
Baba Vanga ရဲ့ 2023 ခုနှစ် အတွက် ဟောကိန်းတစ်ချို့…
ဘူလ်ဂေးရီးယား မျက်မမြင် ရှေ့ဖြစ်ဟော ဆရာမကြီး Baba Vanga ရဲ့ 2023 ခုနှစ် အတွက် ဟောကိန်းတစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
♦️ကမ္ဘာရဲ့ နေပတ်လမ်း ပြောင်းလဲသွားနိုင်ပြီး
အဲ့ဒီရဲ့ အကျိုးဆက်ကြောင့် ရာသီဥတု အပြောင်းအလဲ ဖြစ်ပေါ်ပြီး
ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်တဲ့….
♦️ နေမင်းကြီးကနေ အရင်က မတွေ့ကြုံဖူးတဲ့ ပမာဏနဲ့
နေမုန်တိုင်းတွေ တိုက်ခတ်လာနိုင်ပြီး ကမ္ဘာမြေပေါ်က
နည်းပညာပိုင်း၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ကဏ္ဍတွေမှာ
ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်….
♦️ နိုင်ငံကြီးတစ်ချို့က ဇီဝလက်နက်တွေကို တရားမဝင်
စမ်းသပ်မှုကြောင့် လူအများအပြား ထိခိုက်သေဆုံးမှု
ဖြစ်ပေါ်လာပါလိမ့်မယ်တဲ့….
♦️ နြူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကို ကြုံတွေ့ရပါမယ်တဲ့….
♦️ သဘာဝအတိုင်း ကလေးမွေးဖွားခြင်းများကို တားမြစ်လာနိုင်ပြီး
လူသားတွေကို ဓာတ်ခွဲခန်းတွေထဲမှာ ဖန်တီး ယူလာကြပါလိမ့်မယ်။
လူသားတွေကို လိုသလိုပုံသွင်း ယူပြီးမှ မွေးဖွားကြပါလိမ့်မယ်တဲ့….
သူ့ဟောကိန်းတွေ အရင်ကလည်း မှန်တဲ့ဟာတွေတစ်ချို့
ရှိခဲ့တော့ အခုလည်း စောင့်ကြည့်ရတာပေါ့….
Zawgyi