စျေးကောင်းပြီး ဝယ်လိုအားကောင်းနေသည့် ရွှေဘိုပေါ်ဆန်းအသစ်များ

ဈေးကောင်းပြီး ဝယ်လိုအားကောင်းနေသည့် ရွှေဘိုပေါ်ဆန်းအသစ်များ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှ ရွှေဘိုပေါ်ဆန်းစပါးအသစ်တွေထွက်ရှိချိန် ယခင်နှစ်ထက် ဈေးကောင်းရပြီး ပြည်တွင်းဝယ်လိုအားများတယ်လို့ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

“ရွှေဘိုပေါ်ဆန်းစပါးအသစ်ကအရည်အသွေးအလိုက်တင်း၁၀၀ ကို ၁၆ သိန်းကနေ ၁၇ သိန်းထိရတယ်။ ပြီးခဲ့တဲ့နှစ်စပါးပေါ်စကဆို ၁၁ သိန်းဝန်းကျင်ပဲရှိတယ်။ ဒီနှစ်ကဈေးပိုရတယ်။ရွှေဘိုပေါ်ဆန်း စပါးအဟောင်းကတင်း ၁၀၀ ကိုအရည်အသွေးအလိုက် ၂၅ သိန်းကနေ ၂၆ သိန်းခွဲဝန်းကျင်လောက်ထိရှိနေတယ်။

ဈေးကွက်ထဲမှာတော့ အသစ်ထက် အဟောင်းကပိုစားကောင်းတော့ အရောင်းအဝယ်ပိုဖြစ်တယ်။ ဝယ်လိုအားနဲ့ရောင်းလိုအားမှာပြည်တွင်းကဝယ်လိုအားကောင်းနေတော့ ပြည်ပတင်ပို့မှုမရှိဘူး။ ဈေးကောင်းနေတော့ ပြည်ပကို အများကြီးမတင်ပို့နိုင်ဘူး။နောက်ပိုင်းပြည်ပတင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်”လို့

ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။လက်ရှိ ရွှေဘိုပေါ်ဆန်းကို ပြည်ပသို့ အများကြီးမတင်ပို့နိုင်ပေမယ့် ထိုင်း၊ စင်ကာပူ၊ မလေးရှားစတဲ့ နိုင်ငံတွေကို ကွန်တိန်နာတွေနဲ့ အနည်းငယ်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ယခုနှစ်စစ်ကိုင်းတိုင်းဒေသကြီးမှာ

ဒေသတွင်းအခြေအနေတွေကြောင့် စိုက်ဧကလျော့နည်းခဲ့လို့ ရွှေဘိုပေါ်ဆန်းထွက်ရှိမှုနည်းပါးပြီး ပြည်တွင်းဈေးကွက်မှာလည်း ရွှေဘိုပေါ်ဆန်းကို နှစ်ခြိုက်စွာစားသုံးမှုကြောင့် လက်လီဈေးကွက်ထဲ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကိုကျပ်တစ်သိန်း ဝန်းကျင်မှာရှိနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာတတိယပတ်အတွင်းကုန်စည်ဒိုင်တွေရဲ့ရွှေဘိုပေါ်ဆန်းဆန်အသစ်ဈေးက ၁၀၈ ပေါင် တစ်အိတ်ကိုငွေကျပ် ၅၄၀၀၀ မှ ၆၂၀၀၀ ဝန်းကျင်နဲ့ ရွှေဘိုပေါ်ဆန်းဆန်အဟောင်း ၁၀၈ပေါင် တစ်အိတ်ကို ၈၅၀၀၀ မှ ၉၅၀၀၀ ဝန်းကျင်မှာရှိနေပြီး တစ်နေရာနဲ့တစ်နေရာ ဈေးနှုန်းကွာဟချက်ရှိနိုင်တယ်လို့ သိရပါတယ်။

