အရောင်းများနေသောကြောင့် ရွှေဆိုင်တစ်ချို့ တစ်နေ့(၅)ပိဿာလောက်ပြန်ဝယ်နေရ

အရောင်းများနေသောကြောင့် ရွှေဆိုင်တစ်ချို့ တစ်နေ့(၅)ပိဿာလောက်ပြန်ဝယ်နေရ

“ခရစ်စမတ်ပိတ်ရက် နှစ်သစ်ကူးပိတ်ရက်တွေရှိတော့ခရီးထွက်ကြတော့ဈေးကွက်မှာအရောင်းအဝယ်အေးတယ်။ပြည်တွင်းရွှေဈေးကဒီအတိုင်းသွားနေမှာပဲကမ္ဘာ့ရွှေဈေးတက်လည်းသိပ်မတက်တော့ဘူး။ကျလည်းသိပ်မကျတော့ဘူး။

ဘာလို့လဲဆိုတော့ဒီမှာကသယ်ယူစရိတ်ထုတ်လုပ်စရိတ်တွေများနေတာအရင်တုန်းကတနိုင်းမှာဒီဇယ်တစ်ပီပါကို နှစ်သိန်းပဲရှိတယ်။အခု ၁၀ သိန်း ၁၂ သိန်းဖြစ်နေတုန်းဆိုတော့ ကမ္ဘာ့ဈေးအတက်အကျနဲ့မလိုက်နိုင်တော့ဘူး။နောင်နှစ်လောက်ထိကဒီဈေးလောက်ထိသွားမယ်လို့သုံးသပ်ရတာပဲ။

ပြည်တွင်း ရွှေဈေးကွက်ထဲရွှေအဝယ်နည်းပြီးအရောင်းများလို့ရွှေဆိုင်တချို့တစ်နေ့ ရွှေ ၅ ပိဿာလောက်ပြန်ဝယ်နေရတယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသိရှိရပါသည်။ရွှေကဒီမှာဝယ်နိုင်တဲ့သူသိပ်မရှိတော့ဘူး။

ဈေးကွက်ထဲမှာအရောင်းများတယ်တချို့ဆိုင်တွေဆိုတစ်နေ့ ၅ ပိသာလောက်ပြန်ဝယ်ရတယ်။ပြည်ပနဲ့ချိတ်ဆက်ရောင်းဝယ်ဖို့ကလည်းအခုကကမ္ဘာ့ရွှေဈေးကမငြိမ်တော့ ပြည်ပကုမ္ပဏီတွေကအဝယ်လည်းမလာကြဘူး၊ဒီကလည်းမရောင်းရဲဘူးဖြစ်နေတယ်”လို့ ရန်ကုန်ရွှေလုပ်ငန်းရှင် ဥက္ကဌ မှပြောပါတယ်။

ဒီနေ့ပြည်တွင်းဈေးကွက်ထဲ ၁၆ပဲရည် အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၂၇ သိန်းဝန်းကျင်မှာရှိနေပြီး နံနက် ၁၁ နာရီခွဲဈေးအရ ၁၆ပဲရည်တစ်ကျပ်သားကို ၂၆၉၀၀၀၀ ကျပ်နဲ့ရောင်းကာ ၂၆၆၅၀၀၀ ကျပ် ပြန်ဝယ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ရွှေရည်ညွှန်းအဖွင့်ဈေးကတော့မီးလင်းရွှေတစ်ကျပ်သားကို ၂၁၁၈၀၀၀ ကျပ်ဖြစ်ပြီးကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၇၉၈ ဒေါ်လာမှာရှိကာ ပြီးခဲ့တဲ့အပတ်ဈေးကွက်မပိတ်ခင်ဈေးနဲ့ အပြောင်းအလဲမရှိထုတ်ပြန်ထားပါတယ်။

