ကံကောင်းပြီး လာဘ်ရွှင်တဲ့ ဇော်စိမ်းပင်များကို နေအိမ်မှာထားမယ်ဆို မဖြစ်မနေသိထားသင့်သောအချက်များ
ကံကောင်းပြီး လာဘ်ရွှင်တဲ့ ဇော်စိမ်းပင်များကို နေအိမ်မှာထားမယ်ဆို မဖြစ်မနေသိထားသင့်သောအချက်များ
ဇော်စိမ်းပင်ကိုအနောက်နိုင်ငံတွေမှာ Lucky Bamboo ဆိုပြီးကံကောင်းစေတဲ့ဝါးပင်လို့ခေါ်ပေမယ့်အမှန်တကယ်မှာတော့ဇော်စိမ်းပင်ဟာဝါးပင်မျိုးစစ်စစ်မဟုတ်သလိုDracaena မျိုးနွယ်ဝင်အပင်ပါ။
ဒါ့အပြင်နေအိမ်မှာဇော်စိမ်းပင်ထားမယ်ဆိုရင်အခုအရေအတွက်နဲ့ထားပေးရတယ်။
၁။အိမ်ထောင်ရေးအဆင်မပြေသူတွေနဲ့အချစ်ရေးအဆင်မပြေသူတွေအဖို့မိမိရဲ့အိပ်ယာနံဘေးမှာဇော်စိမ်းပင်လေး ၂ ပင်ကိုပူးထားရမယ်။
၂။ နေအိမ်မှာပြသနာလေးတွေတစ်ခုပြီးတစ်ခုဖြစ်နေခဲ့တယ်ဆိုရင်ဇော်စိမ်းပင်လေးကို ၃ ခုပူးပြီးထားရှိရမယ်။သုံးပင်ပူးထားရှိခြင်းဟာပျော်ရွှင်ဖွယ်ရာ တွေကိုဆောင်ကျဉ်းပေးပါလိမ့်မယ်။
၃။ဈေးဆိုင်ကန္နားတွေအတွက်ဆိုရင်တော့ငါးပင်အပူးစိုက်ပါ။ကြွယ်ဝချမ်းသာခြင်းကိုရရှိပါလိမ့်မယ်။
၄။လောင်းကစားလုပ်ငန်းလိုမျိုးကံအပေါ်အခြေခံ ပြုလုပ်ရသူတွေအဖို့တော့ ၆ ပင်ပူးစိုက်ပါ။
၅။ခုနှစ်ပင်ကတော့ကျန်းမာခြင်းကိုဖြစ်စေလို့ နေအိမ်သားတွေမကျန်းမာတဲ့အခါထားပေးပါ။
၆။လုပ်နေတဲ့လုပ်ငန်းဟာပညာရေးနဲ့စပ်ဆက်နေရင်တော့ ရှစ်ပင်ပူးပြီးစိုက်ပေးပါ။
၇။ကိုးပင်စိုက်ခြင်းကတော့ကြီးမားတဲ့ကံကောင်းခြင်းကိုရရှိစေပြီးဝယ်ရောင်းပွဲစားတွေစိုက်ပါ။
၈။ နေအိမ်တိုက်တာအဆောက်အဦးလုပ်ငန်းရှင်တွေအဖို့ဆယ်ပင်စိုက်ရမယ်။အဆောက်အဦးတွေဆောက်လုပ်ရတဲ့လုပ်ငန်းခွင်မှာထားပေးမယ်ဆို ရင်လုပ်ငန်းမြန်မြန်ပြီးမြောက်စေပါတယ်။
၉။တခိုးအာဏာအတွက်စစ်မှုထမ်းဝန်ထမ်းတွေအဖို့ ဆိုရင်တော့ ၂၁ ပင်ထားရှိပေးပါလို့အကြံပြုရင်း
ဇော်စိမ်းပင်တွေအကြောင်းဆောင်းပါးလေးကိုအဆုံးသတ်လိုက်ပါရစေ။
Zawgyi