ဆင်းရဲတယ်.. ချမ်းသာတယ်ဆိုတာ ဘာကို ရည်ညွှန်းတာလဲ…

ဆင်းရဲတယ်.. ချမ်းသာတယ်ဆိုတာ ဘာကို ရည်ညွှန်းတာလဲ…

တခါက အင်မတန်ချမ်းသာတဲ့ မိသားစုက ဖခင်ဖြစ်သူဟာ သားဖြစ်သူကို ခေါ်ပြီး… ဆင်းရဲတဲ့သူတွေဟာ ဘယ်လိုလဲဆိုတာကို သားဖြစ်သူကို သိစေချင်စိတ် ပြင်းပြစွာနဲ့ ပြသဖို့ရာ ကျေးလက်ဒေသ တခုကို

ခရီးထွက်ခဲ့ ကြပါတယ်။ သားအဖနှစ်ယောက်ဟာ… အင်မတန် ဆင်းရဲရှာတဲ့ မိသားစုတခုရဲ့ စိုက်ပျိုး မွေးမြူရေးခြံတခုမှာ နှစ်ရက်နှစ်ညတိုင်တိုင် နေပြီး ဆင်းရဲတယ်ဆိုတာ ဘာလဲသိအောင် နေခဲ့ကြ ပါတယ်။

အပြန်ခရီးမှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကို မေးပါတယ်… ” ခရီးထွက်လာခဲ့ရတာ ဘယ်လိုနေသလဲ ” လို့ မေးတဲ့အခါ.. သားဖြစ်သူက… “သိပ်ကောင်းတာပဲ ဖေဖေ” လို့ ဖြေပါတယ်။ “ဆင်းရဲသားတွေကို သားတွေ့ခဲ့ရတယ် မဟုတ်လား” လို့ မေးတော့…

” အိုး တွေ့တာပေါ့ဖေဖေ “လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။ ” ဒါဆိုရင် ဒီခရီးကနေ သားဘာတွေကို မြင်တွေ့သင်ယူလာခဲ့သလဲ” လို့ မေးတော့… သားဖြစ်သူက အခုလို ပြန်ဖြေ ပါတယ်… “သားတို့မှာ ခွေးတကောင် ရှိတယ်။

သူတို့မှာ ခွေးလေးကောင် ရှိတယ်။ သားတို့ ပိုင်တဲ့ ရေကန်က… သားတို့ ဥယျာဉ်အလယ်ထိအောင် ရှည်တယ်။ သူတို့ချောင်းက အဆုံးမရှိဘူး။ သားတို့မှာ ဝယ်တပ်ထားတဲ့ မီးအိမ်တွေ ရှိတယ်။ သူတို့မှာ ညဆိုရင် ကြယ်တွေ ရှိတယ်။

သားတို့ အိမ်ရှေ့ ဝရံတာက အိမ်အရှေ့ မျက်နှာဘက်ထိ ရောက်တယ်။ သူတို့အိမ်ရှေ့ မျက်နှာစာက မိုးကုပ်စက်ဝိုင်းထိအောင် ရောက်တယ်။ သားတို့ ပိုင်တဲ့ မြေကွက်က သေးတယ်။ သူတို့ ပိုင်တဲ့ လယ်ကွင်းတွေက..

မျက်စိ တဆုံး မကဘူး။ သားတို့မှာ လုပ်ကိုင်ပေးမယ့် အလုပ်သမားတွေ ငှားရတယ်။ သူတို့ကတော့ တယောက်ကို တယောက် လုပ်ကိုင် ဆောင်ရွက် ပေးကြတယ်။ သားတို့က အစားအစာကို ဝယ်စားရတယ်။ သူတို့က သူတို့ဘာသာ စိုက်ပျိုးစားသောက်တယ်။

သားတို့ပိုင်တဲ့ ပစ္စည်းတွေကို လေးဘက်လေးတန် နံရံတွေနဲ့ ကာကွယ် ထားရတယ်။ သူတို့ကို ကျတော့… သူတို့မိတ်ဆွေ တွေက ကာကွယ် ပေးကြတယ် ဖေဖေ ” သားဖြစ်သူရဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာတော့…

