လမ်းဘေး အိုးမဲ့အိမ်မဲ့ သားအမိ နှစ်ဦးရဲ့ ပျော်ရွင်စွာ ကစားနေတဲ့ ဓါတ်ပုံဟာ လူအများရဲ့ စိတ်နှလုံးကို မှင်သက်သွားစေခဲ့တယ်

လမ်းဘေး အိုးမဲ့အိမ်မဲ့ သားအမိ နှစ်ဦးရဲ့ ပျော်ရွင်စွာ ကစားနေတဲ့ ဓါတ်ပုံဟာ လူအများရဲ့ စိတ်နှလုံးကို မှင်သက်သွားစေခဲ့တယ်

လမ်းမကြီးပေါ်မှာ ပကာသန မပါဘဲ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဓာတ်ပုံကြောင့် လူအများရဲ့နှလုံးသားကို ထိမိသွားစေခဲ့တဲ့ အိမ်ရာမဲ့ သားအမိနှစ်ဦး Manila , Parañaque မြို့ NAIA အမြန်လမ်းမကြီး အောက်ရှိ လေယာဉ်လမ်းပေါ်မှာ Ameniel Del Mundo အမည်ရှိ Facebook အသုံးပြုသူရဲ့ကားဟာ

ယာဉ်ကြော ပိတ်ဆို့မိနေချိန် Ameniel ဟာ မိမိရဲ့အခြေအနေနှင့် အလုပ်ကိစ္စများနဲ့ ပတ်သက်ပြီး စိတ်ဖိစီးနေချိန် လမ်းဘေးမှာ အိပ်ပြီးပျော်ရွှင်စွာ ကစားနေတဲ့ အိုးမဲ့အိမ်မဲ့ အမျိုးသမီးနှင့် သူမရဲ့ကလေးကို တွေ့ခဲ့ရပါတယ်။

ထိုမြင်ကွင်းက Ameniel ရဲ့ခံစားချက်ကို ပြောင်းလဲစေခဲ့ပါတယ်။ Ameniel ဟာ ထိုအရာကို ဓာတ်ပုံရိုက်ယူခဲ့ပြီး သူ့ Facebook page မှာ “ ပျော်ရွှင်မှု က ရွေးချယ်မှု တစ်ခုသာဖြစ်ကြောင်း သက်သေပြပေးပါ” ဟူသော ခေါင်းစဉ်နှင့် အတူ ဓာတ်ပုံနှစ်ပုံကို တင်ခဲ့ပါတယ်။

ထိုဓာတ်ပုံဟာ လူသိများသွားခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူများစွာဟာ မိမိတို့ရဲ့အခြေအနေများကြားမှ ပျော်ရွှင်နေတဲ့ ၎င်းမိသားစုလေးကို လေးစားခဲ့ကြပါတယ်။

၎င်းက ပျော်ရွှင်ဖွယ် အချိန်တိုလေးသာဖြစ်ပေမဲ့လည်း ဘယ်နေရာ ဘယ်အခြေအနေမဆို လူတိုင်းဟာ ပျော်ရွှင်မှုကို အမှန်တကယ်ရရှိနိုင်ကြောင်း ပြသခဲ့ပါတယ်။

ထို့ကြောင့် သင်သာ စိတ်ထားတတ်ရင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ သင်ပျော်ရွှင်နေဦးမှာပါ။

ယာဉ်ကြောပွင့်ပြီး လမ်းမအလယ်မှာ သူ့ရဲ့ကားကိုမချန်ထားနိုင်တာကြောင့် Ameniel ဟာ မိခင်နှင့်သူမကလေးကို စကားသွားမပြောနိုင်ခဲ့ပါဘူး။

ထိုဓာတ်ပုံရှိ မိခင်နှင့် သူမရဲ့ကလေးကို လူအများအပြားက ကူညီရန် စိတ်အားထက်သန်ကြောင်း ပြသခဲ့ကြပေမဲ့လည်း Ameniel က ထိုနေရာမှာ ပြန်သွားရှာခဲ့ပေမဲ့ ထပ်မံတွေ့ရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

” ငါ သောကြာနေ့နဲ့စနေနေ့တွေမှာ ပြန်လာဖို့ကြိုးစားခဲ့ပေမဲ့ သူတို့ကို ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ခဲ့ဘူး၊ သူတို့ အခြားပတ်ဝန်းကျင်မှာရွေ့ပြောင်း သွားတာဖြစ်လိမ့်မယ်၊ သူတို့မျက်နှာတွေကို ငါကောင်းကောင်း မှတ်မိတယ် ဒီအပတ်ပြန်လာခဲ့မယ် “ လို့ Ameniel က ဆိုပါတယ်။

စာနယ်ဇင်းများကလည်း သူတို့မိသားစုကို ရှာမတွေ့သေးပေမဲ့လည်း မကြာမီ သူတို့ကို ရှာတွေ့ရန် မျှော်လင့်နေကြပါတယ်။Credit

Zawgyi

လမ္းေဘး အိုးမဲ့အိမ္မဲ့ သားအမိ ႏွစ္ဦးရဲ႕ ေပ်ာ္ရြင္စြာ ကစားေနတဲ့ ဓါတ္ပုံဟာ လူအမ်ားရဲ႕ စိတ္ႏွလံုးကို မွင္သက္သြားေစခဲ့တယ္

