“စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က သက်တမ်း နှစ်ပေါင်း ၁၀၀ ခန့်ရှိ အင်္ဂလန်မိတ် ရေနံဆီသုံး ရေခဲသေတ္တာ”

“စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က သက်တမ်း နှစ်ပေါင်း ၁၀၀ ခန့်ရှိ အင်္ဂလန်မိတ် ရေနံဆီသုံး ရေခဲသေတ္တာ”

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ အမှတ် (၁) ရပ်ကွက် မဟာလယ်တီ ကျောင်းမကျောင်းတိုက်တွင် ရှိသောရေခဲသေတ္တာမှာ နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီး ရေနံဆီမီးဖြင့် အပူပေး အသုံးပြုရပါသည်။

၎င်းရေခဲသေတ္တာကို မဟာလယ်တီ ကျောင်းမ ဆရာတော်ကြီး ဦးဓမ္မပါလသည် တောင်ကြီးမြို့မှဒေါ်တင်တင်ဆိုသော အိန္ဒိယ အမျိုးသမီးကြီး တစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်က မိန့်ကြားခဲ့ဖူးပါသည်။

ရေခဲသေတ္တာမှာ England နိုင်ငံ E l e c t r o l u x ကုမ္ပဏီမှ Q u e e n M a r y & K i n g J o u r g e (V) လက်ထက်တွင်ထုတ်လုပ်ခဲ့ကြောင်း Name plate တွင် တွေ့ရှိရပါသည်။

ထုတ်လုပ်သည့် ခုနှစ်ကိုမူ မတွေ့ရပါ။Q u e e n M a r y & K i n g J o u r g e (V) စိုးစံသောနှစ်မှာ (1893-1936) ဖြစ်သောကြောင့် ထုတ်လုပ်သည့်နှစ်မှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

ရေခဲသေတ္တာ အမြင့်မှာ ၄ ပေ၊ အကျယ်မှာ ၂ ပေ ပတ်လည်ခန့်ရှိ၍ ကိုယ်ထည် တစ်ခုလုံး ထူထဲသော သံထည်များဖြင့် ပြုလုပ်ထားသည်ကိုတွေ့ရပါသည်။

အသုံးပြုပုံမှာ ရေခဲသေတ္တာအောက်တွင် ပါရှိသော မီးဖိုထဲတွင် ရေနံဆီထည့်ကာ မီးထွန်း အပူပေးအသုံးပြုရခြင်း ဖြစ်ပါသည်၊ သို့သော် ယခု ရေနံဆီ မီးဖိုက အသုံးပြု၍ မရနိုင်တော့ပါ။

ဆရာတော်ကြီးရှိစဉ်က ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ရေနံဆီ မီးဖိုအစား Gas မီးတောက်မီးဖြင့်ကျွန်တော်ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့ပါသည်။

၂ နာရီခန့် Gas မီးတောက်ဖြင့်စမ်းသပ်ရာရေခဲသေတ္တာအခန်းများ အေးစိမ့်လာသည်ကို တွေ့ရသဖြင့် ကောင်းမွန်စွာ အလုပ်လုပ်သေးကြောင်း တွေ့ရှိရပါသည်။

#crd_to_owner _ကိုသန်းဇော် ထိပ် တန်း fb

လေးစားစွာ ပြန်လည်မျှဝေဖော်ပြပါသည်။

Zawgyi

“စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္က သက္တမ္း ႏွစ္ေပါင္း ၁၀၀ ခန႔္ရွိ အဂၤလန္မိတ္ ေရနံဆီသုံး ေရခဲေသတၱာ”

စစ္ကိိုင္းတိုင္း ေဒသႀကီး၊ ဒီပဲယင္းၿမိဳ႕နယ္၊ စိုင္ျပင္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ မဟာလယ္တီီ ေက်ာင္းမေက်ာင္းတိုက္တြြင္ ရွိိေသာေရခဲေသတၱာမွာ ႏွစ္ေပါင္း ၁၀၀ ခန႔္သက္တမ္းရွိၿပီး ေရနံဆီမီးျဖင့္ အပူေပး အသုံးျပဳရပါသည္။

၎ေရခဲဲေသတၱာကိို မဟာလယ္တီ ေက်ာင္းမ ဆရာေတာ္ႀကီး ဦးဓမၼပါလသည္ ေတာင္ႀကီးၿမိဳ႕မွေဒၚတင္တင္ဆိုေသာ အိႏၵိယ အမ်ိဳးသမီးႀကီး တစ္ဦးထံမွွ ၀ယ္ယူခဲ့သည္ဟု ဆရာေတာ္ႀကီး သက္ေတာ္ထင္ရွား ရွိစဥ္က မိန႔္ၾကားခဲ့ဖူးပါသည္။

ေရခဲေသတၱာမွာ England ႏိုင္ငံ E l e c t r o l u x ကုမၸဏီမွ Q u e e n M a r y & K i n g J o u r g e (V) လက္ထက္တြင္ထုတ္လုပ္ခဲ့ေၾကာင္း Name plate တြင္ ေတြ႕ရွိရပါသည္။

ထုုတ္လုပ္သည့္ ခုႏွစ္ကိုမူ မေတြ႕ရပါ။Q u e e n M a r y & K i n g J o u r g e (V) စိုးစံေသာႏွစ္မွာ (1893-1936) ျဖစ္ေသာေၾကာင့္ ထုတ္လုပ္သည့္ႏွစ္မွာ ႏွစ္ေပါင္း ၈၀ မွ ၁၀၀ ၀န္းက်င္ခန႔္ရွိႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ေရခဲဲေသတၱာ အျမင့္မွာ ၄ ေပ၊ အက်ယ္မွာ ၂ ေပ ပတ္လည္ခန႔္ရွိ၍ ကိုယ္ထည္ တစ္ခုလုံး ထူထဲေသာ သံထည္မ်ားျဖင့္ ျပဳလုပ္ထားသည္ကိိုေတြ႕ရပါသည္။

အသုံးျပဳပုံမွာ ေရခဲေသတၱာေအာက္တြင္ ပါရွိ​ေသာ မီးဖိုထဲတြင္ ေရနံဆီထည့္ကာ မီးထြန္း အပူေပးအသုံးျပဳရျခင္း ျဖစ္ပါသည္၊ သို႔ေသာ္ ယခု ေရနံဆီ မီးဖိုက အသုံးျပဳ၍ မရႏိုင္ေတာ့ပါ။

ဆရာေတာ္ႀကီးရွိိစဥ္က ဆရာေတာ္ႀကီး၏ ခြင့္ျပဳခ်က္ျဖင့္ ေရနံဆီ မီးဖိုအစား Gas မီးေတာက္မီးျဖင့္ကြၽန္ေတာ္ကိုယ္တိုင္ စမ္းသပ္ၾကည့္ခဲ့ပါသည္။

၂ နာရီခန႔္ Gas မီးေတာက္ျဖင့္စမ္းသပ္ရာေရခဲေသတၱာအခန္းမ်ား ေအးစိမ့္လာသည္ကို ေတြ႕ရသျဖင့္ ေကာင္းမြန္စြာ အလုပ္လုုပ္ေသးေၾကာင္း ေတြ႕ရွိရပါသည္။

#crd_to_owner _ကိုသန္းေဇာ္ ထိိပ္ တန္း fb

ေလးစားစြာ ျပန္လည္မွ်ေဝေဖာ္ျပပါသည္။