ဒီခေတ်ကြီးမှာ ရွှေထက်ရှားသွားပြီ ဖြစ်တဲ့ စိတ်ဓာတ်ကောင်းနဲ့ ယာဉ်နောက်လိုက်တစ်ဦး အကြောင်း

ကျွန်တော်တို့က ၂၅-၁၂-၂၀၂၂ ရက်နေ့မှာ ပြင်ဦးလွင်ကားဂိတ်ကနေ မနက်(၈)နာရီထွက်တဲ့ မြတ်မန္တလာထွန်းကားနဲ့ ရန်ကုန်ကို ပြန်ဆင်းခဲ့ပါတယ်။ ကားပေါ်တောက်လျှောက်မှာ အစစ်အဆေးတွေက များတော့ မှတ်ပုံတင် ထုတ်ချည်၊သွင်းချည်နဲ့ ကျွန်တော့်အစ်မရဲ့ ဖုန်းက စောင်ကြားထဲမှာ ညပ်ပြီး ကျန်ခဲ့တယ်။

အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းဆက်ကြည့်တော့ မြတ်မန္တလာထွန်း ကားအမှတ် (6k-2829) က ယာဉ်နောက်လိုက် ကိုဇေယျာက ချက်ချင်းပဲဖုန်းကိုင်ပြီး သူကိုယ်တိုင်သိမ်းထားပေးတယ်ဆိုတဲ့အကြောင်း၊ စိတ်မပူဖို့အကြောင်း၊ ဖုန်းကိုတောင် မဖွင့်ထားပါဘူးဆိုတဲ့အကြောင်း သေချာပြန်ပြောပေးရှာတယ်။

ကားပေါ် တောက်လျှောက်မှာလည်း စာရင်းဇယား အလွန်စနစ်ရှိတယ်။ ခရီးသည်‌‌တွေကိုလည်း လေးစားတယ်။ ခရီးသည်တစ်ဦးချင်းစီရဲ့ ဆင်းမယ့် မှတ်တိုင်ကိုလည်း သေချာတယောက်ချင်းစီ မှတ်ပြီး စီစဉ်ပေးတယ်။ ပစ္စည်းတွေကိုလည်း စိတ်ပူစရာ မလိုအောင် စနစ်တကျ စီမံပေးတယ်။

ကားပေါ်မှာလည်း ခရီးသည် လိုအပ်သမျှ သူအကုန် စီစဉ်ပေးတယ်။ ကျန်းမာရေးသွားချိန်၊ ထမင်းစားချိန်ဆိုလည်း အကြာကြီး ကားကို ရပ်ပေးရှာတယ်။ စစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေးတွေရဲ့ အော်တာ ငေါက်တာလည်း ခံရတော့ ကိုယ်တွေကတောင် သနားနေတာ။

ခုခေတ်မှာ ဖုန်းတစ်လုံး ပြန်ရဖို့ဆိုတာ လုံးဝ မလွယ်ကူတော့ပါဘူး။ သူ မရိုးသားတဲ့စိတ်နဲ့ ယူထားလည်းရတာပဲ။ ဖုန်းတစ်လုံး ပြန်ရောင်း (၃/၄) သိန်း ပြေးမလွတ်ဘူး။ ဒါပေမဲ့ ဖုန်းတွေ လုယက်ခိုးဆိုးနေတဲ့အချိန်မှာတောင် ရိုးသားပြီး ခရီးသည်ကို ပြန်ပေးရှာတဲ့ ရိုးသားမှုကိုတော့ တော်တော်ချီးကျူးတယ်။ လေးလည်းလေးစားမိတယ်။

ဒါဟာ ခရီးသည်တွေအပေါ်ထားရှိတဲ့ စေတနာ၊ ရိုးသားတဲ့ ကိုဇေယျာနဲ့ ကိုဇေယျာကို ခန့်ထားတဲ့ မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက တာဝန်ကြီးလူကြီးမင်းများနှင့် ကားဆရာနှစ်ယောက်ကိုလည်းအထူးအထူး ကျေးဇူးတင်ရှိပါတယ်။

မြတ်မန္တလာထွန်းကားအနေနဲ့လည်း ခုလိုရိုးသားပြီး စနစ်ကျတဲ့ ကိုဇေယျာလို လူမျိုးကို များများ ချီးမြှောက်ဂုဏ်ပြုသင့်ပါတယ်လို့ အကြံပေးပါရစေ။မြတ်မန္တလာထွန်မိသားစုလည်း ဒီထက်မက အောင်မြင်တိုးတက်ပါ‌စေ။ မြတ်မန္တလာထွန်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက ကိုဇေယျာ (6K-2829) လိုလူမျိုး များများရှိစေချင် (မြတ်မန္တလာထွန်းခရီးသည်တစ်ဦး)

