ပေါက်မြို့နယ် ကင်းမရွာကို ကိုယ်တိုင်သွားရောက်ပြီး စားသောက်နေထိုင်းရေးအတွက် လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး(video)

ပေါက်မြို့နယ် ကင်းမရွာကို ကိုယ်တိုင်သွားရောက်ပြီး စားသောက်နေထိုင်းရေးအတွက် လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး(video)

ပြည်သူချစ်ဟာသကြော်ငြာမင်းသမီးလေးဖြစ်တဲ့ ဖြူဖြူထွေးကတော့ ရိုးသားပြီး ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တာတွေကြောင့် ပရိတ်သတ်တွေက ချစ်ကြပါတယ်။ကလေးလူငယ်မရွေး သူမရဲ့ အမူအရာလေးကို ချစ်မြတ်နိုးကြပြီး

အသက်ကြီးပိုင်းအရွယ်တွေကတော့ဘသမီးရင်းလေးသဖွယ် ချစ်ကြတာကို တွေ့ရပါတယ်။အလှူအတန်းဆို ရက်ရောတတ်တဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ သူမ တတ်နိုင်သလောက် လှူဒါန်းမှုလေးတွေတော့ အမြဲပုလုပ်လျက်ရှိပါတယ်။

လက်ရှိ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ခက်ခဲလာပြီး တစ်ချို့ဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းမှာလည်း မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရွာကိုဝင်ရောက်စီးနင်းပီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကြရပြီး အသက်ကြီးပိုင်းတစ်ချို့ သေဆုံးခဲ့ရပါတယ်။

မီးဘေးသင့်ခဲ့တဲ့ ကင်းမရွာကိုတော့ ဖြူဖြူထွေးတစ်ယောက် သူမကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ videoလေး မျှဝေလာခဲ့ပါတယ်။ကျေးရွာထဲရှိ ပြည်သူတွေကို တရင်းတနှီးတွေ့ဆုံခဲ့ပြီး လိုအပ်တဲ့အစောက်အသောက်နှင့် နေထိုင်ရန် စောင်၊ခြင်ထောင်တွေကို လှူဒါန်းပေးခဲ့ပါတယ်။မီးဘေးသင့် ကင်းမရွာထဲကို ရွာခံအမျိုးသမီးနှင့်အတူ လိုက်လံကြည့်ရှူပြီး ကင်းမရွာလေးကို လှူဒါန်းပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

v

Crd – YaungChi

——–

ေပါက္ၿမိဳ႕နယ္ ကင္းမ႐ြာကို ကိုယ္တိုင္သြားေရာက္ၿပီး စားေသာက္ေနထိုင္းေရးအတြက္ လႉဒါန္းခဲ့တဲ့ ျဖဴျဖဴေထြး(video)

ျပည္သူခ်စ္ဟာသေၾကာ္ျငာမင္းသမီးေလးျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ ႐ိုးသားၿပီး ပြင့္ပြင့္လင္းလင္းေနထိုင္တတ္တာေတြေၾကာင့္ ပရိတ္သတ္ေတြက ခ်စ္ၾကပါတယ္။ကေလးလူငယ္မေ႐ြး သူမရဲ႕ အမူအရာေလးကို ခ်စ္ျမတ္ႏိုးၾကၿပီး

အသက္ႀကီးပိုင္းအ႐ြယ္ေတြကေတာ့ဘသမီးရင္းေလးသဖြယ္ ခ်စ္ၾကတာကို ေတြ႕ရပါတယ္။အလႉအတန္းဆို ရက္ေရာတတ္တဲ့ ျဖဴျဖဴေထြးတစ္ေယာက္ကေတာ့ သူမ တတ္ႏိုင္သေလာက္ လႉဒါန္းမႈေလးေတြေတာ့ အၿမဲပုလုပ္လ်က္ရွိပါတယ္။

လက္ရွိ စစ္ေကာင္စီမွ အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူေတြရဲ႕ စားဝတ္ေနေရးဟာ ခက္ခဲလာၿပီး တစ္ခ်ိဳ႕ေဒသေတြမွာ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

မၾကာေသးမီ ရက္ပိုင္းအတြင္းမွာလည္း မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္ ကင္းမ႐ြာမွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြက ႐ြာကိုဝင္ေရာက္စီးနင္းပီး မီးရႈိ႕ဖ်က္ဆီးခဲ့တာေၾကာင့္ ျပည္သူမ်ား အိုးမဲ့အိမ္မဲ့ျဖစ္ၾကရၿပီး အသက္ႀကီးပိုင္းတစ္ခ်ိဳ႕ ေသဆုံးခဲ့ရပါတယ္။

မီးေဘးသင့္ခဲ့တဲ့ ကင္းမ႐ြာကိုေတာ့ ျဖဴျဖဴေထြးတစ္ေယာက္ သူမကိုယ္တိုင္သြားေရာက္ လႉဒါန္းျဖစ္ခဲ့တဲ့ videoေလး မွ်ေဝလာခဲ့ပါတယ္။ေက်း႐ြာထဲရွိ ျပည္သူေတြကို တရင္းတႏွီးေတြ႕ဆုံခဲ့ၿပီး လိုအပ္တဲ့အေစာက္အေသာက္ႏွင့္ ေနထိုင္ရန္ ေစာင္၊ျခင္ေထာင္ေတြကို လႉဒါန္းေပးခဲ့ပါတယ္။မီးေဘးသင့္ ကင္းမ႐ြာထဲကို ႐ြာခံအမ်ိဳးသမီးႏွင့္အတူ လိုက္လံၾကည့္ရႉၿပီး ကင္းမ႐ြာေလးကို လႉဒါန္းေပးၾကဖို႔ ျပည္သူေတြကို တိုက္တြန္းခဲ့ပါတယ္။

Crd – YaungChi