ဖခင်ဖြစ်သူဟာ စကားမပြောနိုင် ဖြစ်သွား ပါတော့တယ်။ သားက ထပ်ပြီး ပြောလိုက်သေးတယ်… ” သားတို့တွေ ဘယ်လောက် ဆင်းရဲတယ်ဆိုတာ သိအောင်လိုက်ပြပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ” တဲ့။

ပြောရရင်တော့… အကြိမ် တော်တော်များများမှာ ကျွန်တော်တို့ဟာ ကိုယ့်မှာ ရှိနေတာတွေကို မေ့လျော့ပြီး ကိုယ့်မှာ မရှိတာကိုပဲ အာရုံပြုနေလေ့ ရှိပါတယ်။ လူတယောက်အတွက် တန်ဖိုးမရှိတဲ့ အရာတခုဟာ…

ကျန်တဲ့ လူတယောက် အတွက်တော့… တန်ဖိုးဖြတ်ဖို့ ခက်တဲ့ပိုင်ဆိုင်မှု ဖြစ်နေတတ်ပါတယ်။ ဒါတွေ အားလုံးဟာ… လူတယောက်ရဲ့ အမြင်ပေါ်မှာပဲ အခြေပြုလေ့ ရှိပါတယ်။ ဒါကြောင့်… ကျွန်တော်တို့ တွေဟာ လိုချင်တာတွေအတွက် ပူပန်နေမယ့် အစား…

ကိုယ့်မှာ ရှိတာလေးတွေကို ကျေးဇူးတင်ကြည့်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာ တွေးတောပြီး ကိုယ့်ကိုယ်ကို အံ့သြ ကြည့်လိုက်စမ်းပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

ဆင္းရဲတယ္.. ခ်မ္းသာတယ္ဆိုတာ ဘာကို ရည္ညႊန္းတာလဲ…

တခါက အင္မတန္ခ်မ္းသာတဲ့ မိသားစုက ဖခင္ျဖစ္သူဟာ သားျဖစ္သူကို ေခၚၿပီး… ဆင္းရဲတဲ့သူေတြဟာ ဘယ္လိုလဲဆိုတာကို သားျဖစ္သူကို သိေစခ်င္စိတ္ ျပင္းျပစြာနဲ႔ ျပသဖို႔ရာ ေက်းလက္ေဒသ တခုကို

ခရီးထြက္ခဲ့ ၾကပါတယ္။ သားအဖႏွစ္ေယာက္ဟာ… အင္မတန္ ဆင္းရဲရွာတဲ့ မိသားစုတခုရဲ႕ စိုက္ပ်ိဳး ေမြးျမဴေရးၿခံတခုမွာ ႏွစ္ရက္ႏွစ္ညတိုင္တိုင္ ေနၿပီး ဆင္းရဲတယ္ဆိုတာ ဘာလဲသိေအာင္ ေနခဲ့ၾက ပါတယ္။

အျပန္ခရီးမွာေတာ့ ဖခင္ျဖစ္သူက သားျဖစ္သူကို ေမးပါတယ္… ” ခရီးထြက္လာခဲ့ရတာ ဘယ္လိုေနသလဲ ” လို႔ ေမးတဲ့အခါ.. သားျဖစ္သူက… “သိပ္ေကာင္းတာပဲ ေဖေဖ” လို႔ ေျဖပါတယ္။ “ဆင္းရဲသားေတြကို သားေတြ႕ခဲ့ရတယ္ မဟုတ္လား” လို႔ ေမးေတာ့…

” အိုး ေတြ႕တာေပါ့ေဖေဖ “လို႔ သားျဖစ္သူက ျပန္ေျဖပါတယ္။ ” ဒါဆိုရင္ ဒီခရီးကေန သားဘာေတြကို ျမင္ေတြ႕သင္ယူလာခဲ့သလဲ” လို႔ ေမးေတာ့… သားျဖစ္သူက အခုလို ျပန္ေျဖ ပါတယ္… “သားတို႔မွာ ေခြးတေကာင္ ရွိတယ္။