Zawgyi

ကြၽန္ေတာ္တို႔က ၂၅-၁၂-၂၀၂၂ ရက္ေန႔မွာ ျပင္ဦးလြင္ကားဂိတ္ကေန မနက္(၈)နာရီထြက္တဲ့ ျမတ္မႏၲလာထြန္းကားနဲ႔ ရန္ကုန္ကို ျပန္ဆင္းခဲ့ပါတယ္။ ကားေပၚေတာက္ေလွ်ာက္မွာ အစစ္အေဆးေတြက မ်ားေတာ့ မွတ္ပုံတင္ ထုတ္ခ်ည္၊သြင္းခ်ည္နဲ႔ ကြၽန္ေတာ့္အစ္မရဲ႕ ဖုန္းက ေစာင္ၾကားထဲမွာ ညပ္ၿပီး က်န္ခဲ့တယ္။

အိမ္ျပန္ေရာက္ေရာက္ခ်င္း ဖုန္းဆက္ၾကည့္ေတာ့ ျမတ္မႏၲလာထြန္း ကားအမွတ္ (6k-2829) က ယာဥ္ေနာက္လိုက္ ကိုေဇယ်ာက ခ်က္ခ်င္းပဲဖုန္းကိုင္ၿပီး သူကိုယ္တိုင္သိမ္းထားေပးတယ္ဆိုတဲ့အေၾကာင္း၊ စိတ္မပူဖို႔အေၾကာင္း၊ ဖုန္းကိုေတာင္ မဖြင့္ထားပါဘူးဆိုတဲ့အေၾကာင္း ေသခ်ာျပန္ေျပာေပးရွာတယ္။

ကားေပၚ ေတာက္ေလွ်ာက္မွာလည္း စာရင္းဇယား အလြန္စနစ္ရွိတယ္။ ခရီးသည္‌‌ေတြကိုလည္း ေလးစားတယ္။ ခရီးသည္တစ္ဦးခ်င္းစီရဲ႕ ဆင္းမယ့္ မွတ္တိုင္ကိုလည္း ေသခ်ာတေယာက္ခ်င္းစီ မွတ္ၿပီး စီစဥ္ေပးတယ္။ ပစၥည္းေတြကိုလည္း စိတ္ပူစရာ မလိုေအာင္ စနစ္တက် စီမံေပးတယ္။

ကားေပၚမွာလည္း ခရီးသည္ လိုအပ္သမွ် သူအကုန္ စီစဥ္ေပးတယ္။ က်န္းမာေရးသြားခ်ိန္၊ ထမင္းစားခ်ိန္ဆိုလည္း အၾကာႀကီး ကားကို ရပ္ေပးရွာတယ္။ စစ္ေဆးေရးဂိတ္မွာလည္း လုံၿခဳံေရးေတြရဲ႕ ေအာ္တာ ေငါက္တာလည္း ခံရေတာ့ ကိုယ္ေတြကေတာင္ သနားေနတာ။

ခုေခတ္မွာ ဖုန္းတစ္လုံး ျပန္ရဖို႔ဆိုတာ လုံးဝ မလြယ္ကူေတာ့ပါဘူး။ သူ မ႐ိုးသားတဲ့စိတ္နဲ႔ ယူထားလည္းရတာပဲ။ ဖုန္းတစ္လုံး ျပန္ေရာင္း (၃/၄) သိန္း ေျပးမလြတ္ဘူး။ ဒါေပမဲ့ ဖုန္းေတြ လုယက္ခိုးဆိုးေနတဲ့အခ်ိန္မွာေတာင္ ႐ိုးသားၿပီး ခရီးသည္ကို ျပန္ေပးရွာတဲ့ ႐ိုးသားမႈကိုေတာ့ ေတာ္ေတာ္ခ်ီးက်ဴးတယ္။ ေလးလည္းေလးစားမိတယ္။

ဒါဟာ ခရီးသည္ေတြအေပၚထားရွိတဲ့ ေစတနာ၊ ႐ိုးသားတဲ့ ကိုေဇယ်ာနဲ႔ ကိုေဇယ်ာကို ခန႔္ထားတဲ့ ျမတ္မႏၲလာထြန္း အဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရးက တာဝန္ႀကီးလူႀကီးမင္းမ်ားႏွင့္ ကားဆရာႏွစ္ေယာက္ကိုလည္းအထူးအထူး ေက်းဇူးတင္ရွိပါတယ္။

ျမတ္မႏၲလာထြန္းကားအေနနဲ႔လည္း ခုလို႐ိုးသားၿပီး စနစ္က်တဲ့ ကိုေဇယ်ာလို လူမ်ိဳးကို မ်ားမ်ား ခ်ီးေျမႇာက္ဂုဏ္ျပဳသင့္ပါတယ္လို႔ အႀကံေပးပါရေစ။ျမတ္မႏၲလာထြန္မိသားစုလည္း ဒီထက္မက ေအာင္ျမင္တိုးတက္ပါ‌ေစ။ ျမတ္မႏၲလာထြန္းအဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရးက ကိုေဇယ်ာ (6K-2829) လိုလူမ်ိဳး မ်ားမ်ားရွိေစခ်င္ (ျမတ္မႏၲလာထြန္းခရီးသည္တစ္ဦး)