လမ္းမႀကီးေပၚမွာ ပကာသန မပါဘဲ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနတဲ့ ဓာတ္ပုံေၾကာင့္ လူအမ်ားရဲ႕ႏွလုံးသားကို ထိမိသြားေစခဲ့တဲ့ အိမ္ရာမဲ့ သားအမိႏွစ္ဦး Manila , Parañaque ၿမိဳ႕ NAIA အျမန္လမ္းမႀကီး ေအာက္ရွိ ေလယာဥ္လမ္းေပၚမွာ Ameniel Del Mundo အမည္ရွိ Facebook အသုံးျပဳသူရဲ႕ကားဟာ

ယာဥ္ေၾကာ ပိတ္ဆို႔မိေနခ်ိန္ Ameniel ဟာ မိမိရဲ႕အေျခအေနႏွင့္ အလုပ္ကိစၥမ်ားနဲ႔ ပတ္သက္ၿပီး စိတ္ဖိစီးေနခ်ိန္ လမ္းေဘးမွာ အိပ္ၿပီးေပ်ာ္႐ႊင္စြာ ကစားေနတဲ့ အိုးမဲ့အိမ္မဲ့ အမ်ိဳးသမီးႏွင့္ သူမရဲ႕ကေလးကို ေတြ႕ခဲ့ရပါတယ္။

ထိုျမင္ကြင္းက Ameniel ရဲ႕ခံစားခ်က္ကို ေျပာင္းလဲေစခဲ့ပါတယ္။ Ameniel ဟာ ထိုအရာကို ဓာတ္ပုံ႐ိုက္ယူခဲ့ၿပီး သူ႔ Facebook page မွာ “ ေပ်ာ္႐ႊင္မႈ က ေ႐ြးခ်ယ္မႈ တစ္ခုသာျဖစ္ေၾကာင္း သက္ေသျပေပးပါ” ဟူေသာ ေခါင္းစဥ္ႏွင့္ အတူ ဓာတ္ပုံႏွစ္ပုံကို တင္ခဲ့ပါတယ္။

ထိုဓာတ္ပုံဟာ လူသိမ်ားသြားခဲ့ၿပီးေနာက္ အင္တာနက္အသုံးျပဳသူမ်ားစြာဟာ မိမိတို႔ရဲ႕အေျခအေနမ်ားၾကားမွ ေပ်ာ္႐ႊင္ေနတဲ့ ၎မိသားစုေလးကို ေလးစားခဲ့ၾကပါတယ္။

၎က ေပ်ာ္႐ႊင္ဖြယ္ အခ်ိန္တိုေလးသာျဖစ္ေပမဲ့လည္း ဘယ္ေနရာ ဘယ္အေျခအေနမဆို လူတိုင္းဟာ ေပ်ာ္႐ႊင္မႈကို အမွန္တကယ္ရရွိႏိုင္ေၾကာင္း ျပသခဲ့ပါတယ္။

ထို႔ေၾကာင့္ သင္သာ စိတ္ထားတတ္ရင္ ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ သင္ေပ်ာ္႐ႊင္ေနဦးမွာပါ။

ယာဥ္ေၾကာပြင့္ၿပီး လမ္းမအလယ္မွာ သူ႔ရဲ႕ကားကိုမခ်န္ထားႏိုင္တာေၾကာင့္ Ameniel ဟာ မိခင္ႏွင့္သူမကေလးကို စကားသြားမေျပာႏိုင္ခဲ့ပါဘူး။

ထိုဓာတ္ပုံရွိ မိခင္ႏွင့္ သူမရဲ႕ကေလးကို လူအမ်ားအျပားက ကူညီရန္ စိတ္အားထက္သန္ေၾကာင္း ျပသခဲ့ၾကေပမဲ့လည္း Ameniel က ထိုေနရာမွာ ျပန္သြားရွာခဲ့ေပမဲ့ ထပ္မံေတြ႕ရွိခဲ့ျခင္း မရွိခဲ့ပါဘူး။

” ငါ ေသာၾကာေန႔နဲ ႔စေနေန႔ေတြမွာ ျပန္လာဖို႔ႀကိဳးစားခဲ့ေပမဲ့ သူတို႔ကို ဘယ္ေနရာမွာမွ ရွာမေတြ႕ႏိုင္ခဲ့ဘူး၊ သူတို႔ အျခားပတ္၀န္းက်င္မွာေ႐ြ႕ေျပာင္း သြားတာျဖစ္လိမ့္မယ္၊ သူတို႔မ်က္ႏွာေတြကို ငါေကာင္းေကာင္း မွတ္မိတယ္ ဒီအပတ္ျပန္လာခဲ့မယ္ “ လို႔ Ameniel က ဆိုပါတယ္။

စာနယ္ဇင္းမ်ားကလည္း သူတို႔မိသားစုကို ရွာမေတြ႕ေသးေပမဲ့လည္း မၾကာမီ သူတို႔ကို ရွာေတြ႕ရန္ ေမွ်ာ္လင့္ေနၾကပါတယ္။Credit