အိန္ဒိယကသိမ်းဆည်းရမိသည့် မှောင်ခိုရွှေတန်ဖိုးရူပီ(၄၀၅)ကုဋေတန်ဖိုးတွင် မြန်မာရွှေကအများဆုံးပါဝင်နေ

အိန္ဒိယကသိမ်းဆည်းရမိသည့် မှောင်ခိုရွှေတန်ဖိုးရူပီ(၄၀၅)ကုဋေတန်ဖိုးတွင် မြန်မာရွှေကအများဆုံးပါဝင်နေ

အိန္ဒိယအခွန်ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာန (DRI)က ၂၀၂၁-၂၀၂၂ ခုနှစ် (FY 22) မှာရူပီး (၄၀၅.၃၅) ကုဋေတန်ဖိုးရှိတဲ့မှောင်ခိုရွှေ(၈၃၃.၀၇)ကီလိုဂရမ်ကိုသိမ်းဆည်းရမိခဲ့တယ်လို့ တနင်္လာနေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အိန္ဒိယကိုဝင်ရောက်ခဲ့တဲ့မှောင်ခိုရွှေအများစုကအနောက်အာရှကဖြစ်ပေမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့သိမ်းဆည်းရမိတဲ့ရွှေတန်ဖိုး (၁၁၉၉.၄) ကုဋေပမာဏရဲ့ (၆၉) ရာခိုင်နှုန်းကမြန်မာနိုင်ငံကနေဝင်ရောက်ပါတယ်။

နောက်ဆုံး ၂၀၂၂ ဘဏ္ဍာနှစ်မှာ DRI (အိန္ဒိယ) ကသိမ်းဆည်းရမိတဲ့ ရူပီး (၄၀၅) ကုဋေတန်ကြေးရှိတဲ့ မှောင်ခိုရွှေ (၈၃၃) ဂရမ်မှာလည်းမြန်မာ့ရွှေကအများဆုံး ပါဝင်လာခဲ့ပြီး (၃၇)ရာခိုင်နှုန်းအထိမြန်မာနိုင်ငံကဖြစ်နေတယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးကပြောပါတယ်။

နိုင်ငံတကာလေဆိပ်တွေမှာစောင့်ကြည့်မှုတွေတိုးလာတာကြောင့်အနောက်အာရှကနေတရုတ်-မြန်မာ-အိန္ဒိယနယ်နမိတ်ကို ဖြတ်သန်းပြီးကုန်လမ်းကြောင်းကနေ ပြောင်းလဲပြီးမှောင်ခိုတင်သွင်းနေကြတာလို့ဆိုပါတယ်။မဏိပူရပြည်နယ်နဲ့ မြန်မာနယ်စပ်ကမြန်မာနိုင်ငံက ရွှေတွေမှောင်ခိုဝင်ရောက်နေတဲ့ အဓိကနေရာတွေဖြစ်ကြောင်း DRI ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အဓိကလမ်းကြောင်းနှစ်ခုကို ဖော်ပြထားပြီး ပထမလမ်းကြောင်းကမီဇိုရမ်ပြည်နယ်နဲ့ အချိတ်အဆက်ရှိတဲ့ မူဆယ်-မန္တလေး-ကလေးဝ-တီးတိန်-ဇိုခေါ်သာရ်ဖြစ်ပြီး

နောက်တစ်လမ်းက မဏိပူရနဲ့ အချိတ်အဆက်ရှိတဲ့ မူဆယ်-မန္တလေး-ကလေးဝ-တမူး-နမ်ဖာလုံ-မိုရေးလမ်းကြောင်းတို့ ဖြစ်ပါတယ်။မော်တော်ယာဉ်တွေထံကနေ မှောင်ခိုရွှေတင်သွင်းမှုရဲ့ (၂၁) ရာခိုင်နှုန်းကို သိမ်းဆည်းရမိခဲ့ပြီး ရွှေဝယ်လိုအားကြီးမားခြင်းနဲ့သွင်းကုန်ခွန်မြင့်မားခြင်းတို့ကအိန္ဒိယမှာရွှေမှောင်ခိုမှုရဲ့အဓိကအကြောင်းအရင်းလည်းဖြစ်နေပါတယ်။

Zawgyi

အိႏၵိယကသိမ္းဆည္းရမိသည့္ ေမွာင္ခိုေ႐ႊတန္ဖိုး႐ူပီ(၄၀၅)ကုေဋတန္ဖိုးတြင္ ျမန္မာေ႐ႊကအမ်ားဆုံးပါဝင္ေန

