မိန်းမ ၁၂ ယောက်ယူပြီး သားသမီး ၁၀၂ ယောက်၊ မြေး ၅၀၀ ကျော်နဲ့ ယူဂန်ဒါလယ်သမားမိသားစုစားဝတ်နေရေးခက်ခဲနေ

မိန်းမ ၁၂ ယောက်ယူထားပြီး သားသမီး ၁၀၂ ဦးနဲ့ မြေး ၅၆၈ ဦးအထိ ရှိလာတဲ့ ယူဂန်ဒါ လယ် သမား တစ်ဦးရဲ့ မိသားစုကြီးက တိုးပွားလာတဲ့ မိသားစုဝင်ဦးရေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက် တယ် လို့ သိရပါတယ်။

အသက် ၆၇ နှစ်အရွယ် လယ်သမား မူဆာ ဟာရှာယာဟာ အခုအခါ ဇနီးသည် တွေ အနေနဲ့ အစားအသောက်ကုန်ကျစရိတ်၊ ငွေကြေးကုန်ကျစရိတ်ချွေတာနိုင်ဖို့ သန္ဓေတား ဆေး တွေသုံးကြဖို့ တောင်းဆိုထားပါတယ်။

“ လူနေမှုစရိတ်တိုးလာတာကြောင့် ကျွန်တော့ရဲ့ ဝင်ငွေက တစ်နှစ်တစ်နှစ် နည်းပါးလာပါတယ်။ ကျွန်တော့ရဲ့ မိသားစုကလည်း ကြီးလာပါတယ်” လို့ မူဆာ ဟာရှာယာက ဆိုပါတယ်။ “ ကျွန်တော် မိန်းမ တစ်ယောက်ပြီး တစ်ယောက်ကို လက်ထပ်တယ်။ အမျိုးသားတစ်ယောက်က ဘယ်လိုလုပ် အမျိုးသမီးတစ်ယောက်တည်းနဲ့ ကျေနပ်နိုင်မှာလဲ” လို့ The Sun သတင်းသို့ ပြောပြခဲ့ပါတယ်။

မစ္စတာ မူဆာနဲ့ သူ့ မိသားစုကြီးဟာ ယူဂန်ဒါနိုင်ငံ၊ လူဆာကာမှာ နေထိုင်ကြတာဖြစ်ပြီး အဲ့ဒီမှာ ဇနီးသည်အ များအပြားယူခြင်းက တရားဝင်ဖြစ်တယ်လို့ သိရပါတယ်။ မူဆာ ဟာ သူ့ရဲ့ ဇနီးမယား တွေအားလုံးက တခြားယောကျာ်းတွေနဲ့ ခိုးယူပေါင်းသင်းခြင်းကနေ တားမြစ်နိုင်ဖို့ တစ်အိမ်တည်း မှာပဲ အတူနေစေတယ်လို့ ဆိုပါတယ်။ “ ကျွန်တော့ ဇနီးသည်တွေအားလုံးကို တစ်အိမ်တည်းမှာပဲ ထားတယ်။ အဲ့ဒါမှာ သူတို့က ဒီရွာက ယောကျာ်းသားတွေနဲ့ ဖောက်ပြန်မှာကို တားဆီးစောင့်ကြည့် လို့ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မစ္စတာ မူဆာရဲ့ အသက် ၆ နှစ်ကနေ ၅၁ နှစ်ကြားရှိ သားသမီး ၃ ပုံ ၁ ပုံက သူနဲ့ အတူ ခြံထဲမှာ အတူနေထိုင်ပြီး သားအကြီးဆုံးမှာ မူဆာ ယူထားတဲ့ အငယ်ဆုံးဇနီးသည်ထက် အသက် ၂၁ နှစ် ပိုကြီးတယ်လို့ သိရပါတယ်။

“ ကျွန်မက ကလေး ၁၁ ယောက်မိခင်ပါ။ အခု ကလေးတွေ ထပ်ယူဖို့ အစီအစဉ်မရှိတော့ဘူး။ ငွေကြေးအခက်အခဲကြောင့် ကိုယ်ဝန်တားဆေးတွေ သောက်နေပါတယ်” လို့ အငယ်ဆုံးဇနီးသည် ဇူလိုင်ကာ က ပြောကြားခဲ့ပါတယ်။
crd

