တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီး ဂင်းနက်စ် ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား

တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား

နေရောင်ခြည်စွမ်းအင် တစ်ကြိမ်သွင်းပြီး ၆၂၁ မိုင် (ကီလိုမီတာ ၁၀၀၀) အကွာအဝေးအထိ မောင်းနှင်နိုင်ခဲ့တဲ့ လျှပ်စစ်ကားဟာ ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဆိုလာစွမ်းအင်သုံး Sunswift 7 ကားဟာ ပျမ်းမျှအားဖြင့် တစ်နာရီ ၅၃ မိုင်နှုန်း (၈၅ ကီလိုမီတာ)နီးပါး မောင်းနှင်နိုင်ခဲ့တာပါ။ Sunswift 7 ကားဟာ တစ်ကြိမ်အားသွင်းရုံနဲ့ ပတ်လမ်းကို အပတ်ရေ ၂၄၀ အထိ မောင်းနှင်နိုင်ခဲ့ပြီး အဲဒီအကွာအဝေးက ဆစ်ဒနီမြို့ကနေ မဲလ်ဘုန်းမြို့ကြား အကွာအဝေးလောက် ရှိခဲ့ပါတယ်။

Sunswift 7 ကားဟာ ဆစ်ဒနီမြို့အခြေစိုက် နယူးဆောက်ဝေးလ်တက္ကသိုလ်ရဲ့ ဆိုလာစွမ်းအင်သုံး ကားတွေထဲမှာ နောက်ဆုံးထုတ် ကားတစ်စီးပါ။ အလေးချိန် ၁၂၀၀ ပေါင် (၅၀၀ ကီလိုဂရမ်)ပဲ ရှိပြီး Tesla ကား အလေးချိန်ရဲ့ ၄ ပုံ၊ ၁ ပုံပဲ ရှိသလို လေခွင်းအားကောင်းတဲ့ ဒီဇိုင်း၊ မော်တာနဲ့ drive chain စွမ်းဆောင်ရည်၊ စွမ်းရည်ကုန်မှု အံ့အားသင့်စရာ လျှော့ချပေးမှု စတဲ့ အားသာချက်တွေလည်း ရှိပါတယ်။

Sunswift 7 ကားဟာ ရာသီဥတုဆိုင်ရာ ထိန်းချုပ်မှု၊ လေအိတ် အစရှိတဲ့ မရှိမဖြစ် အရာတွေ မပါဝင်သေးလို့ လမ်းပေါ်မှာ တရားဝင် မောင်းနှင်ခွင့်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် မောင်းနှင်နိုင်တဲ့ အမြန်ဆုံး လျှပ်စစ်ကားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါပြီ။
crd

Zawgyi

တစ္ႀကိမ္အားသြင္း႐ုံျဖင့္ ကီလို ၁၀၀၀ ေမာင္းၿပီး ဂင္းနက္စ္စံခ်ိန္တင္ခဲ့တဲ့ လွ်ပ္စစ္ကား

ေနေရာင္ျခည္စြမ္းအင္ တစ္ႀကိမ္သြင္းၿပီး ၆၂၁ မိုင္ (ကီလိုမီတာ ၁၀၀၀) အကြာအေဝးအထိ ေမာင္းႏွင္ႏိုင္ခဲ့တဲ့ လွ်ပ္စစ္ကားဟာ ဂင္းနက္စ္စံခ်ိန္ တင္ႏိုင္ခဲ့ပါတယ္။

ဆိုလာစြမ္းအင္သုံး Sunswift 7 ကားဟာ ပ်မ္းမွ်အားျဖင့္ တစ္နာရီ ၅၃ မိုင္ႏႈန္း (၈၅ ကီလိုမီတာ)နီးပါး ေမာင္းႏွင္ႏိုင္ခဲ့တာပါ။ Sunswift 7 ကားဟာ တစ္ႀကိမ္အားသြင္း႐ုံနဲ႔ ပတ္လမ္းကို အပတ္ေရ ၂၄၀ အထိ ေမာင္းႏွင္ႏိုင္ခဲ့ၿပီး အဲဒီအကြာအေဝးက ဆစ္ဒနီၿမိဳ႕ကေန မဲလ္ဘုန္းၿမိဳ႕ၾကား အကြာအေဝးေလာက္ ရွိခဲ့ပါတယ္။

Sunswift 7 ကားဟာ ဆစ္ဒနီၿမိဳ႕အေျခစိုက္ နယူးေဆာက္ေဝးလ္တကၠသိုလ္ရဲ႕ ဆိုလာစြမ္းအင္သုံး ကားေတြထဲမွာ ေနာက္ဆုံးထုတ္ ကားတစ္စီးပါ။ အေလးခ်ိန္ ၁၂၀၀ ေပါင္ (၅၀၀ ကီလိုဂရမ္)ပဲ ရွိၿပီး Tesla ကား အေလးခ်ိန္ရဲ႕ ၄ ပုံ၊ ၁ ပုံပဲ ရွိသလို ေလခြင္းအားေကာင္းတဲ့ ဒီဇိုင္း၊ ေမာ္တာနဲ႔ drive chain စြမ္းေဆာင္ရည္၊ စြမ္းရည္ကုန္မႈ အံ့အားသင့္စရာ ေလွ်ာ့ခ်ေပးမႈ စတဲ့ အားသာခ်က္ေတြလည္း ရွိပါတယ္။

Sunswift 7 ကားဟာ ရာသီဥတုဆိုင္ရာ ထိန္းခ်ဳပ္မႈ၊ ေလအိတ္ အစရွိတဲ့ မရွိမျဖစ္ အရာေတြ မပါဝင္ေသးလို႔ လမ္းေပၚမွာ တရားဝင္ ေမာင္းႏွင္ခြင့္ေတာ့ မရွိေသးပါဘူး။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ တစ္ႀကိမ္အားသြင္း႐ုံျဖင့္ ကီလိုမီတာ ၁၀၀၀ ေက်ာ္ ေမာင္းႏွင္ႏိုင္တဲ့ အျမန္ဆုံး လွ်ပ္စစ္ကားအျဖစ္ ဂင္းနက္စ္စံခ်ိန္ တင္ႏိုင္ခဲ့ပါၿပီ။
crd