Zawgyi

အေရာင္းမ်ားေနေသာေၾကာင့္ ေ႐ႊဆိုင္တစ္ခ်ိဳ႕ တစ္ေန႔(၅)ပိႆာေလာက္ျပန္ဝယ္ေနရ

“ခရစ္စမတ္ပိတ္ရက္ ႏွစ္သစ္ကူးပိတ္ရက္ေတြရွိေတာ့ခရီးထြက္ၾကေတာ့ေဈးကြက္မွာအေရာင္းအဝယ္ေအးတယ္။ျပည္တြင္းေ႐ႊေဈးကဒီအတိုင္းသြားေနမွာပဲကမာၻ႔ေ႐ႊေဈးတက္လည္းသိပ္မတက္ေတာ့ဘူး။က်လည္းသိပ္မက်ေတာ့ဘူး။

ဘာလို႔လဲဆိုေတာ့ဒီမွာကသယ္ယူစရိတ္ထုတ္လုပ္စရိတ္ေတြမ်ားေနတာအရင္တုန္းကတႏိုင္းမွာဒီဇယ္တစ္ပီပါကို ႏွစ္သိန္းပဲရွိတယ္။အခု ၁၀ သိန္း ၁၂ သိန္းျဖစ္ေနတုန္းဆိုေတာ့ ကမာၻ႔ေဈးအတက္အက်နဲ႔မလိုက္ႏိုင္ေတာ့ဘူး။ေနာင္ႏွစ္ေလာက္ထိကဒီေဈးေလာက္ထိသြားမယ္လို႔သုံးသပ္ရတာပဲ။

ျပည္တြင္း ေ႐ႊေဈးကြက္ထဲေ႐ႊအဝယ္နည္းၿပီးအေရာင္းမ်ားလို႔ေ႐ႊဆိုင္တခ်ိဳ႕တစ္ေန႔ ေ႐ႊ ၅ ပိႆာေလာက္ျပန္ဝယ္ေနရတယ္လို႔ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွသိရွိရပါသည္။ေ႐ႊကဒီမွာဝယ္ႏိုင္တဲ့သူသိပ္မရွိေတာ့ဘူး။

ေဈးကြက္ထဲမွာအေရာင္းမ်ားတယ္တခ်ိဳ႕ဆိုင္ေတြဆိုတစ္ေန႔ ၅ ပိသာေလာက္ျပန္ဝယ္ရတယ္။ျပည္ပနဲ႔ခ်ိတ္ဆက္ေရာင္းဝယ္ဖို႔ကလည္းအခုကကမာၻ႔ေ႐ႊေဈးကမၿငိမ္ေတာ့ ျပည္ပကုမၸဏီေတြကအဝယ္လည္းမလာၾကဘူး၊ဒီကလည္းမေရာင္းရဲဘူးျဖစ္ေနတယ္”လို႔ ရန္ကုန္ေ႐ႊလုပ္ငန္းရွင္ ဥကၠဌ မွေျပာပါတယ္။

ဒီေန႔ျပည္တြင္းေဈးကြက္ထဲ ၁၆ပဲရည္ အေခါက္ေ႐ႊတစ္က်ပ္သားကိုက်ပ္ ၂၇ သိန္းဝန္းက်င္မွာရွိေနၿပီး နံနက္ ၁၁ နာရီခြဲေဈးအရ ၁၆ပဲရည္တစ္က်ပ္သားကို ၂၆၉၀၀၀၀ က်ပ္နဲ႔ေရာင္းကာ ၂၆၆၅၀၀၀ က်ပ္ ျပန္ဝယ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္တစ္ဆိုင္ကေျပာပါတယ္။

ဒီဇင္ဘာ ၂၆ ရက္ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကထုတ္ျပန္တဲ့ေ႐ႊရည္ၫႊန္းအဖြင့္ေဈးကေတာ့မီးလင္းေ႐ႊတစ္က်ပ္သားကို ၂၁၁၈၀၀၀ က်ပ္ျဖစ္ၿပီးကမာၻ႔ေ႐ႊေဈးတစ္ေအာင္စကို ၁၇၉၈ ေဒၚလာမွာရွိကာ ၿပီးခဲ့တဲ့အပတ္ေဈးကြက္မပိတ္ခင္ေဈးနဲ႔ အေျပာင္းအလဲမရွိထုတ္ျပန္ထားပါတယ္။