Zawgyi

မိန္းမ ၁၂ ေယာက္ယူထားၿပီး သားသမီး ၁၀၂ ဦးနဲ႔ ေျမး ၅၆၈ ဦးအထိ ရွိလာတဲ့ ယူဂန္ဒါ လယ္ သမား တစ္ဦးရဲ႕ မိသားစုႀကီးက တိုးပြားလာတဲ့ မိသားစုဝင္ဦးေရကို ရပ္တန႔္ဖို႔ ဆုံးျဖတ္လိုက္ တယ္ လို႔ သိရပါတယ္။

အသက္ ၆၇ ႏွစ္အ႐ြယ္ လယ္သမား မူဆာ ဟာရွာယာဟာ အခုအခါ ဇနီးသည္ ေတြ အေနနဲ႔ အစားအေသာက္ကုန္က်စရိတ္၊ ေငြေၾကးကုန္က်စရိတ္ေခြၽတာႏိုင္ဖို႔ သေႏၶတား ေဆး ေတြသုံးၾကဖို႔ ေတာင္းဆိုထားပါတယ္။

“ လူေနမႈစရိတ္တိုးလာတာေၾကာင့္ ကြၽန္ေတာ့ရဲ႕ ဝင္ေငြက တစ္ႏွစ္တစ္ႏွစ္ နည္းပါးလာပါတယ္။ ကြၽန္ေတာ့ရဲ႕ မိသားစုကလည္း ႀကီးလာပါတယ္” လို႔ မူဆာ ဟာရွာယာက ဆိုပါတယ္။ “ ကြၽန္ေတာ္ မိန္းမ တစ္ေယာက္ၿပီး တစ္ေယာက္ကို လက္ထပ္တယ္။ အမ်ိဳးသားတစ္ေယာက္က ဘယ္လိုလုပ္ အမ်ိဳးသမီးတစ္ေယာက္တည္းနဲ႔ ေက်နပ္ႏိုင္မွာလဲ” လို႔ The Sun သတင္းသို႔ ေျပာျပခဲ့ပါတယ္။

မစၥတာ မူဆာနဲ႔ သူ႔ မိသားစုႀကီးဟာ ယူဂန္ဒါႏိုင္ငံ၊ လူဆာကာမွာ ေနထိုင္ၾကတာျဖစ္ၿပီး အဲ့ဒီမွာ ဇနီးသည္အ မ်ားအျပားယူျခင္းက တရားဝင္ျဖစ္တယ္လို႔ သိရပါတယ္။ မူဆာ ဟာ သူ႔ရဲ႕ ဇနီးမယား ေတြအားလုံးက တျခားေယာက်ာ္းေတြနဲ႔ ခိုးယူေပါင္းသင္းျခင္းကေန တားျမစ္ႏိုင္ဖို႔ တစ္အိမ္တည္း မွာပဲ အတူေနေစတယ္လို႔ ဆိုပါတယ္။ “ ကြၽန္ေတာ့ ဇနီးသည္ေတြအားလုံးကို တစ္အိမ္တည္းမွာပဲ ထားတယ္။ အဲ့ဒါမွာ သူတို႔က ဒီ႐ြာက ေယာက်ာ္းသားေတြနဲ႔ ေဖာက္ျပန္မွာကို တားဆီးေစာင့္ၾကည့္ လို႔ရမွာပါ” လို႔ ေျပာျပခဲ့ပါတယ္။

မစၥတာ မူဆာရဲ႕ အသက္ ၆ ႏွစ္ကေန ၅၁ ႏွစ္ၾကားရွိ သားသမီး ၃ ပုံ ၁ ပုံက သူနဲ႔ အတူ ၿခံထဲမွာ အတူေနထိုင္ၿပီး သားအႀကီးဆုံးမွာ မူဆာ ယူထားတဲ့ အငယ္ဆုံးဇနီးသည္ထက္ အသက္ ၂၁ ႏွစ္ ပိုႀကီးတယ္လို႔ သိရပါတယ္။

“ ကြၽန္မက ကေလး ၁၁ ေယာက္မိခင္ပါ။ အခု ကေလးေတြ ထပ္ယူဖို႔ အစီအစဥ္မရွိေတာ့ဘူး။ ေငြေၾကးအခက္အခဲေၾကာင့္ ကိုယ္ဝန္တားေဆးေတြ ေသာက္ေနပါတယ္” လို႔ အငယ္ဆုံးဇနီးသည္ ဇူလိုင္ကာ က ေျပာၾကားခဲ့ပါတယ္။
crd