Zawgyi

ေစ်းေကာင္းၿပီး ဝယ္လိုအားေကာင္းေနသည့္ ေ႐ႊဘိုေပၚဆန္းအသစ္မ်ား

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္မွ ေ႐ႊဘိုေပၚဆန္းစပါးအသစ္ေတြထြက္ရွိခ်ိန္ ယခင္ႏွစ္ထက္ ေဈးေကာင္းရၿပီး ျပည္တြင္းဝယ္လိုအားမ်ားတယ္လို႔ ေ႐ႊဘိုေပၚဆန္းစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

“ေ႐ႊဘိုေပၚဆန္းစပါးအသစ္ကအရည္အေသြးအလိုက္တင္း၁၀၀ ကို ၁၆ သိန္းကေန ၁၇ သိန္းထိရတယ္။ ၿပီးခဲ့တဲ့ႏွစ္စပါးေပၚစကဆို ၁၁ သိန္းဝန္းက်င္ပဲရွိတယ္။ ဒီႏွစ္ကေဈးပိုရတယ္။ေ႐ႊဘိုေပၚဆန္း စပါးအေဟာင္းကတင္း ၁၀၀ ကိုအရည္အေသြးအလိုက္ ၂၅ သိန္းကေန ၂၆ သိန္းခြဲဝန္းက်င္ေလာက္ထိရွိေနတယ္။

ေဈးကြက္ထဲမွာေတာ့ အသစ္ထက္ အေဟာင္းကပိုစားေကာင္းေတာ့ အေရာင္းအဝယ္ပိုျဖစ္တယ္။ ဝယ္လိုအားနဲ႔ေရာင္းလိုအားမွာျပည္တြင္းကဝယ္လိုအားေကာင္းေနေတာ့ ျပည္ပတင္ပို႔မႈမရွိဘူး။ ေဈးေကာင္းေနေတာ့ ျပည္ပကို အမ်ားႀကီးမတင္ပို႔ႏိုင္ဘူး။ေနာက္ပိုင္းျပည္ပတင္ပို႔ႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္”လို႔

ေ႐ႊဘိုေပၚဆန္းစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။လက္ရွိ ေ႐ႊဘိုေပၚဆန္းကို ျပည္ပသို႔ အမ်ားႀကီးမတင္ပို႔ႏိုင္ေပမယ့္ ထိုင္း၊ စင္ကာပူ၊ မေလးရွားစတဲ့ ႏိုင္ငံေတြကို ကြန္တိန္နာေတြနဲ႔ အနည္းငယ္တင္ပို႔မႈရွိတယ္လို႔ သိရပါတယ္။ယခုႏွစ္စစ္ကိုင္းတိုင္းေဒသႀကီးမွာ

ေဒသတြင္းအေျခအေနေတြေၾကာင့္ စိုက္ဧကေလ်ာ့နည္းခဲ့လို႔ ေ႐ႊဘိုေပၚဆန္းထြက္ရွိမႈနည္းပါးၿပီး ျပည္တြင္းေဈးကြက္မွာလည္း ေ႐ႊဘိုေပၚဆန္းကို ႏွစ္ၿခိဳက္စြာစားသုံးမႈေၾကာင့္ လက္လီေဈးကြက္ထဲ ေ႐ႊဘိုေပၚဆန္းတစ္အိတ္ကိုက်ပ္တစ္သိန္း ဝန္းက်င္မွာရွိေနတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာတတိယပတ္အတြင္းကုန္စည္ဒိုင္ေတြရဲ႕ေ႐ႊဘိုေပၚဆန္းဆန္အသစ္ေဈးက ၁၀၈ ေပါင္ တစ္အိတ္ကိုေငြက်ပ္ ၅၄၀၀၀ မွ ၆၂၀၀၀ ဝန္းက်င္နဲ႔ ေ႐ႊဘိုေပၚဆန္းဆန္အေဟာင္း ၁၀၈ေပါင္ တစ္အိတ္ကို ၈၅၀၀၀ မွ ၉၅၀၀၀ ဝန္းက်င္မွာရွိေနၿပီး တစ္ေနရာနဲ႔တစ္ေနရာ ေဈးႏႈန္းကြာဟခ်က္ရွိႏိုင္တယ္လို႔ သိရပါတယ္။