတယ္။ သူ႔လို ေတာ္ခ်င္တယ္။ အဲဒီအခါေရာက္မွ ပညာကို လိုလို႔ စာဖတ္တယ္ ဆိုတာ သိလာတယ္။

ျပ႒ာန္းစာအုပ္ထဲမွာ စာေရးဆရာ ေကာင္းေကာင္း၊ သူေရးတဲ့ဝတၳဳေကာင္းေကာင္းကို နားလည္လြယ္တဲ့ အဂၤလိပ္စာနဲ႔ ေရးထားတာေတြ၊ ဖတ္ရင္း ဖတ္ရင္းနဲ႔ စာဖတ္ခ်င္တဲ့ဝါသနာ ရလာတယ္။ စာတစ္အုပ္ကို တစ္လ ဖတ္လို႔ မၿပီးႏိုင္တဲ့ အေျခအေနက

လဝက္ သီတင္းတစ္ပတ္ ေလးငါးရက္နဲ႔ၿပီးေအာင္ ဖတ္ႏိုင္လာတယ္။ ဖတ္ရင္လည္း နားလည္တယ္။ အဘိဓာန္ကို ၾကည့္ဖို႔ မပ်င္းေတာ့ဘူး။ ကိုယ္က ျပန္ေရးမယ္ဆိုရင္လည္း ဘယ္ေဝါဟာရကို ဘယ္လို သုံးၿမဲျဖစ္တယ္။ Idiom ေတြနဲ႔ Usage ေတြကို နားလည္လာတယ္။

H.G. Wells ရဲ႕ Country of the Blind, Invisible Man ဆိုတာေတြဖတ္ၿပီး၊ Wells ေရးသမွ်အကုန္ဖတ္မယ္။ Thomas Hardy ရဲ႕ Distracted Preacher ကိုဖတ္မိၿပီး Hardy ေရးသမွ်အကုန္ဖတ္မယ္။ Stories Retold ကေန၊ မူရင္း (Classic) ကိုဖတ္ဖို႔

စြန႔္စားလာတယ္။ ရဲလာတယ္။ ဖတ္ရင္း ဖတ္ရင္း ပိုအားတက္လာတယ္။ အပ်င္းေျပထက္ အဂၤလိပ္စာ ေရးနည္းပညာဘက္ကို ေရာက္လာေတာ့တယ္။ တစ္ခုနဲ႔ တစ္ခု ဆက္ေနတယ္။ အဲဒီအထဲမွာ အဘိဓာန္သုံးဖို႔ မပ်င္းရဆိုတာကို၊ ေကာင္းေကာင္း သေဘာေပါက္ နားလည္တယ္။

စာၾကည့္တိုက္ကို သုံးတဲ့အခါ စာအုပ္ငွားရက္ တစ္လ၊ တစ္သီတင္းဆိုသလို ကန႔္သတ္ထားလို႔၊ ပထမဖတ္မယ့္စာအုပ္ကို အေဟာင္းဆိုင္ေတြ ဝင္ရွာၿပီး တစ္ထမ္းႀကီး ဝယ္တယ္။ ေနာက္ တကၠသိုလ္စာအုပ္ဆိုင္မွာ ဝင္ၿပီး စာအုပ္စင္ေရွ႕မွာ ဖတ္ ခ်င္တဲ့စာအုပ္ကို မတ္တပ္ဖတ္တယ္။

မတ္တပ္ဖတ္ေနတာ တစ္နာရီ ႏွစ္နာရီ ၾကာတဲ့အခါလည္း ရွိတယ္။ အစပထမ ႀကဳံႀကိဳက္တာက ဆိုင္ရွင္၊ J.S. Furnivall၊ ေနာက္ သခင္ေက်ာ္စိန္။ သူတို႔က ကြၽန္ေတာ့္ကို “ဖတ္ခ်င္ယူသြား။ ေနာက္ ျပန္ ေပးတဲ့အခါ ေဟာင္းႏြမ္းမလာရင္ ၿပီးတာပဲ” ဆိုတဲ့အေနနဲ႔ ကူညီတယ္။

ကိုယ္ကလည္းအလိုက္သိစြာ ျမန္ျမန္ဖတ္ရတယ္။ စာၾကည့္တိုက္ကစာအုပ္လည္း ကိုယ္ဖတ္ခြင့္ အလွည့္ရတုန္း ျမန္ျမန္ဖတ္၊ နားလည္ေအာင္ဖတ္ဆိုတဲ့ အေလ့အက်င့္ရတယ္။ စာအုပ္ဆိုင္မွာ၊ စာအုပ္စင္ေရွ႕မွာ ဖတ္ခ်င္တဲ့စာအုပ္ကိုယူၿပီး မတ္တပ္ဖတ္တဲ့အခါ စာအုပ္ Jacket က စာေရးသူရဲ႕

အတၳဳပၸတၱိအက်ဥ္း၊ နိဒါန္း၊ မာတိကာ၊ အတြင္းကဓာတ္ပုံ၊ ေျမပုံနဲ႔နိဂုံးကို ၾကည့္ၿပီး ဒီစာအုပ္ကို ငါ ခဏဖတ္မယ္။ အေသးစိတ္ဖတ္မယ္။ ဖတ္ၿပီးတာေတာင္ ကိုယ္ပိုင္ဝယ္ထားမယ္ဆိုတာမ်ိဳးေတြ ဆုံးျဖတ္လို႔ရတယ္။ ဆုံးျဖတ္ခ်က္အတိုင္း လုပ္လာတယ္။

ဒါေၾကာင့္ အပ်င္းေျပ ဖတ္တယ္ဆိုတာ မရွိသေလာက္ျဖစ္လာပါတယ္။ စာဖတ္နည္း သိလာတယ္။ နည္းသိေလ အဖတ္မ်ားေလ ပညာတိုးေလဆိုတာေတြကို အေသးစိတ္ ေျပာဖို႔မလိုေတာ့ပါ။ အဂၤလိပ္စာအုပ္တစ္အုပ္ ဖတ္လို႔ေကာင္းရင္ ျမန္မာလို ျပန္ခ်င္စိတ္ေပါက္တယ္။ ျပန္တယ္။

ျမန္မာစာအုပ္ တစ္အုပ္ ဖတ္လို႔ ႀကိဳက္ရင္၊ အဂၤလိပ္လို ျပန္ခ်င္စိတ္ ေပါက္တယ္။ ျပန္တယ္။ အဲဒီမွာ ဘာအက်ိဳး ခံစားရသလဲလို႔ ေမးရင္၊ စာအုပ္တစ္အုပ္ကို ကိုယ္ဖတ္ၿပီးရင္ ခံစားရတဲ့ ေက်နပ္ခ်က္ကို ေဝငွခ်င္တဲ့သေဘာလို႔ ေျပာရမယ္။

ဘုရားေလာင္းစိတ္ မဟုတ္ပါ နိဗၺာန္ကူးတို႔ မလုပ္ပါ။ ဟင္ သူေျပာေတာ့ အလြယ္သားပါလားလို႔ ထင္မယ္။ လုပ္ၾကည့္ပါ။ မလြယ္တာကို သိမယ္။ -ေဒါက္တာသန္းထြန္း

မူရင္းတင္သူအားေလးစားစြာ ျဖင့္ credit ေပးပါသည္ ခင္ဗ်ား။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။