
YBS 10 ပေါ် မိန်းကလေးတွေကို အမြဲ နောက်ကနေ အသားယူတဲ့လူတစ်ယောက် (အောက်တန်းကျ စိတ်ဓါတ်တွေကို ပြင်ဖို့လိုပြီ)
YBS 10 ကားကြီး ပေါ်မှာ မနက် 8 နာရီ 8 ခွဲကြား အလုပ်ချိန်မှာ မိန်းကလေးတွေ အမြဲအသားယူ လိုက်နှိုက်တဲ့လူအကြောင်းပြောပြချင်လို့ပါ
သူက တစ်ဈေးကွေ့က တက်ပြီး တောင်ဥက္ကလာစာတိုက်မှာ အမြဲဆင်းပါတယ် သူလဲအလုပ်သွားတဲ့ပုံပါပဲ
မိန်းကလေးပိန်ပိန်ဝဝ မလွတ်ပါဘူးလက်တဖက်က အမြဲအောက်ကိုချထားပြီး အဆင်းအပေါက်နားမှာပဲအမြဲနေတာပါ
သိနေတဲ့မိန်းကလေးတွေကရှောင်ပါတယ် တချို့ကပြန်မပြောရဲလို့ငြိမ်နေကြပေမဲ့
တချို့မိန်းကလေးတွေကြတော့ နင်ဘာလုပ်တာလဲဆိုပြီးထီးနဲ့ရိုက်ပါးရိုက်ပြန်လုပ်တဲ့မိန်းကလေးတွေလဲရှိပါတယ်
အဲ့အချိန်ဝန်းကျင်စီးတဲ့ ယောင်္ကျားလေးတချို့လဲသိကြပါတယ် မိန်းကလေးတွေအော်တာကြားရင် အဲ့ကောင်ကိုဝိုင်းသမကြပါတယ်
တခါ က ညီမ က yps ကဒ်သုံးတော့ တစ်မှတ်တိုင်ကြိုထပါတယ်
အဲ့မှာ ဆင်းခါနီး အရှေ့က အစ်မတစ်ယောက်ကို လက်က မိန်းကလေးဟိုနေရာကိုလုပ်နေတာပါ မြင်လိုက်ရပါတယ်
အဲ့အမ က အနောက်ကိုဆုတ်လိုက်လို့ ညီမကလှမ်းမြင်လိုက်တာပါ အဲ့အစ်မလဲ သူ့ကိုဆဲဆိုပြီးရိုက်ပါတယ်
မှတ်တိုင်ကလဲရောက်ခါနီးနေပါပြီ ယောင်္ကျားလေး သုံးလေးယောက်လဲ အဲ့မှတ်တိုင်မှာဆင်းမှာပါ
ဒီအကောင်လုပ်ပြန်ပြီ ဆိုပြီး သူ့နောက်ကိုပြေးလိုက်သွားကြပါတယ် အဲ့အကောင်လဲ လမ်းကြားထဲကိုပြေးဝင်သွားပါတယ်
သူ့ခေါင်းကမငြိမ်ပါဘူး ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ သားကောင်ရှာနေတဲ့ရုပ်နဲ့ပါ
Masks အမြဲတပ်တယ် အဲ့အမဲရောင်ပဲ ဦးထုပ်က တော့ အနီဆောင်းတာများတယ်
တခါတလေ အမဲရောင်သူတက်လာတာမြင်တာနဲ့ သူ့ကိုပဲကြည့်နေရတာ
သူ့နားရပ်တဲ့မိန်းကလေးတွေဆိုလှမ်းခေါ်မို့ သူနဲ့ကြုံတာက တစ်ပတ်မှာ သုံးလေးကြိမ်မို့ မှတ်လဲမှတ်မိနေပါပြီ
ဒီတခါ ပုံခိုးရိုက်ခဲ့ပါတယ် အားလုံးသိအောင်တင်ပေးပါ မင်မင် ခရက်ဒစ်လဲမပေးပါနဲ့နော် သိသွားရင်တခုခုလုပ်မှာကြောက်လို့ပါ
YBSလမ်းညွှန်သို့ပေးပို့လာသော YBSခရီးသည်တစ်ဦးတွေ့ကြုံမြင်တွေ့ခဲ့ရမှုကို သတိပြုဆင်ခြင်သွားလာ ဆုံးမနိုင်ရန် ပြန်လည်တင်ပြပေးပါသည်။
YBSလမ်းညွှန်
Zawgyi
YBSလမ်းညွှန်