သူတို႔မွာ ေခြးေလးေကာင္ ရွိတယ္။ သားတို႔ ပိုင္တဲ့ ေရကန္က… သားတို႔ ဥယ်ာဥ္အလယ္ထိေအာင္ ရွည္တယ္။ သူတို႔ေခ်ာင္းက အဆုံးမရွိဘူး။ သားတို႔မွာ ဝယ္တပ္ထားတဲ့ မီးအိမ္ေတြ ရွိတယ္။ သူတို႔မွာ ညဆိုရင္ ၾကယ္ေတြ ရွိတယ္။

သားတို႔ အိမ္ေရွ႕ ဝရံတာက အိမ္အေရွ႕ မ်က္ႏွာဘက္ထိ ေရာက္တယ္။ သူတို႔အိမ္ေရွ႕ မ်က္ႏွာစာက မိုးကုပ္စက္ဝိုင္းထိေအာင္ ေရာက္တယ္။ သားတို႔ ပိုင္တဲ့ ေျမကြက္က ေသးတယ္။ သူတို႔ ပိုင္တဲ့ လယ္ကြင္းေတြက..

မ်က္စိ တဆုံး မကဘူး။ သားတို႔မွာ လုပ္ကိုင္ေပးမယ့္ အလုပ္သမားေတြ ငွားရတယ္။ သူတို႔ကေတာ့ တေယာက္ကို တေယာက္ လုပ္ကိုင္ ေဆာင္႐ြက္ ေပးၾကတယ္။ သားတို႔က အစားအစာကို ဝယ္စားရတယ္။ သူတို႔က သူတို႔ဘာသာ စိုက္ပ်ိဳးစားေသာက္တယ္။

သားတို႔ပိုင္တဲ့ ပစၥည္းေတြကို ေလးဘက္ေလးတန္ နံရံေတြနဲ႔ ကာကြယ္ ထားရတယ္။ သူတို႔ကို က်ေတာ့… သူတို႔မိတ္ေဆြ ေတြက ကာကြယ္ ေပးၾကတယ္ ေဖေဖ ” သားျဖစ္သူရဲ႕ အေျဖကို ၾကားလိုက္ရတဲ့ အခါမွာေတာ့…

ဖခင္ျဖစ္သူဟာ စကားမေျပာႏိုင္ ျဖစ္သြား ပါေတာ့တယ္။ သားက ထပ္ၿပီး ေျပာလိုက္ေသးတယ္… ” သားတို႔ေတြ ဘယ္ေလာက္ ဆင္းရဲတယ္ဆိုတာ သိေအာင္လိုက္ျပေပးတဲ့ ေဖေဖ့ကို ေက်းဇူးတင္ပါတယ္ ေဖေဖ” တဲ့။

ေျပာရရင္ေတာ့… အႀကိမ္ ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္တို႔ဟာ ကိုယ့္မွာ ရွိေနတာေတြကို ေမ့ေလ်ာ့ၿပီး ကိုယ့္မွာ မရွိတာကိုပဲ အာ႐ုံျပဳေနေလ့ ရွိပါတယ္။ လူတေယာက္အတြက္ တန္ဖိုးမရွိတဲ့ အရာတခုဟာ…

က်န္တဲ့ လူတေယာက္ အတြက္ေတာ့… တန္ဖိုးျဖတ္ဖို႔ ခက္တဲ့ပိုင္ဆိုင္မႈ ျဖစ္ေနတတ္ပါတယ္။ ဒါေတြ အားလုံးဟာ… လူတေယာက္ရဲ႕ အျမင္ေပၚမွာပဲ အေျချပဳေလ့ ရွိပါတယ္။ ဒါေၾကာင့္… ကြၽန္ေတာ္တို႔ ေတြဟာ လိုခ်င္တာေတြအတြက္ ပူပန္ေနမယ့္ အစား…

ကိုယ့္မွာ ရွိတာေလးေတြကို ေက်းဇူးတင္ၾကည့္လိုက္မယ္ဆိုရင္ ဘာေတြ ျဖစ္လာမလဲဆိုတာ ေတြးေတာၿပီး ကိုယ့္ကိုယ္ကို အံ့ၾသ ၾကည့္လိုက္စမ္းပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။