အိႏၵိယအခြန္ေထာက္လွမ္းေရးၫႊန္ၾကားမႈဦးစီးဌာန (DRI)က ၂၀၂၁-၂၀၂၂ ခုႏွစ္ (FY 22) မွာ႐ူပီး (၄၀၅.၃၅) ကုေဋတန္ဖိုးရွိတဲ့ေမွာင္ခိုေ႐ႊ(၈၃၃.၀၇)ကီလိုဂရမ္ကိုသိမ္းဆည္းရမိခဲ့တယ္လို႔ တနလၤာေန႔ကထုတ္ျပန္ခဲ့တဲ့အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

၂၀၁၉-၂၀၂၀ ခုႏွစ္အတြင္း အိႏၵိယကိုဝင္ေရာက္ခဲ့တဲ့ေမွာင္ခိုေ႐ႊအမ်ားစုကအေနာက္အာရွကျဖစ္ေပမယ့္ ၂၀၂၀-၂၀၂၁ ခုႏွစ္မွာေတာ့သိမ္းဆည္းရမိတဲ့ေ႐ႊတန္ဖိုး (၁၁၉၉.၄) ကုေဋပမာဏရဲ႕ (၆၉) ရာခိုင္ႏႈန္းကျမန္မာႏိုင္ငံကေနဝင္ေရာက္ပါတယ္။

ေနာက္ဆုံး ၂၀၂၂ ဘ႑ာႏွစ္မွာ DRI (အိႏၵိယ) ကသိမ္းဆည္းရမိတဲ့ ႐ူပီး (၄၀၅) ကုေဋတန္ေၾကးရွိတဲ့ ေမွာင္ခိုေ႐ႊ (၈၃၃) ဂရမ္မွာလည္းျမန္မာ့ေ႐ႊကအမ်ားဆုံး ပါဝင္လာခဲ့ၿပီး (၃၇)ရာခိုင္ႏႈန္းအထိျမန္မာႏိုင္ငံကျဖစ္ေနတယ္လို႔ အိႏၵိယဘ႑ာေရးဝန္ႀကီးကေျပာပါတယ္။

ႏိုင္ငံတကာေလဆိပ္ေတြမွာေစာင့္ၾကည့္မႈေတြတိုးလာတာေၾကာင့္အေနာက္အာရွကေနတ႐ုတ္-ျမန္မာ-အိႏၵိယနယ္နမိတ္ကို ျဖတ္သန္းၿပီးကုန္လမ္းေၾကာင္းကေန ေျပာင္းလဲၿပီးေမွာင္ခိုတင္သြင္းေနၾကတာလို႔ဆိုပါတယ္။မဏိပူရျပည္နယ္နဲ႔ ျမန္မာနယ္စပ္ကျမန္မာႏိုင္ငံက ေ႐ႊေတြေမွာင္ခိုဝင္ေရာက္ေနတဲ့ အဓိကေနရာေတြျဖစ္ေၾကာင္း DRI ရဲ႕ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

အဓိကလမ္းေၾကာင္းႏွစ္ခုကို ေဖာ္ျပထားၿပီး ပထမလမ္းေၾကာင္းကမီဇိုရမ္ျပည္နယ္နဲ႔ အခ်ိတ္အဆက္ရွိတဲ့ မူဆယ္-မႏၲေလး-ကေလးဝ-တီးတိန္-ဇိုေခၚသာရ္ျဖစ္ၿပီး

ေနာက္တစ္လမ္းက မဏိပူရနဲ႔ အခ်ိတ္အဆက္ရွိတဲ့ မူဆယ္-မႏၲေလး-ကေလးဝ-တမူး-နမ္ဖာလုံ-မိုေရးလမ္းေၾကာင္းတို႔ ျဖစ္ပါတယ္။ေမာ္ေတာ္ယာဥ္ေတြထံကေန ေမွာင္ခိုေ႐ႊတင္သြင္းမႈရဲ႕ (၂၁) ရာခိုင္ႏႈန္းကို သိမ္းဆည္းရမိခဲ့ၿပီး ေ႐ႊဝယ္လိုအားႀကီးမားျခင္းနဲ႔သြင္းကုန္ခြန္ျမင့္မားျခင္းတို႔ကအိႏၵိယမွာေ႐ႊေမွာင္ခိုမႈရဲ႕အဓိကအေၾကာင္းအရင္းလည္းျဖစ္ေနပါတယ္။